Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် ဗြိတိန် လွှတ်တော် တွင် မိန့်ခွန်း ပြောကြားမှု ကို ဆင်ဟွာ မြန်မာ ဝက်ဘ်ဆိုဒ် တွင် အချိန် နှင့် တစ်ပြေးညီ တိုက်ရိုက် ထုတ်လွှင့် ပြသမည်

ရန်ကုန် ၊ အောက်တိုဘာလ၂ဝ ရက် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ သို့ တရားဝင် ချစ်ကြည်ရေး ခရီး အလည်အပတ် ရောက်ရှိ နေသော တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၏ ဗြိတိန်လွှတ်တော် တွင် မိန့်ခွန်း ပြောကြားမှု အား မြန်မာ စံတော်ချိန် ည (၁၀) နာရီတွင် ဆင်ဟွာ မြန်မာ ဝက်ဘ်ဆိုဒ် တွင် အချိန်နှင့် တစ်ပြေးညီ တိုက်ရိုက် ထုတ်လွှင့် ပြသမည် ဖြစ်ပြီး ဆင်ဟွာ မြန်မာ ဝက်ဘ်ဆိုဒ် Link “ http://www.xinhuamyanmar.com/videos/1621-president-xi-jinping-addresses-uk-parliament ”တွင် ကြည့်ရှု နိုင်မည် ဖြစ်ပါသည်။

အခမ်းအနား တွင် အောက်လွှတ်တော် ဥက္ကဋ္ဌ၊ လွှတ်တော် အမတ် ဂျွန်ဘာကိုး က သမ္မတရှီအား ကြိုဆို နှုတ်ခွန်းဆက် စကားပြောကြား မည်ဖြစ်သည်။ ထို့နောက် သမ္မတရှီက အမှာစကား ပြောကြား မည်ဖြစ်ပြီး အထက် လွှတ်တော်ဥက္ကဋ္ဌ ဘာရိုးနက် ဒီဆိုဇာ က သမ္မတရှီအား ကျေးဇူးတင်စကား ပြောကြားမည်ဟု သိရသည်။

မိန့်ခွန်း ပြောကြားအပြီးတွင် လွှတ်တော်အမတ် များ၏ သီးသန့် ဧည့်ခံပွဲ၌ သမ္မတရှီအား တရုတ်နိုင်ငံ နှင့် ဗြိတိန် နှစ်နိုင်ငံ တို့၏ ရင်းနှီး ချစ်ကြည်သော ဆက်ဆံမှုအား ကိုယ်စားပြု သည့် စာရွက် စာတမ်းများ ကို ပြသ မည်ဟုလည်း သိရသည်။ (Xinhua)