Connect with us

Politics, Law & Military

မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသအုပ်ချုပ်ရေးတွင် တိုးတက်မှုရှိရန် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် မျှော်လင့်

အမိမြေသို့ မကာအို ပြန်လည်ရောက်ရှိခြင်း နှစ် ၂၀ ပြည့်အထိမ်းအမှတ် အခမ်းအနားတွင် သမ္မတ ရှီကျင့်ဖိန် မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

မကာအို၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသ (SAR) အစိုးရအနေဖြင့် ခေတ်နှင့်အညီဆောင်ရွက်သွားရန်နှင့် SAR အုပ်ချုပ်မှု တိုးတက်ရေးအတွက် လုပ်ဆောင်သွားမည်ဟု မျှော်လင့်ကြောင်း ဒီဇင်ဘာ ၂၀ ရက်တွင် ပြောကြားလိုက်သည်။

ဥပဒေကို အခြေခံသော မကာအိုအစိုးရအတွက် အဖွဲ့များ ဖွဲ့စည်းမှု တိုးတက်ရန် ပုံမှန်အားထုတ်မှုများ လုပ်ဆောင်ရန်နှင့် အစိုးရက ချမှတ်ထားသော ဆုံးဖြတ်ချက်များကို သေချာစွာ လိုက်နာဆောင်ရွက်ရန် သမ္မတ ရှီက တိုက်တွန်းခဲ့သည်။

အမိမြေသို့ မကာအို ပြန်လည်ရောက်ရှိခြင်း နှစ် ၂၀ ပြည့်အထိမ်းအမှတ် အခမ်းအနား မိန့်ခွန်း၌ ရှီက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့သည်။

အမိမြေသို့ မကာအို ပြန်လည်ရောက်ရှိခြင်း နှစ် ၂၀ ပြည့်အထိမ်းအမှတ် အခမ်းအနား မြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ အခမ်းအနား၌ ပဉ္မမြောက် မကာအို အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ အစိုးရအဖွဲ့ဝင်များနှင့် မကာအို SAR ပြည်သူ့ရှေ့နေရုံး ရှေ့နေချုပ်အသစ်တို့လည်း ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း သိရသည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.