Connect with us

Politics, Law & Military

တရုတ်နိုင်ငံ တောင်ပိုင်းတွင် မိကျောင်းပေါက် ကောင်ရေ ၉၀၀ ကျော် တွေ့ရှိ

ဖမ်းဆီးမိထားသည့် မိကျောင်းပေါက်များအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

နန်နင်း၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးကျွမ့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရှိ နယ်စပ် ရဲတပ်ဖွဲ့သည် ကာကွယ်ထိန်း သိမ်းရန် လိုအပ်သည့် Siamese မိကျောင်းပေါက် ကောင်ရေ ၉၄၀ အား တွေ့ရှိခဲ့ကြောင်း သိရသည်။

တရုတ်- ဗီယက်နမ် နယ်စပ် Fangchenggang မြို့တုံရှင်းမြို့နယ်၌ သြဂုတ်လ ၂၈ ရက် နံနက်ပိုင်းက ရဲတပ်ဖွဲ့ ကင်းလှည့်နေစဉ် ဆိပ်ခံတံတား တစ်ခုပေါ်၌ တိရစ္ဆာန် အော်သံများ ကြားခဲ့ပြီးနောက် သေတ္တာ နှစ်လုံးအတွင်း၌ အဆိုပါ မိကျောင်းများအား တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ဆိပ်ကမ်းအနီး နေထိုင်သူများအား မေးမြန်းရာတွင် ၁၅ ရက်သားခန့် ရှိပြီ ဖြစ်သော အဆိုပါ မိကျောင်းများအား မည်သူ ပိုင်ဆိုင်ကြောင်း ပြောကြားခဲ့ခြင်း မရှိဟု ရဲတပ်ဖွဲ့က ပြောသည်။
ထို မိကျောင်းများအား အိမ်မွေး တိရစ္ဆာန်အဖြစ် လည်းကောင်း၊ သားဖောက်မွေးမြူရန်အတွက် လည်းကောင်း အသုံးပြုဟန်တူပြီး အခြား ဒေသသို့ ရောင်းချရန် ဖြစ်နိုင်ကြောင်း သိရသည်။
Fangchenggang မြို့တွင် Siamese မိကျောင်းနှင့် ဆက်နွှယ်သည့် ကိစ္စပေါင်း မြောက်မြားစွာ တွေ့ကြုံခဲ့ရ သည်ဟု ဆိုသည်။ ဇူလိုင်လအတွင်း၌လည်း ငှားရမ်းထားသည့် အိမ် တစ်ခုအတွင်း၌ Siamese မိကျောင်း ပေါက် ကောင်ရေ ၄၀၀ အား ဖမ်းဆီးမိခဲ့ကြောင်း၊ အေးခဲထားသည့် Siamese မိကျောင်း ကောင်ရေ ၇၀ အား ပင်လယ်စာ လုပ်ငန်းသုံး ထရပ်ကားအတွင်း တွေ့ရှိခဲ့ကြောင်း သိရသည်။
Siamese မိကျောင်းများသည် ပျောက်ကွယ်လုနီးပါး ဖြစ်နေသည့် အရှေ့တောင်အာရှ မူရင်းမျိုးစိတ် တစ်ခု ဖြစ်ပြီး ၎င်းတို့၏ အရေပြားကို နိုင်ငံတကာ ဈေးကွက်၌ တင်ပို့ရောင်းချသည့် ဇိမ်ခံ သားရေ ပစ္စည်းထုတ်ကုန်များ ပြုလုပ်ရာ တွင် ကုန်ကြမ်းအဖြစ် အသုံးပြုကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.