Connect with us

Politics, Law & Military

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ဗီဒီယိုရုပ်သံဖြင့် ကျင်းပပြုလုပ်သည့် တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ထူထောင်ခြင်း ၉၃ နှစ် မြောက် အခမ်းအနားသို့ မြန်မာ့တပ်မတော် ပါဝင်တက်ရောက်

တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ထူထောင်ခြင်း ၉၃ နှစ် မြောက် အခမ်းအနား အား အွန်လိုင်းမှ တစ်ဆင့် ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ကျင်းပသည့် တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ထူထောင်ခြင်း (၉၃) နှစ်မြောက် အခမ်းအနား သို့ မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးကအွန်လိုင်း ဗီဒီယို မှ တစ်ဆင့်ပါဝင်ခဲ့ပြီး ယင်းအခမ်းအနားတွင် မြန်မာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ချန်းဟိုင် ၊ စစ်သံမှူး ရှုန်းဆောင်ဝေ ၊ မြန်မာ့တပ်မတော် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦး နှင့် အမှတ်(၂) စစ်ဆင်ရေးအထူးအဖွဲ့မှူးတို့ ပါဝင်တက်ရောက် ခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီးချန်းဟိုင် က အခမ်းအနား တွင် တရုတ်-မြန်မာ နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေး အပေါ် မြင့်မားစွာ အသိအမှတ် ပြု ခဲ့ပြီး မြန်မာအစိုးရ၏ဖိတ်ကြားချက်အရ တရုတ် နိုင်ငံ သမ္မတသည် ယခုနှစ် တွင် မြန်မာ နိုင်ငံ သို့ လာရောက်လည်ပတ်ခဲ့ခြင်းမှာ  သမိုင်းတွင်စေမည့် ခရီးစဉ် ဖြစ်ကြောင်း၊ သမိုင်းတွင်စေမည့် အောင်မြင်မှုများ ရရှိခဲ့ကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် အစဉ်အလာ ဆွေမျိုးပေါက်ဖော် သံယောဇဉ် ကို ဆက်လက်ထိန်းသိမ်းသွားပြီး  အေးအတူပူအမျှ အသိုက်အဝန်းကို အတူတကွ တည်ဆောက်ကာ နှစ်နိုင်ငံ ဆက်ဆံရေး ခေတ်သစ် တစ်ခု ဆီသို့ ရောက်ရှိအောင် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ သမ္မတ အနေဖြင့် မြန်မာ နိုင်ငံ သို့ လာရောက်စဉ် အတွင်း မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေး ခဲ့ပြီး နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန် အတွက် သဘောတူညီမှုချက် အသစ် များ ရရှိခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် သမ္မတ ရှီကျင့်ဖိန် လာရောက်စဉ် က ရရှိခဲ့သည့် သဘောတူညီချက်များအား မြန်မာ နိုင်ငံ သက်ဆိုင်ရာများနှင့် အနီးကပ် ညှိနှိုင်းဆောင်ရွက်မှုထားရှိကာ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း ၊ လတ်တလောကာလ တွင် COVID-19 ရောဂါ က ကမ္ဘာ့ အနှံ့ကူးစက်ခဲ့ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ အတွက် အနှောက်အယှက်များ ဖြစ်စေခဲ့ကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် အေးအတူ ပူအမျှ အပြန်အလှန် ကူညီသည့် သဘောထားမျိုးဖြင့် ကပ်ရောဂါ အား အတူတကွ တိုက်ဖျက်သွားကာ စီးပွားရေး နှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု ရရှိရန် အနီးကပ် ပူးပေါင်းဆောင်ရွက်မှု ကို ထိန်းသိမ်းသွားရမည် ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ အတူတကွ ကြိုးပမ်းဆောင်ရွက်မှု အောက်တွင် သမိုင်းစာမျက်နှာသစ် ရေးထိုးသွားနိုင်မည် ကို ယုံကြည်ပြီး နှစ်နိုင်ငံစစ်ဘက်ဆိုင်ရာ ၏ တွန်းအားပေးဆောင်ရွက်မှု အောက်တွင် တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း ကို တည်ဆောက်ရေး အတွက် တွန်းအားပေး ဆောင်ရွက် နိုင်မည် ဖြစ်ကြောင်း နှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေး အတွက် ဆက်လက် ဆောင်ရွက်သွားမည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ထူထောင်ခြင်း ၉၃ နှစ် မြောက် အခမ်းအနား အား အွန်လိုင်းမှ တစ်ဆင့် ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး စစ်သံမှူး ရှုန်းဆောင်ဝေ က တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် အနေဖြင့် စတင်ထူထောင်ပြီးနောက် ၉၃ နှစ် ကြာ ကာလ အတွင်း တောက်ပသည့် ဆောင်ရွက်မှုများကို ပြုလုပ်နိုင်ခဲ့ကြောင်း၊ တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၏ ဦးဆောင်မှု အောက်တွင် ကာကွယ်ရေး နှင့် စစ်ဘက်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေး အား နက်ရှိုင်းစွာ ပြုပြင်မှု ဆောင်ရွက်ခဲ့ပြီးခေတ်သစ် စစ်အင်အားကြီးလုပ်ငန်းတွင် မဟာအောင်မြင်မှု ရရှိ ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် စစ်ဘက်ဆိုင်ရာ တွင် ကာကွယ်ရေး အား အဓိကထား ဆောင်ရွက်ပြီး ဘက်စုံ ပူးပေါင်းဆောင်ရွက်သည့် မူဝါဒဖြင့် ကမ္ဘာ့လူသားမျိုးနွယ် အသိုက်အဝန်း အတွက် လုံခြုံမှု ရရှိစေရန် ဆောင်ရွက်မှု အသစ် များကို ပြုလုပ်ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ စစ်တပ် အနေဖြင့် မြန်မာ နိုင်ငံ စစ်ဘက်ဆိုင်ရာ နှင့် လက်တွေ့ ပူးပေါင်းဆောင်ရွက်မှု အား ပိုမို နက်ရှိုင်းအောင် ဆောင်ရွက်သွားပြီး တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အား တွန်းအားပေးနိုင်ရန် ဆောင်ရွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။

တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ထူထောင်ခြင်း ၉၃ နှစ် မြောက် အခမ်းအနား အား အွန်လိုင်းမှ တစ်ဆင့် ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ထူထောင်ခြင်း ၉၃ နှစ် မြောက် အခမ်းအနား အား အွန်လိုင်းမှ တစ်ဆင့် ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ထူထောင်ခြင်း ၉၃ နှစ် မြောက် အခမ်းအနား အား အွန်လိုင်းမှ တစ်ဆင့် ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ထူထောင်ခြင်း ၉၃ နှစ် မြောက် အခမ်းအနား အား အွန်လိုင်းမှ တစ်ဆင့် ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ထူထောင်ခြင်း ၉၃ နှစ် မြောက် အခမ်းအနား အား အွန်လိုင်းမှ တစ်ဆင့် ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ထူထောင်ခြင်း ၉၃ နှစ် မြောက် အခမ်းအနား အား အွန်လိုင်းမှ တစ်ဆင့် ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ထူထောင်ခြင်း ၉၃ နှစ် မြောက် အခမ်းအနား အား အွန်လိုင်းမှ တစ်ဆင့် ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ထူထောင်ခြင်း ၉၃ နှစ် မြောက် အခမ်းအနား အား အွန်လိုင်းမှ တစ်ဆင့် ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

မြန်မာ့တပ်မတော် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦး က မြန်မာ့ တပ်မတော် အနေဖြင့် တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်ထူထောင်ခြင်း ၉၃ နှစ်မြောက် အထိမ်းအမှတ်အခမ်းအနား အပေါ် ဂုဏ်ပြုလိုကြောင်း ၊ တရုတ် နိုင်ငံ စစ်ဘက်ဆိုင်ရာ က ခေတ်ကာလ နှင့် အညီ နိုင်ငံတော်၏ တပ်မတော်အား တိုးတက်မှု ရရှိရန် ဆောင်ရွက်နိုင်ခဲ့မှုခဲ့အပေါ် လေးစားပြီး ဝမ်းမြောက်ကြောင်း ၊ မြန်မာ-တရုတ် နှစ်နိုင်ငံသည် သမိုင်းကြောင်း ရှည်လျားသော ချစ်ကြည်ရေးရှိသည့် နိုင်ငံများ ဖြစ်ကြပြီးနှစ်နိုင်ငံ ပြည်သူလူထု အကြား ဆွေမျိုးပေါက်ဖော် သံယောဇဉ်သည်လည်း အတူတကွ ယှဉ်တွဲနေထိုင်ရေးမူကြီးငါးချက်ကြောင့် ပိုမိုနက်ရှိုင်းလာခဲ့ကြောင်း ၊ နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ ချစ်ကြည်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံ ချစ်ခင်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်သည့် အရေးပါသည့် အစိတ်အပိုင်း ဖြစ်ပြီး ပိုမိုခိုင်မြဲစွာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ၊ ယခုနှစ်ဆန်းပိုင်း တွင် တရုတ် နိုင်ငံ သမ္မတ အနေဖြင့် မြန်မာ နိုင်ငံ သို့ အောင်မြင်စွာ လာရောက် လည်ပတ်ခဲ့ပြီး တရုတ် နိုင်ငံ သည် မြန်မာ နိုင်ငံ ကပ်ရောဂါ ဖြစ်ပွား ချိန်တွင် ကူညီထောက်ပံ့မှု ပစ္စည်းများအား အမြန်ဆုံး ထောက်ပံ့ပေးနိုင်ခဲ့သည့် အတွက် မြန်မာ နိုင်ငံ စစ်ဘက်ဆိုင်ရာ မှလည်း ကျေးဇူးတင်ကြောင်း ၊ တရုတ် နိုင်ငံ ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ထူထောင်သည့် အထိမ်းအမှတ်နေ့တွင် မြန်မာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံရုံး အနေဖြင့် ရန်ကုန်တိုင်း ဒေသအတွင်းရှိ မြန်မာ နိုင်ငံ စစ်ဘက်ဆိုင်ရာ တို့အား ကပ်ရောဂါ တိုက်ဖျက်ရေး အတွက် ဆေးဘက်ဆိုင်ရာ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ခြင်း ဖြင့် တရုတ်-မြန်မာ အပြန်အလှန် စောင့်ရှောက်ကူညီသည့်  သံယောဇဉ် ကို ပေါ်လွင်စေခဲ့ကြောင်း ၊ မြန်မာ့တပ်မတော် အနေဖြင့် တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် နှင့် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ပြီး တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် မြန်မာ နိုင်ငံ သို့ လာရောက် လည်ပတ်စဉ် က ရရှိခဲ့သည့် အောင်မြင်မှု ဖြစ်သော ရပ်ဝန်း နှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှု အား တွန်းအားပေးဆောင်ရွက်ရန် နှင့် မြန်မာ-တရုတ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး အတွက် အတူတကွ ကြိုးပမ်း ဆောင်ရွက်သွားလိုကြောင်း ၊ နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန် အတွက် တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။အခမ်းအနား တွင် တရုတ်-မြန်မာ နှစ်နိုင်ငံ သက်ဆိုင်ရာ တာဝန်ရှိသူများ က တရုတ် နိုင်ငံ စစ်တပ် နှင့် နှစ်နိုင်ငံ စစ်တပ် ပူးပေါင်းဆောင်ရွက်သည့် မှတ်တမ်းဗီဒီယို ဖိုင်အား ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။  (Xinhua)