Connect with us

Politics, Law & Military

တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် နှင့် ဟန်ဂေရီ နိုင်ငံ သမ္မတ ဂျာနို့စ် အက်ဒါ တို့ တွေ့ဆုံဆွေးနွေး


ဘူဒါပက် ၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် နှင့် ဟန်ဂေရီ နိုင်ငံ သမ္မတ ဂျာနို့စ် အက်ဒါ တို့က နိုဝင်ဘာ ၂၉ ရက်နေ့ နံနက်ပိုင်း အချိန်တွင် ဘူဒါပက် မြို့ရှိ သမ္မတ ရုံးတွင် တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ပြုလုပ်ခဲ့သည်။

တွေ့ဆုံဆွေးနွေးမှု အတွင်း တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် က တရုတ်-ဟန်ဂေရီ နှစ်နိုင်ငံ ချစ်ကြည်ဆက်ဆံရေး သည် သမိုင်းကြောင်းရှည်လျား ပြီး ယခု ချိန်ထိ တက်ကြွစွာ တည်ရှိနေကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် ၁၉၄၉ ခုနှစ် အောက်တိုဘာလ တွင် သံတမန် ဆက်ဆံရေး စတင်ထူထောင်ခဲ့ပြီး အပြန်အလှန် လေးစားမှု ၊ တန်းတူညီမျှ ဆက်ဆံခြင်း ၊ နိုင်ငံရေး အရ အပြန်အလှန် ယုံကြည်ခြင်း ၊ ကဏ္ဍစုံ နက်ရှိုင်းစွာ ပူးပေါင်းဖလှယ်ခြင်း တို့ဖြင့် နှစ်နိုင်ငံ ဆက်ဆံရေး နှင့် ပူးပေါင်းဆောင်ရွက်မှု ကို အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ဟန်ဂေရီ နိုင်ငံ နှင့် အတူ နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ ကို ချိတ်ဆက်သွားလိုပြီး လက်တွေ့ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်သည့် အခန်းကဏ္ဍသစ် သို့ ရောက်ရှိအောင် ဆောင်ရွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် နှင့် ဟန်ဂေရီ နိုင်ငံ သမ္မတ ဂျာနို့စ် အက်ဒါ တို့ တွေ့ဆုံစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် နှင့် ဟန်ဂေရီ နိုင်ငံ သမ္မတ ဂျာနို့စ် အက်ဒါ တို့ တွေ့ဆုံစဉ်(ဆင်ဟွာ)

ဟန်ဂေရီ နိုင်ငံ သမ္မတ ဂျာနို့စ် အက်ဒါ က နှစ်နိုင်ငံ ဆက်ဆံရေး သည် ကာလတစ်လျှောက် အနီးကပ် ဆက်ဆံရေး ထားရှိခြင်း ကို ထိန်းသိမ်းသွား နိုင်ခဲ့ပြီး ချစ်ကြည်ပူးပေါင်းဆောင်ရွက်မှု သည်လည်း တစ်နေ့တစ်ခြား ပိုမို နက်ရှိုင်းလာကြောင်း ၊ တရုတ် နိုင်ငံ ဝန်ကြီးချုပ် ၏ ခရီးစဉ် အတွင်း နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေး နှင့် ပူပေါင်းဆောင်ရွက်ရေး တို့အတွက် အရေးပါသည့် သဘောတူညီမှု အသစ်များ ရရှိနိုင်ခဲ့ကြောင်း ၊ ဟန်ဂေရီ နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့် ပူးပေါင်းဆောင်ရွက်မှု ကို တိုးမြှင့်သွားလိုပြီး နိုင်ငံတကာ ကိစ္စရပ်များတွင် အနီးကပ် ဆက်သွယ်ညှိနှိုင်းမှုများ ထားရှိကာ နှစ်နိုင်ငံ ဆက်ဆံရေး နှင့် “16+1 ပူးပေါင်းဆောင်ရွက်မှု” တို့ကို ပိုမို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။

ထို့နောက်တွင် နှစ်နိုင်ငံ မှ ရာသီဥတုပြောင်းလဲမှု ပြဿနာ နှင့် သဘောထား အမြင်များကို ဖလှယ် ခဲ့ကြပြီး နိုင်ငံတကာ အသိုင်းအဝိုင်း ပူးပေါင်းဆောင်ရွက်မှု ကို တွန်းအားပေး ဆောင်ရွက်ပြီး ရာသီဥတု ပြောင်းလဲခြင်း စိန်ခေါ်မှု ကို အတူတကွ ရင်ဆိုင်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည် ဟု သိရှိခဲ့ရသည်။(Xinhua)