Connect with us

Politics, Law & Military

ရုရှားသမ္မတ နှင့် ဗြိတိန်ဝန်ကြီးချုပ်တို့က နှစ်နိုင်ငံ ဆက်ဆံရေးကို ပြုပြင်သွားရန် သဘောတူ

တရုတ်နိုင်ငံ ဟန်ကျိုးမြို့တွင် ပြုလုပ်သည့် G20 ထိပ်သီးအစည်းအဝေးသို့ရောက်ရှိလာသော ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေအား တွေ့ရစဉ် (ဆင်ဟွာ)

ဟန်ကျိုး၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)

ရုရှားသမ္မတ ဗလာဒီမာ ပူတင် နှင့် ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေတို့သည် စက်တင်ဘာ ၄ ရက်က တွေ့ဆုံခဲ့ကြပြီး ဆွေးနွေးဝိုင်းများမှ တစ်ဆင့် နှစ်နိုင်ငံ ဆက်ဆံရေးကို ပြန်လည်ပြုပြင်သွားရန် မျှော်လင့်ထားကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြသည်။

ယခုအစည်းအဝေးပွဲသည် ရုရှားသမ္မတ ဗလာဒီမာ ပူတင် နှင့် ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေတို့၏ ပထမဆုံးတွေ့ဆုံခြင်း ဖြစ်ပြီး ပူတင်က ထရီဇာမေ အနေဖြင့် ဗြိတိန်ဝန်ကြီးချုပ်ရာထူး လက်ခံရရှိခဲ့ခြင်း အပေါ် ဂုဏ်ပြုစကားပြောကြားခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုမြင့်မားသည့်အဆင့်တစ်ခုအထိရောက်ရှိရန် လုပ်ဆောင်သွားရန် မျှော်လင့်ကြောင်း ပူတင်ကပြောကြားခဲ့သည်။
ယူကရိန်းနှင့် ဆီးရီးယား အရေးကိစ္စများ အပေါ် နှစ်နိုင်ငံ၏ မတူညီသည့် ရပ်တည်ချက်များကြောင့် ရုရှား နှင့် ဗြိတိန် နှစ်နိုင်ငံ ကြား ဆက်ဆံရေးသည် နှစ်အနည်းငယ်ကြာ တင်းမာခဲ့ကြောင်း သိရသည်။
ထရီဇာမေ က နှစ်နိုင်ငံ သည် ဘုံစိုးရိမ်ပူပန်မှု နှင့် ပတ်သက်နေသော ရှုပ်ထွေးပြီး အရေးကြီးသည့် ကိစ္စရပ်များ အပေါ် သဘောထားကွဲလွဲချက်များ တည်ရှိနေကြောင်း အသိအမှတ်ပြုပြောကြားခဲ့ပြီး ပွင့်လင်းသော ဆက်ဆံရေး နှင့် ဆွေးနွေးပွဲများ လုပ်ဆောင်သွားရန် ပြောကြားခဲ့သည်။
ပူတင်နှင့် မေတို့သည် အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ ဆီးရီးယားပဋိပက္ခ၊ လေကြောင်း လုံခြုံရေး နှင့် မူးယစ်ဆေးဝါး တရားမဝင်ရောင်းချမှုများ နှင့် ပတ်သက်နေသည့် ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း ရုရှားနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး Alexei Ulyukayev က အစည်းအဝေးပြီးနောက် ပြောကြားခဲ့သည်။
ရုရှားသမ္မတ နှင့် ဗြိတိန်ဝန်ကြီးချုပ် တို့သည် တရုတ်နိုင်ငံ ဟန်ကျိုးမြို့တွင် ပြုလုပ်သည့် ၁၁ကြိမ်မြောက် G20 ထိပ်သီးအစည်းအဝေးပွဲသို့ ရောက်ရှိနေကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.