Connect with us

Politics, Law & Military

ထိုင်ဝမ်နှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် လမ်းနှစ်သွယ်ဖြင့် အောင်မြင်မှုရရှိအောင် လုပ်ဆောင်သွားရန် တရုတ်အစိုးရဝန်ကြီး တိုက်တွန်း

တရုတ်နိုင်ငံစက်မှု နှင့် ဆက်သွယ်ရေးနည်းပညာဝန်ကြီးဌာန ဝန်ကြီး Miao Wei အား သတင်းစာရှင်းလင်းပွဲတွင် တွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မတ် ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအစိုးရအဖွဲ့မှ ဝန်ကြီး တစ်ဦးက ထိုင်ဝမ်ရေလက်ကြား၌ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် လမ်းနှစ်သွယ်ဖွင့်လှစ်၍ အောင်မြင်မှုရရှိအောင် လုပ်ဆောင်သွားရန် မတ်လ ၁၁ ရက် (ယနေ့)တွင် တိုက်တွန်းပြောကြားလိုက်သည်။

“ ထိုင်ဝမ်က လူတွေ ပြည်မကြီးမှာ ရင်းနှီးမြှုပ်နှံမှု လာလုပ်တာကို ကျနော်တို့က ဆက်လက်ပြီး အားပေးတာ ၊ ထောက်ခံတာ လုပ်ရမယ်။ တစ်ပြိုင်တည်းမှာပဲ ထိုင်ဝမ်ကလည်း ပြည်မကြီးမှာ ရင်နှီးမြှုပ်နှံမှုတွေလုပ်ဖို့ ပိုပြီးဖွင့်ပေးရမှာပေါ့” ဟု တရုတ်နိုင်ငံ စက်မှု နှင့် ဆက်သွယ်ရေးနည်းပညာဝန်ကြီးဌာန ဝန်ကြီး Miao Wei က နှစ်ပတ်လည် လွှတ်တော်အစည်းအဝေးပွဲအတွင်း ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။တရုတ်နိုင်ငံ ပြည်မ နှင့် ထိုင်ဝမ်အကြား ပူးပေါင်းဆောင်ရွက်မှုသည် နှစ်ဖက်စလုံးအတွက် အကျိုးဖြစ်ထွန်စေမည်ဖြစ်ကြောင်း နှင့် သဘာဝအရ အများနှင့်ယှဉ်ပြိုင်ရခြင်းမျိုးထက် အပြန်အလှန်ပို၍ အကျိုးပြုနိုင်ကြောင်း ၎င်းက ဆိုသည်။တရုတ်နိုင်ငံသည် စက်မှုကဏ္ဍအားလုံးတွင် မည်သည့်ခွဲခြားဆက်ဆံမှုမရှိဘဲ ညီတူညီမျှ ဖြင့် ပြုမူဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။(Xinhua)