Connect with us

Politics, Law & Military

ရုရှား နိုင်ငံသမ္မတပူတင် နှင့် တရုတ် နိုင်ငံ CPC ဗဟိုကော်မတီအဖွဲ့ဝင် လိကျန့်ဆူး တွေ့ဆုံဆွေးနွေး

ရုရှား နိုင်ငံသမ္မတပူတင် နှင့် တရုတ် နိုင်ငံ CPC ဗဟိုကော်မတီအဖွဲ့ဝင် ဖျောင်ကျန့်ဆူး တွေ့ဆုံ ခဲ့စဉ်(ဆင်ဟွာ)

မော်စကို ၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံသမ္မတ ပူတင် က ဧပြီလ ၂၆ ရက်နေ့တွင် မော်စကို မြို့ ရှိကရင်မလင် နန်းတော် ၌ တရုတ် နိုင်ငံ CPC ဗဟိုကော်မတီအဖွဲ့ဝင် လိကျန့်ဆူး (Li Zhanshu) နှင့် တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ပြုလုပ်ခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှု တွင် ပူတင် က လက်ရှိချိန်၌ ရုရှား-တရုတ် နှစ်နိုင်ငံ သည် အထက်အရာရှိ အနီးကပ် တွေ့ဆုံဆက်ဆံမှု များရှိခဲ့ပြီး ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစွာတည်ရှိကြောင်း ၊ နှစ်နိုင်ငံအနေဖြင့် နိုင်ငံတကာအရေးကြီးကိစ္စရပ်များတွင် ကောင်းမွန်သည့် ညှိနှိုင်းတိုင်ပင်မှု ရှိကြောင်း ၊ နှစ်နိုင်ငံအပြည်အလှန် ပူးပေါင်းဆောင်ရွက်မှုတွင် သမိုင်းတစ်လျှောက် အမြင့်ဆုံး အဆင့်သို့ ရောက်ရှိခဲ့ခြင်း အပေါ် လွန်စွာကျေနပ်မိကြောင်း ၊ တရုတ် နိုင်ငံ မှ ဖော်ဆောင်သည့် ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှု ကိုထောက်ခံအားပေးပြီးလာမည့် မေလပိုင်းတွင် တရုတ် နိုင်ငံသို့ သွားရောက်ကာ ခေတ်သစ်ပိုးလမ်းမကြီး အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ထိပ်သီး အစည်းအဝေး တက်ရောက်ကာတရုတ် နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် တွေ့ဆုံသွားမည် ဖြစ်ကြောင်းပြောကြားခဲ့သည်။

လိကျန့်ဆူး က လက်ရှိချိန်တွင် တရုတ်-ရုရှား ဘက်စုံမဟာဗျူဟာ ညှိနှိုင်းဆောင်ရွက်မှု မိတ်ဖက် ဆက်ဆံရေးသည် သမိုင်းတစ်လျှောက် အကောင်းဆုံးအခြေအနေသို့ရောက်ရှိနေကြောင်း ၊ အတူတကွ ပူးပေါင်းဆောင်ရွက်မှု ဖြင့် အောင်မြင်မှုများရရှိစေသည့် ခေတ်သစ် နိုင်ငံအချင်းချင်းဆက်ဆံရေး ၏ စံနမူနာဟုလည်းခေါ်ဆိုနိုင်ကြောင်း ၊ နိုင်ငံတကာအခြေအနေ မည်သို့ပြောင်းလဲစေကာမူ နှစ်နိုင်ငံအနေဖြင့် ခိုင်မြဲစွာ နှင့် နက်ရှိုင်းစွာ ဘက်စုံမဟာဗျူဟာညှိနှိုင်းဆောင်ရွက်မှု ဆက်ဆံရေးကို မပြောင်းလဲအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ နှင့် ရုရှား နိုင်ငံအကြားအပြန်အလှန် နိုင်ငံခြားရေး ကူးလူးဆက်ဆံမှု သည် တစ်မူထူးခြားပြီး တရုတ်-ရုရှားဆက်ဆံရေး ၏ အဆင့်မြင့်ခြင်း နှင့် ထူးခြားခြင်း ကိုပေါ်လွင်စေခဲ့ကြောင်း ၊ နှစ်နိုင်ငံအနေဖြင့် မိမိ နိုင်ငံတို့၏ ဗဟိုအကျိုးရလဒ် များနှင့် အတူတကွ စိတ်ဝင်စားသည့် အရေးကြီးကိစ္စရပ်များ နှင့် ပတ်သက်၍ ဆက်လက်၍ အပြန်အလှန် ထောက်ခံသွားရမည်ဖြစ်ပြီး နှစ်နိုင်ငံကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု ကိုပိုမို မြှင့်တင်သွားရမည် ဖြစ်ကြောင်းပြောကြားခဲ့သည်။

လိကျန့်ဆူး က ယင်းနေ့မှာပင် ရုရှား နိုင်ငံသမ္မတပူတင် နှင့် တွေ့ဆုံခဲ့သည့် အပြင် ရုရှား နိုင်ငံသမ္မတရုံး ညွှန်ကြားရေးမှူးချုပ် နှင့် ရုရှားနိုင်ငံသဘာဝပတ်ဝန်းကျင် နှင့် လမ်းပန်းဆက်သွယ်ရေး အထူးကိုယ်စားလှယ် တို့နှင့်လည်းတွေ့ဆုံခဲ့ကြောင်းသိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.