Connect with us

Politics, Law & Military

တရုတ်နိုင်ငံသမ္မတ နှင့် ဖိလစ်ပိုင်နိုင်ငံသမ္မတ တို့ပေကျင်းမြို့၌ တွေ့ဆုံ

ဖိလစ်ပိုင်နိုင်ငံသမ္မတဒူတာတေး အား တရုတ်နိုင်ငံက ဂုဏ်ပြုတပ်ဖွဲ့ ဖြင့် ကြိုဆိုနေစဉ်(ဆင်ဟွာ)

ပေကျင်း ၊ အောက်တိုဘာ ၂ဝ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့အလည်အပတ်ရောက်ရှိနေသည့် ဖိလစ်ပိုင်နိုင်ငံသမ္မတ ဒူတာတေးအား ယနေ့အောက်တိုဘာလ ၂ဝရက် နံနက်ပိုင်းတွင် အခမ်းအနားဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားအပြီးတွင် နှစ်နိုင်ငံခေါင်းဆောင်တို့သည် တရားဝင်ဆွေးနွေးမှုများ နှင့် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ စာချွန်လွှာများ လက်မှတ်ရေးထိုးပွဲ သို့အသိသက်သေများအဖြစ် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံသမ္မတ ဒူတာတေးသည် အောက်တိုဘာလ ၁၈ ရက် မှ ၂၁ ရက်အထိ တရုတ်နိုင်ငံသို့တရားဝင် ချစ်ကြည်ရေးခရီးစဉ် အဖြစ် လာရောက်လည်ပတ်လျက်ရှိသည်။ ၎င်းခရီးစဉ်သည် သမ္မတဒူတာတေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများပြင်ပ နိုင်ငံတစ်နိုင်ငံသို့ပထမဆုံး သွားရောက်လည်ပတ်သော နိုင်ငံ ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.