Connect with us

Politics, Law & Military

နယ်သာလန်နိုင်ငံတွင် နန်ကျင်းလူအစုလိုက်အပြုံလိုက်အသတ်ခံရမှု အောက်မေ့ဖွယ်အခမ်းအနားကျင်းပ

နယ်သာလန်-တရုတ် ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ Henk Kool နှင့် နယ်သာလန်နိုင်ငံ ရှိ တရုတ်စီးပွားရေးအသင်းအဖွဲ့ ဥက္ကဋ္ဌ ကျုံးလင်ချန်း တို့ နန်ကျင်းအောက်မေ့ဖွယ်အခမ်းအနားတွင် လွမ်းသူ့ပန်းခွေချနေစဉ် (ဆင်ဟွာ)

နယ်သာလန်၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ)

၁၉၃၇ခုနှစ်တွင် ဂျပန်စစ်တပ်က တရုတ်ပြည်သူ ၃၀၀,၀၀၀ ခန့် နှင့် လက်နက်မဲ့ တရုတ်စစ်သားများအား ရက် ၄၀အတွင်း သတ်ဖြတ်ခဲ့သည့် နန်ကျင်းလူအစုလိုက်အပြုံလိုက်အသတ်ခံရမှု အောက်မေ့ဖွယ်အခမ်းအနား အား သဟိတ်မြို့ ရှိ Niewspoort စင်တာတွင် ဒီဇင်ဘာ ၁၂ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို တရုတ်နိုင်ငံတွင် ကျင်းပမည့် “နန်ကျင်းလူအစုလိုက်အပြုံလိုက်အသတ်ခံရမှု နိုင်ငံတော်အောက်မေ့ဖွယ်အခမ်းအနားနေ့” မတိုင်ခင် တစ်ရက်အလိုတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး နယ်သာလန်နိုင်ငံရှိ တရုတ်နိုင်ငံသားများ နှင့် ကျောင်းသား ၂၀၀ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နယ်သာလန်နိုင်ငံ ရှိ တရုတ်စီးပွားရေးအသင်းအဖွဲ့တစ်ခု၏ ဥက္ကဋ္ဌ ဖြစ်သူ ကျုံးလင်ချန်း က နယ်သာလန်နိုင်ငံတွင် ကျင်းပသော အောက်မေ့ဖွယ်အခမ်းအနားသည် အသတ်ခံရသူများကို အောက်မေ့သတိရခြင်းသာမက သမိုင်းကြောင်းအမှန်ကို ပြောပြရန်လည်းဖြစ်ကြောင်း နှင့် သမိုင်းကြောင်းကို ငြင်းပယ်ရန် မည်သည့်ကြိုးစားမှုမျိုးကိုမဆို လက်ခံသွားမည်မဟုတ်ကြောင်းပြောကြားခဲ့သည်။

ဂျပန်စစ်သားများသည် ၁၉၃၇ခုနှစ် ဒီဇင်ဘာ ၁၃ရက်တွင် နန်ကျင်းမြို့အား ဝင်ရောက် သိမ်းပိုက်ခဲ့ပြီးနောက် တရုတ်နိုင်ငံ၏ မြို့တော်ကို ဆက်လက်သိမ်းပိုက်ကာ လူများအားအစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ကြကြောင်း သိရသည်။ တရုတ်နိုင်ငံသည် နယ်ချဲ့ဂျပန်များက သတ်ဖြတ်ခဲ့သည့် နန်ကျင်းမြို့သားများ နှင့် အခြားသော အသတ်ခံရသူအားလုံးကို အောက်မေ့သတိရစေရန် နှင့် ဂျပန်တို့ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများကို ဖော်ထုတ်ရန် ဒီဇင်ဘာ ၁၃ရက်အား နိုင်ငံတော်အောက်မေ့ဖွယ်နေ့အဖြစ် ၂၀၁၄ခုနှစ် နိုဝင်ဘာလတွင် သတ်မှတ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.