Connect with us

Politics, Law & Military

G20 ထိပ်သီးအစည်းအဝေးပွဲအတွင်း တရုတ်သမ္မတ နှင့် တောင်ကိုးရီးယားသမ္မတတို့တွေ့ဆုံ

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် နှင့် တောင်ကိုးရီးယားနိုင်ငံသမ္မတ ပက်ဂွန်ဟီး တို့နှစ်ဦးအား အတူတကွတွေ့ရစဉ် (ဆင်ဟွာ)

ဟန်ကျိုး ၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)

တရုတ် နှင့် တောင်ကိုးရီးယား နှစ်နိုင်ငံ အကြား တည်ငြိမ်ဖွံ့ဖြိုးမှုကို ရှေးရှုပြီး လမ်းကြောင်းမှန် ပေါ်တွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားသင့်ကြောင်း တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က စက်တင်ဘာလ ၅ ရက်တွင် ပြောကြားလိုက်သည်။

နှစ်နိုင်ငံအစိုးရအနေဖြင့် ကြုံတွေ့လာမည့် အခက်အခဲများ နှင့် စိန်ခေါ်မှုများကို အောက်ခြေအထိပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားရန် လိုကြောင်း ဟန်ကျိုးမြို့၌ ကျင်းပသည့် G20 ထိပ်သီးအစည်းဝေးပွဲတွင် တောင်ကိုးရီးယားသမ္မတ ပက်ဂွန်ဟီး နှင့်တွေ့ဆုံစဉ် ရှီက ပြောကြားခဲ့သည်။
“တရုတ် နဲ့တောင်ကိုးရီးယား နိုင်ငံဟာ ဘုံအကျိုးစီးပွားကျယ်ပြန့်စွာဖြင့် အတူတကွ တည်ရှိနေကြတဲ့ အိမ်နီးချင်း နိုင်ငံတွေဖြစ်ပါတယ်” ဟု ရှီက ဆိုသည်။ သမ္မတပက်ဂွန်ဟီးက တောင်ကိုးရီးယားအစိုးရအနေဖြင့် တောင်ကိုးရီးယား-တရုတ်ဆက်ဆံရေးများ တိုးတက်ကောင်းမွန်ရေးအတွက် အလေးထားတန်ဖိုးထားပါကြောင်း အတည်ပြု ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.