Connect with us

Politics, Law & Military

ဆင်ဟွာ၊ UNOSSC တို့အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး

ဆင်ဟွာသတင်းအေဂျင်စီ အယ်ဒီတာချုပ် ဟဲဖိန် (ယာ) နှင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး၏ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများဆိုင်ရာ အထူးသံတမန်နှင့် UNOSSC ၏ ညွှန်ကြားရေးမှူး Jorge Chediek တို့အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၃၀ ရက် (ဆင်ဟွာ)

ဆင်ဟွာသတင်းအေဂျင်စီနှင့် ကမ္ဘာ့တောင်ဘက်ခြမ်း ဖွံ့ဖြိုးဆဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကုလသမဂ္ဂရုံး (UNOSSC) တို့အကြား ပူးပေါင်းဆောင်ရွက်ရန် တရုတ်နိုင်ငံ ပေကျင်းမြို့တွင် မေလ ၂၉ ရက်က နားလည်မှုစာချွန်လွှာရေးထိုးခဲ့ကြောင်း သိရသည်။

ဆင်ဟွာသတင်းအေဂျင်စီ အယ်ဒီတာချုပ် ဟဲဖိန်နှင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး၏ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများဆိုင်ရာ အထူးသံတမန်နှင့် UNOSSC ၏ ညွှန်ကြားရေးမှူး Jorge Chediek တို့ လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

“ကမ္ဘာပေါ်ရှိ အကြီးဆုံးဖွံ့ဖြိုးဆဲနိုင်ငံများအဖြစ် တရုတ်နိုင်ငံက တက်ကြွစွာ ထောက်ခံသူနှင့် အရေးကြီးတဲ့ ပါဝင်သူနိုင်ငံ တစ်နိုင်ငံဖြစ်ပါတယ်” လို့ ဆင်ဟွာသတင်းအေဂျင်စီ အယ်ဒီတာချုပ် ဟဲဖိန်က ပြောခဲ့သည်။

ဟဲက နှစ်ဦးနှစ်ဘက် ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍသစ်ဖွင့်လှစ်ရန် အခွင့်အလမ်းတစ်ခုအဖြစ် နားလည်မှုစာချွန်လွှာကို နှစ်ဘက် အသုံးပြုသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Jorge Chediek ကလည်း တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုနှင့် ဆင်းရဲနွမ်းပါးမှု လျော့ပါးရေးနှင့် ခေတ်နှင့်အမီ လုပ်ဆောင်ခြင်းအတွက် ချီးကျူးပြောလိုက်သည်။

တရုတ်နိုင်ငံနှင့် တောင်ဘက်ခြမ်းနိုင်ငံများ၏ ကြွယ်ဝချမ်းသာမှုကို ကမ္ဘာအား ပြသရာတွင် ဆင်ဟွာ၏ အခန်းကဏ္ဍ မြင့်မားစွာတည်ရှိကြောင်း Chediek က ပြောကြားခဲ့သည်။

ဆင်ဟွာအား အရေးကြီးသော မဟာဗျူဟာမြောက် မိတ်ဖက်အဖြစ် ရှုမြင်ကြောင်းနှင့် ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရန်နှင့် ကောင်းမွန်စေရန် ဆောင်ရွက်ရေး အသင့်ရှိကြောင်း ဟဲက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.