Connect with us

Politics, Law & Military

တရုတ် နိုင်ငံ အနေဖြင့် အိန္ဒိယ နိုင်ငံ အပေါ် ထားရှိသည့် မူဝါဒ မပြောင်းလဲကြောင်း တရုတ် သံအမတ်ကြီးပြောကြား 

အိန္ဒိယ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး စွန်းဝေတုန်း မိန့်ခွန်းပြောကြားနေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

နယူးဒေလီ ၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)

အိန္ဒိယ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး စွန်းဝေတုန်း က တရုတ်-အိန္ဒိယ နှစ်နိုင်ငံ ချစ်ကြည်ရေး သည် နှစ်နိုင်ငံ အကျိုးစီးပွား ၏ အရင်းအမြစ် နှင့် ကိုက်ညီမှု ရှိပြီး တရုတ် နိုင်ငံ အနေဖြင့် အိန္ဒိယ နိုင်ငံ အပေါ် ထားရှိသည့် မူဝါဒ က အခြေခံအားဖြင့် ပြောင်းလဲမှု မရှိဘဲ နှစ်နိုင်ငံ ဆက်ဆံရေး ပြန်လည်ကောင်းမွန်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်သည့် လမ်းကြောင်း သို့ ရောက်ရှိစေရန် တိုက်တွန်းလိုကြောင်း ဇူလိုင် ၃၀ ရက် ၌ ပြောကြား ခဲ့သည်။

သံအမတ်ကြီး စွန်းဝေတုန်း က လက်ရှိခေတ်ကာလ အခြေအနေအောက်တွင် တရုတ်-အိန္ဒိယ နှစ်နိုင်ငံ က ချစ်ခင်ရင်းနှီးသည့် အိမ်နီးချင်း နိုင်ငံ ဖြစ်ကြပြီး အကြီးဆုံးသော ဖွံ့ဖြိုးဆဲ နိုင်ငံများ ဖြစ်ကြသည် က ပြောင်းလဲမှု မရှိကြောင်း ၊ တရုတ်-အိန္ဒိယ နှစ်နိုင်ငံ တို့ က မိတ်ဆွေနိုင်ငံများ ဖြစ်ကြပြီး ချစ်ခင်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု နှင့် အတူတကွ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မှု တို့က ပြောင်းလဲမှု မရှိကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် အပြန်အလှန် မခွဲခွာ နိုင်သော နိုင်ငံများ ဖြစ်ကြပြီး တရုတ် နိုင်ငံ အနေဖြင့် အိန္ဒိယ နိုင်ငံ အပေါ် ထားရှိသည့် မူဝါဒ က ပြောင်းလဲမှု မရှိကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် သံအမတ်ကြီး က တရုတ် နိုင်ငံ အနေဖြင့် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေး ကို ခိုင်မြဲစွာ ဆောင်ရွက် ခဲ့ပြီး တရုတ် နိုင်ငံ က အိန္ဒိယ နိုင်ငံအတွက် မဟာဗျူဟာအရ ခြိမ်းခြောက်မှုလည်း မဟုတ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် နိုင်ငံတော် အချုပ်အခြာအာဏာ အား ခိုင်မြဲစွာ ထိန်းသိမ်း ပြီး နယ်ချဲ့ကျူးကျော်မှု လုံးဝ မဆောင်ရွက်ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အဖြေင့် ပူးပေါင်းဆောင်ရွက်မှု ဖြင့် အပြန်အလှန် အကျိုးဖြစ်ထွန်းစေခြင်း ကို ဖော်ဆောင်ပြီး Zero-sum Game ကို ဆန့်ကျင်ကြောင်း ၊ တရုတ်-အိန္ဒိယ ဆက်ဆံရေးအား လှပသေသပ်သည့် အနုပညာလက်ရာ တစ်ခုပမာ ခေတ်အဆက်ဆက်လူတို့ ၏ သွေးချွေး နှင့် ဉာဏ်ပညာ တို့ဖြင့်တည်ဆောက်ခဲ့ရကြောင်း ၊ သို့သော် ယင်းအနုပညာလက်ရာ ကို ဖျက်ဆီးလိုက်ရန် က အချိန် စက္ကန့်ပိုင်းသာလိုအပ်ကြောင်း ၊ လက်ရှိချိန်သည် နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန် အတွက် အဓိက ကျသော အချိန် ကာလ သို့ ရောက်ရှိလာ ခဲ့ပြီး အနုပညာလက်ရာ မပျက်ဆီးအောင် ဂရုစိုက်ရမည် ဖြစ်ကြောင်း ၊ ယခုကဲ့သို့သော အရေးပါသည့် အချိန်မျိုး တွင် ပိုမိုတည်ငြိမ်စွာ ဂရုတစိုက်ဖြင့် နှစ်နိုင်ငံ ဆက်ဆံရေး အား ကိုင်တွယ်ဖြေရှင်းသွားရမည် ဖြစ်ကြောင်း ၊ တရုတ်-အိန္ဒိယ နှစ်နိုင်ငံ ချစ်ခင်ရင်းနှီးခြင်းသည် နိုင်ငံ ၏ အခြေခံအကျိုးစီးပွား နှင့် ကိုက်ညီမှု ရှိပြီး အခြေအနေအရ လိုအပ်သော လူအများလိုလားသော ကိစ္စရပ် တစ်ခုဖြစ်ကြောင်း ပြောကြား ခဲ့သည်။  (Xinhua)