Connect with us

Politics, Law & Military

BRICS ထိပ်သီး အစည်းအဝေး ပြင်ဆင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများ ပိုမို လုပ်ဆောင်သွားမည်ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီး ပြောကြား

တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ (ယာ) နှင့် တောင်အာဖရိက နိုင်ငံခြားရေး ဝန်ကြီး Maite Nkoana-Mashabane (ဝဲ) တို့အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ပေကျင်း၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် BRICS ထိပ်သီး အစည်းအဝေး ကျင်းပရေးအတွက် တောင်အာဖရိက အပါအဝင် BRICS အဖွဲ့ဝင် နိုင်ငံများနှင့် အခိုင်အမာ ညှိနှိုင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

ယင်း မှတ်ချက်အား တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိက တောင်အာဖရိက နိုင်ငံခြားရေး ဝန်ကြီး Maite Nkoana-Mashabane နှင့် ပေကျင်းမြို့၌ တွေ့ဆုံစဉ်တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ထိပ်သီး အစည်းအဝေးကို တရုတ်နိုင်ငံ အရှေ့တောင်ဘက်ရှိ ရှမာန် ကမ်းရိုးတန်းမြို့တွင် စက်တင်ဘာလ၌ ကျင်းပရန်ရှိပြီး BRICS အဖွဲ့ဝင်နိုင်ငံများ၏ ဘုံ ဖွံ့ဖြိုးတိုးတက်မှုကိုသာ ပံ့ပိုးပေးမည် မဟုတ်ဘဲ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ပိုမို ပါဝင် ချိန်ညှိရေးအတွက် မြှင့်တင်ရန်လည်း ပါဝင်ကြောင်း ဝမ်က ပြောကြားခဲ့သည်။

တရုတ်နှင့် တောင်အာဖရိက နှစ်နိုင်ငံတို့သည် အလွန် လေးနက်သော နိုင်ငံရေး အပြန်အလှန် ယုံကြည်မှုနှင့် အပြန်အလှန် အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှု၏ အကျိုးအမြတ် ရလဒ်များ ရရှိခဲ့သည့် နှစ်နိုင်ငံ ဆက်ဆံရေးအား ဝမ်က အကျယ်တဝင့် ပြောကြားလိုက်သည်။

ထို့ပြင် တရုတ်-တောင်အာဖရိက ပြည်သူအချင်းချင်း ဖလှယ်မှု လုပ်ထုံးလုပ်နည်းဆိုင်ရာ ပထမဆုံး အစည်းအဝေးအား ကျင်းပရန်ရှိကြောင်း ဝမ်က ပြောကြားခဲ့သည်။

တောင်အာဖရိက နိုင်ငံခြားရေး ဝန်ကြီး Nkoana-Mashabane က တရုတ်နိုင်ငံအား အရေးပါသော မဟာဗျူဟာမြောက် မိတ်ဖက် တစ်နိုင်ငံအဖြစ် အသိအမှတ်ပြုပါကြောင်း၊ BRICS အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက် လုပ်ထုံးလုပ်နည်းများတွင် နိုင်ငံရေး၊ မဟာဗျူဟာမြောက် အပြန်အလှန် ယုံကြည်မှု၊ ခိုင်မာသော ညှိနှိုင်းဆောင်ရွက်မှု စသည်တို့အား တရုတ်နိုင်ငံနှင့်အတူ နက်ရှိုင်းစွာ အတူတကွ လုပ်ဆောင်ရန် အဆင်သင့်ရှိပါကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို အဆင့်မြှင့်တင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

BRICS အဖွဲ့ဝင် နိုင်ငံများတွင် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိက စသည်တို့ ပါဝင်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.