Connect with us

Politics, Law & Military

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၊ နျူကလီးယား လုံခြုံရေး ဆွေးနွေးပွဲ တက်ရောက်ရန် ဝါရှင်တန် သို့ရောက်ရှိ

NSS ဆွေးနွေးပွဲ တက်ရောက်ရန် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၊ ဝါရှင်တန်မြို ့သို့ရောက်ရှိလာ (ဆင်ဟွာ)

ဝါရှင်တန် ၊ မတ် ၃၁ ရက် ( ဆင်ဟွာ )

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ( Xi Jinping ) သည် နျူကလီးယား လုံခြုံရေး ဆွေးနွေးပွဲ ( NSS ) သို့တက်ရောက်ရန် အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့သို့မတ်လ ၃ဝ ရက် က ရောက်ရှိ လာခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် သမ္မတ ရှီ သည် ကမ ္ဘာတစ်လွှား ပျံ့နှံ့နေသည့် ရေဒီယိုသတ္တုကြွ ဒြပ်စင် လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်ပြီး အပြုသဘောဆောင်သည့် ချဉ်းကပ်မှုပုံစံမျိုးဖြင့် ကတိကဝတ်ပြုထား ဆွေးနွေးသွားဖွယ် ရှိသည်ဟု တရုတ်နိုင်ငံဖက်က ပြောကြားထားသည်။

သမ္မတ ရှီသည် ၂၀၁၄ ခုနှစ် တွင် The Hague မြို့၌ ကျင်းပခဲ့သည့် NSS ဆွေးနွေးပွဲကိုလည်း တက်ရောက်ခဲ့ဖူးပြီး ၊ ယခု ဝါရှင်တန်၌ ပြုလုပ်မည့် NSS ဖွင့်ပွဲတွင်လည်း ပေကျင်းအစိုးရ၏ နျူယူးကလီးယား ဆိုင်ရာ မူဝါဒ များကို ထုတ်ဖော် ပြောကြားသွားရန် အစီအစဉ်ရှိနေသည်။ ထို့ပြင် လာမည့် အနာဂတ် ကာလများတွင် ကမ္ဘာတစ်လွှား နယူးကလီးယား လုံခြုံရေး နှင့်ပတ်သက်ပြီး လက်တွေ့ကျသည့် အကြံပြုချက်များကိုလည်း ထည့်သွင်းပြောကြားရန် ရှိနေကြောင်း သိရသည်။
ဝါရှင်တန် ခရီးစဉ်အတွင်း တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် မတ်လ ၃၁ ရက်တွင် အမေရိကန် နိုင်ငံ သမ္မတ ဘာရက်အိုဘားမား နှင့် တွေ့ဆုံရန် စီစဉ်ထားပြီး ၊ ယင်းတွေ့ဆုံမှုသည် တရုတ်-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်အောင် တွန်းအားပေးရာ ရောက်သလို နှစ်နိုင်ငံ ခေါင်းဆောင် အနေဖြင့် တစ်ကမ္ဘာလုံးနှင့် သက်ဆိုင်သော ဘုံစိုးရိမ်ဖွယ်ရာ ပြဿနာရပ်များကို ဆွေးနွေးသွားရန် ရှိကြောင်းသိရသည်။
နှစ်နှစ် တစ်ကြိမ်ကျင်းပသည့် NSS ဆွေးနွေးပွဲတွင် အမေရိကန် သမ္မတ အိုဘားမားသည် အဖွင့်မိန့်ခွန်းပြောကြားရန် ရှိနေသည်။ ယင်းဆွေးနွေးပွဲသို့ကမ္ဘာ့နိုင်ငံပေါင်း ၅၂ နိုင်ငံ နှင့် နိုင်ငံတကာ အဖွဲ့အစည်း ၄ ခုတို့မှ ခေါင်းဆောင်များ တက်ရောက်ကြမည် ဖြစ်ပြီး ကမ္ဘာ့ နျူကလီးယား လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသွားကြမည် ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Li Baodong က ဝါရှင်တန် ဆွေးနွေးပွဲတွင် အဖွဲ့ဝင်နိုင်ငံအားလုံးက စိုးရိမ်နေသည့် နျူကလီးယား အရေးနှင့် ပတ်သက်ပြီး နှစ်ဖက် အပြန်အလှန် လက်ခံနိုင်သည့် Win-Win ရလဒ်များ ၊ ပူးပေါင်း ဆောင်ရွက်မှုများ နှင့် မျှတသည့် အနေအထား တစ်ရပ်ရှိမည့် နျူကလီးယား လုံခြုံရေးဆိုင်ရာ စနစ်တစ်ခုကို ဖွဲ့စည်း တည်ထောင်နိုင်ရန် အားလုံး အတူတကွ လုပ်ဆောင်သွားကြရန် တိုက်တွန်း ပြောကြားထားသည်။ ( Xinhua )

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.