Connect with us

Politics, Law & Military

တရုတ် နိုင်ငံ ဝန်ကြီးချုပ် နှင့် ဖိလစ်ပိုင် နိုင်ငံ သမ္မတ တို့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ပြီး သတင်းစာရှင်းလင်းပွဲ ကျင်းပ

တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် နှင့် ဖိလစ်ပိုင် နိုင်ငံ သမ္မတ ဒူတာတေး တွေ့ဆုံ ခဲ့စဉ်(ဆင်ဟွာ)

မနီလာ ၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် နှင့် ဖိလစ်ပိုင် နိုင်ငံ သမ္မတ ဒူတာတေး တို့သည် နိုဝင်ဘာ ၁၅ ရက်နေ့ ညနေပိုင်းအချိန်တွင် ဖိလစ်ပိုင် နိုင်ငံ သမ္မတ ရုံး၌ တွေ့ဆုံဆွေးနွေးမှု တစ်ရပ်ပြုလုပ်ခဲ့ပြီး တွေ့ဆုံမှု အပြီးတွင် အတူတကွ သတင်းစာရှင်းလင်းပွဲ ပြုလုပ် ခဲ့သည်။

သတင်းစာရှင်းလင်းပွဲ တွင် တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် က တရုတ်-ဖိလစ်ပိုင် နှစ်နိုင်ငံ သည် အိမ်နီးချင်း မိတ်ဆွေနိုင်ငံများဖြစ်ကြပြီး နှစ်နိုင်ငံ ပြည်သူလူထု အကြားချစ်ကြည်ဆက်ဆံရေးမှာလည်း သမိုင်းကြောင်းရှည်လျားစွာ တည်ရှိခဲ့ကြောင်း ၊ နှစ်နိုင်ငံ ပြည်သူလူထု အနေဖြင့် ချစ်ကြည်ဆက်ဆံရေး ကို ဆက်လက်ထိန်းသိမ်းသွာလိုပြီး အတူတကွ လှပသည့် အနာဂတ် ဖန်တီးလိုသည့် စိတ်သဘောထားမှာလည်း မည်သည့် အချိန်မှ ပြောင်းလဲ ခဲ့ခြင်းမရှိကြောင်း ၊ တရုတ်-ဖိလစ်ပိုင် နှစ်နိုင်ငံ သည် ဖွံ့ဖြိုးဆဲ နိုင်ငံများဖြစ်ကြပြီး ပြည်သူလူထု တို့၏ လူနေမှု ဘဝ ဖွံ့ဖြိုးတိုးတက်ရန် တာဝန်များကို ကိုယ်စီထမ်းဆောင်ထားကြောင်း ၊ လက်ရှိချိန်တွင် နှစ်နိုင်ငံ မှ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများ အတိုင်းအတာ ကြီးမားစွာ တိုးမြှင့်နိုင်ခဲ့ပြီး ဖိလစ်ပိုင် နိုင်ငံ ၏ အကြီးစား အခြေခံအဆောက်အအုံ တည်ဆောက်မှုများတွင်လည်း တရုတ် နိုင်ငံ က ပူးပေါင်းပါဝင်ခဲ့ကြောင်း ၊ ထို့ပြင် အနာဂတ် ၅ နှစ်မှ ၁၀ နှစ် အတွင်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် များကို ဆွေးနွေးသွားရန် နှစ်နိုင်ငံ စလုံးက အဆိုပြုထောက်ခံခဲ့ကြပြီး အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်း သို့ တရုတ်-ဖိလစ်ပိုင် နှစ်နိုင်ငံ ဆက်ဆံရေး မှာ အဆက်အပြတ် တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်နေသည့် အချက်ကို သက်သေပြနိုင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

ဖိလစ်ပိုင် နိုင်ငံ သမ္မတ ဒူတာတေး က တရုတ် နိုင်ငံ ဝန်ကြီးချုပ် ၏ ဖိလစ်ပိုင် နိုင်ငံ သို့ လာရောက်လည်ပတ် သည့် ခရီးစဉ် သည် နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် အလွန်အရေးပါသည့် ခရီးစဉ် တစ်ခု ဖြစ်ကြောင်း ၊ ဖိလစ်ပိုင် နိုင်ငံ အနေဖြင့် နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်သည့် ဦးတည်ရာသို့ ပြောင်းလဲ နိုင်ခဲ့သည့် အတွက် ဝမ်းမြောက် မိကြောင်း ၊ နှစ်နိုင်ငံ ကဏ္ဍအသီးသီး ရှိ ပူးပေါင်းဆောင်ရွက်မှု များတွင် ကနဦးပိုင်း အောင်မြင်မှုများ ရရှိလာသည် ကို တွေ့ရှိရသည့် အတွက် ဝမ်းမြောက်မိကြောင်း ၊ တရုတ် နိုင်ငံ ၏ ဖိလစ်ပိုင် နိုင်ငံ မှ အိမ်ရှင်အဖြစ်ဆောင်ရွက်ခဲ့သည့် အရှေ့အာရှ ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ ခေါင်းဆောင်များ အစည်းအဝေး ကို ထောက်ခံခဲ့သည့် အတွက် ကျေးဇူးတင်ရှိကြောင်း ၊ ဖိလစ်ပိုင် နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့် အတူတကွ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု နှင့် ဖလှယ်မှု ကို တိုးမြှင့်သွားလိုပြီး ဆက်လက်၍ အပြန်အလှန် လေးစားမှု ထားရှိခြင်း ၊ တန်းတူညီမျှပြီး အပြန်အလှန် အကျိုးဖြစ်ထွန်းသည့် ပူးပေါင်းဆောင်ရွက်မှု များပြုလုပ်ခြင်း တို့ဖြင့် နှစ်နိုင်ငံ ပြည်သူလူထု ကို ပိုမို အကျိုးဖြစ်ထွန်းသွားစေလိုကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.