Connect with us

Politics, Law & Military

တရုတ် နိုင်ငံ သမ္မတ ၏ အထူး သံတမန် ၊ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး နှင့် ရုရှား နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး တို့ တွေ့ဆုံ ဆွေးနွေး

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ နှင့် ရုရှား နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Sergey Lavrov တို့ က ဧပြီလ ၅ ရက်နေ့ တွင် တွေ့ဆုံ ခဲ့စဉ်(ဆင်ဟွာ)

မော်စကို ၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၏ အထူး သံတမန် ၊ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ နှင့် ရုရှား နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Sergey Lavrov တို့ က ဧပြီလ ၅ ရက်နေ့ တွင် မော်စကိုမြို့ ၌ တွေ့ဆုံ ဆွေးနွေးမှု တစ်ရပ် ပြုလုပ်ခဲ့ကြသည်။

တွေ့ဆုံ ဆွေးနွေးမှု အတွင်း ဝမ်ရိ က ယခု နှစ်သည် နှစ်နိုင်ငံလုံး အတွက် ပြည်တွင်း နိုင်ငံရေး အတွက် အရေးပါသည့် နှစ်တစ်နှစ် ဖြစ်ခဲ့ပြီး ယခု ကဲ့သို့ အရေးပါသည့် အချိန်အခါမျိုး တွင် တရုတ် နိုင်ငံ သမ္မတ အနေဖြင့် မိမိ အား ၎င်း ၏ အထူးသံတမန် အနေဖြင့် ရုရှား နိုင်ငံ သို့ စေလွှတ် ခဲ့ခြင်း သည် နှစ်နိုင်ငံ ဆက်ဆံရေး အား လွန်စွာ အလေးထားသည် ကို တွေ့ရှိနိုင်မည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် နှစ်နိုင်ငံ ခေါင်းဆောင် တို့၏ ဦးဆောင်မှု အောက်တွင် နှစ်နိုင်ငံ ဆက်ဆံရေး မှာ ရေရှည်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရန် ခရီးဆက် နိုင်မည် ကို လုံးဝ ယုံကြည်ပြီး မသေချာမှုများ ပြည့်နက်နေသည့် နိုင်ငံတကာ အခြေအနေ အောက်တွင် ကမ္ဘာ့မဟာဗျူဟာ တည်ငြိမ်မှု ရရှိရန် ထိန်းသိမ်းရေး နှင့် ကမ္ဘာ့တည်ငြိမ်အေးချမ်းရေး တို့အတွက် ပိုမို ကောင်းမွန်စွာ ပေးဆပ် ဆောင်ရွက်သွား နိုင်မည် ကို ယုံကြည်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် နှစ်နိုင်ငံ ခေါင်းဆောင် တို့မှ ရရှိထားသည့် သဘောတူညီချက်များကို ရုရှား နိုင်ငံ နှင့် အတူကတွ အကောင်အထည် ဖော်သွားလိုပြီး စီမံကိန်းကြီးများ ပူးပေါင်းဆောင်ရွက်မှု ကို တွန်းအားပေးဆောင်ရွက်ကာ ကမ္ဘာ့လွတ်လပ်စွာ ကုန်သွယ်ရေးစနစ် ကို အတူတကွ ထိန်းသိမ်း သွားလိုကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် ဆက်လက်၍ ကုလသမဂ္ဂ ၊ The Shanghai Cooperation Organization(SCO) ၊ BRICS စသည့် နိုင်ငံအများ အဖွဲ့အစည်း များတွင် ညှိနှိုင်းဆောင်ရွက်မှု များကို တိုးမြှင့်သွားလိုကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ရုရှား စသည့် အဖွဲ့ဝင် နိုင်ငံများနှင့် အတူတကွ SCO ချင်းတောင် ထိပ်သီး အစည်းအဝေး တွင် အောင်မြင်မှု များစွာ ရရှိစေရန် အတူတကွ ကြိုးပမ်း ဆောင်ရွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။

ရုရှား နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Sergey Lavrov က နှစ်နိုင်ငံ ခေါင်းဆောင်များ၏ ဦးဆောင်မှု အောက်တွင် နှစ်နိုင်ငံ အနေဖြင့် မြင့်မားသည့် နိုင်ငံရေး အပြန်အလှန် ယုံကြည်မှု ကို တည်ဆောက် နိုင်ခဲ့ပြီး ရုရှား-တရုတ် ဆက်ဆံရေး သည်လည်း နိုင်ငံကြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍ တွင် စံနမူနာ တစ်ခု ဖြစ်လာစေခဲ့ကာ နိုင်ငံတကာ တည်ငြိမ်မှု ရရှိစေရန် အတွက် အရေးပါသည့် အခန်းကဏ္ဍ တွင် ပါဝင် နိုင်ခဲ့ကြောင်း ၊ နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာ ညှိနှိုင်းဆောင်ရွက်မှုမိတ်ဖက် ဆက်ဆံရေး အား တိုးမြှင့် ဆောင်ရွက်ခြင်း သည် ရုရှား နိုင်ငံ ၏ အရေးပါသည့် နိုင်ငံခြားရေး ဆောင်ရွက်မှု ဦးတည်ချက် တစ်ခု ဖြစ်ကြောင်း ၊ ရုရှား နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့် အတူတကွ ယခု နှစ် အတွင်း နှစ်နိုင်ငံ အဆင့်မြင့် အရာရှိများ ကူလူးဆက်ဆံမှု ကို ပြင်စင် ဆောင်ရွက်သွားလိုပြီး ကဏ္ဍစုံ ဖလှယ်မှု နှင့် လက်တွေ့ပူးပေါင်းဆောင်ရွက်မှု များကို တက်ကြွစွာ တွန်းအားပေး ဆောင်ရွက်ကာ ကုလသမဂ္ဂ ၊ G 20 ၊ SCO စသည့် အဖွဲ့အစည်း များတွင် မဟာဗျူဟာ အရ ညှိနှိုင်းဆောင်ရွက်မှု များကို တိုးမြှင့်ဆောင်ရွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။

တွေ့ဆုံ ဆွေးနွေးမှု အတွင်း နှစ်နိုင်ငံ အနေဖြင့် အတူတကွ စိတ်ဝင်စား သည့် ကိုရီးယား ကျွန်းဆွယ်အရေး ၊ ဆီးရီးယား အရေး နှင့် အာဖဂန်နစ္စတန် အရေး စသည့် နိုင်ငံတကာ နှင့် ဒေသတွင်း ကိစ္စရပ် များနှင့် ပတ်သက်၍ နက်ရှိုင်းစွာ သဘောထားအမြင်များ ကိုဖလှယ် ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.