Connect with us

Politics, Law & Military

တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးပိုမိုကောင်းမွန်ရန် နှစ်ဖက်စလုံးအကျိုးအမြတ်ရရှိစေမည့် win- win ပူးပေါင်းဆောင်ရွက်မည်

တရုတ်သမ္မတ ရှီကျင့်ဖိန် နှင့် မြန်မာသမ္မတ ဦးထင်ကျော် တို့ အား ၎င်းတို့ ၏ ဇနီးများနှင့်အတူ အမှတ်တရဓာတ်ပုံ ရိုက်ကူးနေစဉ်(ဆင်ဟွာ)

ပေကျင်း, ဧပြီ ၁၀ ရက်(ဆင်ဟွာ)

တရုတ် – မြန်မာ နှစ်နိုင်ငံဆက်ဆံရေး တည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်စေရန် နှင့် စဉ်ဆက်မပြတ် ကောင်းမွန်စေရေးကို တွန်းအားပေးရန် နှစ်ဖက်စလုံးအကျိုးအမြတ်ရရှိစေမည့် win-win ပူးပေါင်းဆောင်ရွက်ခြင်းနှင့် အပြန်အလှန်လေးစားမှု စည်းမျဉ်းများကို ကိုင်ဆွဲသွားကြရန် ဧပြီလ ၁၀ ရက်တွင် သဘောတူညီခဲ့ကြောင်း သိရသည်။

ခေတ်သစ်ပိုးလမ်းမကြီးအား မြန်မာနိုင်ငံက ထောက်ခံခြင်းနှင့် ပူးပေါင်းပါဝင်းခြင်းအတွက် တရုတ်နိုင်ငံက ဂုဏ်ယူပါကြောင်းကို မြန်မာသမ္မတဦးထင်ကျော် နှင့်ဆွေးနွေးစဉ် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။တရုတ်နိုင်ငံအနေဖြင့်မြန်မာနိုင်ငံနှင့်နယ်စပ်စီးပွားရေးဇုန်ပူးပေါင်းဆောင်ရွက်မှုအပါအဝင် ငွေရေးကြေးရေး၊ လျှပ်စစ်၊ ရေအရင်းအမြစ်စီမံခန့်ခွဲမှု ၊ စိုက်ပျိုးရေး ၊ စွမ်းအင် ၊ အခြေခံအဆောက်အအုံ၊ ရင်းနှီးမြှုပ်နှံမှု နှင့် ကုန်သွယ်ရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများကို တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် တရုတ်မြန်မာ နှစ်နိုင်ငံ မဟာဗျူဟာမြောက်ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သမ္မတရှီက ပြောကြားခဲ့သည်။

တရုတ်သမ္မတရှီကျင့်ဖိန် နှင့် မြန်မာသမ္မတ ဦးထင်ကျော် တို့အား အတူတကွတွေ့ရစဉ်(ဆင်ဟွာ)

တရုတ်သမ္မတရှီကျင့်ဖိန် နှင့် မြန်မာသမ္မတ ဦးထင်ကျော် တို့အား အတူတကွတွေ့ရစဉ်(ဆင်ဟွာ)

” ကျောက်ဖြူအထူးစီးပွားရေးဇုန် န့ဲ ဆက်စပ်စီမံကိန်းတွေလိုမျိုး အဓိက ပူးပေါင်းဆောင်ရွက်မှုကဏ္ဍတွေကို အကောင်အထည်ဖော်ဖို့တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့အတူတကွ လုပ်ဆောင်သွားမှာပါ ” ဟု ရှီက ဆိုသည်။ မြန်မာနိုင်ငံသမ္မတ ဦးထင်ကျော်က တရုတ်တစ်နိုင်ငံတည်း မူဝါဒကို လက်ကိုင်ထားကြောင်းနှင့် ထောက်ခံပါကြောင်း ၊ ခေတ်သစ်ပိုးလမ်းမကြီးတွင် ပါဝင်ရန်ဆန္ဒရှိပါကြောင်း ၊ နယ်စပ်စီးပွားပူးပေါင်းဆောင်ရွက်မှုဇုန် နှင့် အခြေခံအဆောက်အအုံပိုင်း ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန် ဆန္ဒရှိပါကြောင်း ပြောကြားခဲ့သည်။ မြန်မာသမ္မတဦးထင်ကျော်သည် တရုတ်သမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ ဧပြီလ ၆ ရက်မှ ၁၁ ရက်ထိ ၆ ရက်ကြာ တရားဝင် ချစ်ကြည်ရေးခရီးစဉ် အဖြစ် တရုတ်နိုင်ငံသို့ရောက်ရှိနေသည်။ သမ္မတ ဦးထင်ကျော်နှင့်အတူ မြန်မာနိုင်ငံ၏ စီးပွားရေး နှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနများမှ ဝန်ကြီးများအပါအဝင် ကိုယ်စားလှယ်အဖွဲ့ဝင် ၃၀ ကျော် လိုက်ပါလာကြောင်း သိရသည်။(xinhua)