Connect with us

Politics, Law & Military

တောင်တရုတ်ပင်လယ် အရေးနှင့် ပတ်သက်၍ အငြင်းပွားနိုင်ငံများအကြား ညှိနှိုင်းသင့့််ကြောင်း ကမ္ဘောဒီးယား ကျွမ်းကျင်ပညာရှင် ပြောကြား

မဟာဗျူဟာလေ့လာမှုများ ဆိုင်ရာ ကမ္ဘောဒီးယား အဖွဲ့အစည်း ဥက္ကဋ္ဌ Vannarith Chheang အားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

စင်ကာပူ၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ)

အာဆီယံနိုင်ငံများသည် တရုတ်နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့အား တောင်တရုတ်ပင်လယ် အရေး နှင့် ပတ်သက်၍ ညှိနှိုင်း ဆွေးနွေးရေးစားပွဲသို့ ပြန်လည် ရောက်ရှိလာခြင်းကိုသာ လိုလားကြကြောင်း၊ တောင်တရုတ်ပင်လယ် အရေး ဆွေးနွေးမှု အကောင်းဆုံး အကျိုးသက်ရောက်မှု ရရှိစေရန် အလို့ငှာ ထို အရေးကိစ္စနှင့် ပတ်သက်၍ အငြင်းပွားပွားနေသည့် နိုင်ငံများနှင့် အတူ ဆွေးနွေး လုပ်ဆောင်သင့်ကြောင်း ကမ္ဘောဒီးယား ကျွမ်းကျင်ပညာရှင်က ဇူလိုင်လ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

လွန်ခဲ့သည့် တစ်ပတ်က ချမှတ်ခဲ့သည့် တစ်ဖက်သက် ခုံရုံးဖွဲ့ ဆုံးဖြတ်ချက်သည် ဖိလစ်ပိုင်နိုင်ငံ ၏ ယုံကြည်ဖွယ်မရှိသည့် တစ်ဖက်သက် တောင်းဆိုချက်များသာ ဖြစ်ပြီး တောင်တရုတ်ပင်လယ်နှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ ကြာရှည်စွာ ရပ်တည်လာသည့် သမိုင်းကြောင်း အခွင့်အရေးများကို မျက်ကွယ်ပြုလိုက်ခြင်းပင် ဖြစ်ကြောင်း တရုတ်အစိုးရက ကြေညာခဲ့သည်။
တရုတ်နိုင်ငံက ယင်း ဆုံးဖြတ်ချက်သည် တရားမျှတမှု မရှိ၍ ပျက်ပြယ်သွားမည် ဖြစ်ကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။ ခုံရုံးဖွဲ့ ဆုံးဖြတ်ပြီးနောက် တရုတ်နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံ တို့သည် နှစ်ဖက် ညှိနှိုင်း ဆွေးနွေးမှု အခြေအနေသို့ ပြန်လည်ရောက်ရှိလိုသည့် ၎င်းတို့၏ ဆန္ဒကို ဖော်ပြခဲ့ကြကြောင်း သိရသည်။
မဟာဗျူဟာ လေ့လာမှုများ ဆိုင်ရာ ကမ္ဘောဒီးယား အဖွဲ့အစည်း ဥက္ကဋ္ဌ Vannarith Chheang က “ ဖိလစ်နိုင်ငံ နဲ့တရုတ်နိုင်ငံ တို့သာ တစ်ဖက်နှင့် တစ်ဖက် ညှိနှိုင်းမှုတွေ ပြန်လည် ပြုလုပ်သွားမယ်ဆိုရင် အကောင်းဆုံး ဖြစ်မှာပါ” ဟု တောင်တရုတ်ပင်လယ် နှင့် ဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှု နှင့် ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ ပညာရှင်များ ဆွေးနွေးပွဲ ၌ သတင်းထောက်များအား ပြောကြားခဲ့သည်။
၎င်းက ဆက်လက်၍ “ အဲဒီလို ညှိနှိုင်းမှုမျိုးကို အာဆီယံနိုင်ငံတွေအနေနဲ့ ကြိုဆိုနေမှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
Chheang က “ကျွန်တော်တို့ အနေနဲ့ တရုတ်နိုင်ငံ နဲ့ အာဆီယံနိုင်ငံတွေ အကြား ပိုမိုပူးပေါင်းဆောင်ရွက်မှု တွေကို တွေ့မြင်လိုပါတယ်။ တောင်တရုတ်ပင်လယ်အရေး က ကျွန်တော်တို့ကို စိုးမိုးသွားမှာကို မလိုလား ပါဘူး။ ဘာကြောင့်လဲဆိုရင် ဆင်းရဲမွဲတေမှု လျှော့ချရေး၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စတွေ၊ ရာသီဥတု ပြောင်းလဲလာမှု၊ လူကုန်ကူးမှုတွေ နဲ့ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုး တိုးတက်မှု ဆိုင်ရာ လုပ်ငန်းတွေမှာ ကျွန်တော်တို့ အနေနဲ့ လုပ်ဆောင်စရာတွေ အများကြီး ရှိနေလို့ပါ” ဟု ပြောကြားခဲ့သည်။
ယာယီခုံရုံးမှ စီရင်ဆုံးဖြတ်ချက်ချ အပြီးတွင် တရုတ်နိုင်ငံက အစီရင်ခံ စာတမ်း အား ထုတ်ပြန်ခဲ့သည်။ ယင်း စာတမ်းသည် သဘောတူညီချက် တစ်ခု ဖြစ်ပြီး တရုတ်နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့ အနေဖြင့် တောင်တရုတ်ပင်လယ် အရေးနှင့် ပတ်သက်နေသည့် အငြင်းပွားမှုများကို ညှိနှိုင်းခြင်းမှ တစ်ဆင့် ဖြေရှင်းသွားရန် ဖော်ပြထားသည်။
၎င်းက “တောင်တရုတ်ပင်လယ် အရေး နဲ့ ပတ်သက်ပြီး အငြင်းပွား နိုင်ငံတွေနဲ့ အတူ ညှိနှိုင်း လုပ်ဆောင်ခြင်းဟာ အကောင်းဆုံး နည်းလမ်းလို့ မြင်ပါတယ်။ အခြားနိုင်ငံတွေကို ဖိတ်ခေါ် ဆွေးနွေးခြင်း က အကျိုးဖြစ်ထွန်းစေမှာ မဟုတ်ပါဘူး။ ဒါ့အပြင် တောင်တရုတ်ပင်လယ် အရေးကြောင့် ကျွန်တော်တို့ရဲ့ ခံစားချက်တွေ၊ ပြည်သူမှ ပြည်သူ ဆက်ဆံမှုတွေကို ထိခိုက်လာမှာကို မလိုလားပါဘူး”ဟု ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.