Connect with us

Politics, Law & Military

လေကြောင်းနှင့် ပင်လယ် ရေကြောင်းဆိုင်ရာ ဆက်သွယ်ရေး လုပ်ထုံးလုပ်နည်း ဆွေးနွေးမှု အစောဆုံး စတင်နိုင်ရန် တရုတ်၊ ဂျပန် သဘောတူ

တရုတ်နိုင်ငံ အလံနှင့် ဂျပန် နိုင်ငံ အလံ အားတွေ့ရစဉ် (ဆင်ဟွာ)

ရှီမန်၊ ဖူကျန်း၊ ဒီဇင်ဘာလ ၉ ရက် (ဆင်ဟွာ)

ပင်လယ်ရေကြောင်း ရေးရာဆိုင်ရာ လေးကြိမ်မြောက် အဆင့်မြင့် အကြံပေး အစည်းအဝေးတွင် လေကြောင်း နှင့် ပင်လယ် ရေကြောင်းဆိုင်ရာ အဆက်အသွယ် လုပ်ထုံး လုပ်နည်းများအား အစောဆုံး စတင်နိုင်ရန် ဆက်လက် ဆွေးနွေးမှု ပြုလုပ်ရန် တရုတ်နိုင်ငံနှင့် ဂျပန် နိုင်ငံတို့ သဘောတူလိုက်သည်။

နှစ်နိုင်ငံ ကာကွယ်ရေး ဋ္ဌာနများက ယင်း ကိစ္စများအား ဆွေးနွေးခဲ့ကြပြီး ထိုဆွေးနွေးမှုများအား ရှေ့ဆက်ရန် လည်း သဘောတူခဲ့ကြသည်။ ထို့ပြင် နှစ်နိုင်ငံ ကာကွယ်ရေး ဋ္ဌာန တာဝန်ရှိသူများသည် အမြင်ချင်းဆိုင်ရာ ဖလှယ်ခဲ့ကြကြောင်း ဒီဇင်ဘာလ ၈ ရက် ညနေပိုင်းက နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနက သတင်း ထုတ်ပြန်ချက်အရ သိရသည်။

နှစ်နိုင်ငံ ဆိုင်ရာ နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ ပို့ဆောင်ရေး၊ လုံခြုံရေး၊ စိုက်ပျိုးရေး၊ သဘာဝ ပတ်ဝန်းကျင်၊ စွမ်းအင်နှင့် ရေပေါ် ရေအောက် ကုန်ထုတ်လုပ်မှု ဆိုင်ရာ နှစ်နိုင်ငံ ဝန်ကြီးများ တက်ရောက် ဆွေးနွေးကြမည် ဖြစ်ပြီး တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖူကျန်း ပြည်နယ်တွင် ဒီဇင်ဘာလ ၇ ရက်မှ ၈ ရက်အထိ ပြုလုပ်ခဲ့သည်။

နိုင်ငံရေးနှင့် ဥပဒေ၊ ပင်လယ်ရေကြောင်းနှင့် ကာကွယ်ရေး၊ ပင်လယ် ရေကြောင်းဆိုင်ရာ ဥပဒေ အတည်ပြုရေး နှင့် လုံခြုံရေးနှင့် ပင်လယ် ရေကြောင်း စီးပွားရေး စသည့် ကဏ္ဍများတွင် လုပ်ငန်းအဖွဲ့ လေးဖွဲ့က သီးသန့်ဆွေး နွေးပွဲများနှင့် မျက်နှာစုံညီ အစည်းအဝေးများဖြင့် ဆွေးနွေးခဲ့ကြသည်။

အရှေ့တရုတ် ပင်လယ် အရေးနှင့် ပင်လယ်ရေကြောင်း ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ အသေးစိတ် နည်းလမ်းများအား နှစ်ဘက်လုံးမှ ဆွေးနွေးခဲ့ကြောင်း သတင်း ထုတ်ပြန်ချက်က ဆိုသည်။

တရုတ် ပြည်သူ့ လုံခြုံရေး ဝန်ကြီးဋ္ဌာနနှင့် ဂျပန် ပင်လယ်ရေကြောင်း လုံခြုံရေး ဋ္ဌာနတို့သည် မှောင်ခိုကူးခြင်း၊ လူမှောင်ခိုကူးခြင်းနှင့် ဆေးဝါး တရားမဝင် ကုန်ကူးခြင်းစသည့် နယ်စပ်ဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးတွင် ခိုင်မာစွာ ပူးပေါင်းဆောင်ရွက်ကြရန် သဘောတူခဲ့ကြသည်။

တရုတ်နိုင်ငံ ပင်လယ် ကမ်းရိုးတန်း စောင့်ကြပ်ရေး ဋ္ဌာနနှင့် ဂျပန် ပင်လယ်ရေကြောင်း လုံခြုံရေး ဋ္ဌာနတို့က လည်း ပြည်သူ အချင်းချင်း ဖလှယ်ခြင်းများမှ တဆင့် ဆက်သွယ်ရေးနှင့် နှစ်ဦးနှစ်ဘက် ယုံကြည်မှု ခိုင်မာစေ ရေး သဘောတူခဲ့ကြသည်။

ထို့ပြင် ပင်လယ်ရေကြောင်း ဆက်စပ် မူဝါဒများနှင့် ဥပဒေများ၊ ယင်းသို့ အလေးထားမှုများ အတွင်း ဆွေးနွေးမှုနှင့် ဆက်သွယ်ရေး တိုးတက် လာစေရေး၊ ပင်လယ်နေ သက်ရှိ သတ္တဝါများ ကာကွယ်ရေးနှင့် စွန့်ပစ် အမှိုက်များ စီမံခန့်ခွဲရေး စသည်တို့ကို နှစ်နိုင်ငံလုံးက ဆက်လက်ဆွေးနွေးခဲ့ကြသည်။ အရင်းအမြစ် ဖွံ့ဖြိုးမှု ဆိုင်ရာ အမြင်များကိုလည်း ဖလှယ်ခဲ့ကြသည်။

နှစ်နိုင်ငံ ပင်လယ်ရေကြောင်း ရှာဖွေရေးနှင့် ကယ်ဆယ်ရေး သဘောတူညီမှုအား ဆောလျှင်စွာ လက်မှတ်ရေး ထိုးရေး ဆွေးနွေးရန်နှင့် လာမည့်နှစ် ပထမနှစ်ဝက်တွင် ငါးကြိမ်မြောက် ပင်လယ် ရေကြောင်းဆိုင်ရာ ဆွေးနွေးမှု ပြုလုပ်ရန် သဘောတူခဲ့ကြောင်း သတင်းစာထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)