Connect with us

Politics, Law & Military

လူသားမျိုးနွယ်အတွက် အနာဂါတ်မျှဝေအသိုက်အဝန်းတစ်ခု တည်ဆောက်ရန် သမ္မတ ရှီ တိုက်တွန်း

အာရှနှစ်ပတ်လည်ညီလာခံဆိုင်ရာ ဘိုးအောက်ဖိုရမ် ဖွင့်ပွဲအခမ်းအနား ၌ တရုတ်သမ္မတ ရှီကျင့်ဖိန် မိန့်ခွန်းပြောကြားစဉ် (ဆင်ဟွာ)

ဘိုးအောက်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က လူသားမျိုးနွယ်အတွက် အနာဂါတ်မျှဝေအသိုက်အဝန်းတစ်ခု တည်ဆောက်ရန်၊ အာရှ နှင့် ကမ္ဘာတစ်ခုလုံးတွင် ငြိမ်းချမ်းမှု၊ သာယာဝပြောမှု၊ ပွင့်လင်းမြင်သာမှု၊ လှပမှုများ ရှိလာစေရန် ကမ္ဘာအရပ်ရပ်မှ လူသားများအားလုံး အတူတကွ လုပ်ကိုင်ဆောင်ရွက်ကြရန် ဧပြီ ၁၀ ရက် က တိုက်တွန်းပြောကြားခဲ့သည်။

စိတ်ကူးအတွင်းမှ အနာဂါတ် နှင့်အတူ တစ်ဦး နှင့်တစ်ဦး လေးစားမှု၊ သာတူညီမျှမှုများဖြင့် ပြောဆိုဆက်ဆံကြရန် လိုအပ်ကြောင်း တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် တွင်ပြုလုပ်သော အာရှနှစ်ပတ်လည်ညီလာခံဆိုင်ရာ ဘိုးအောက်ဖိုရမ် ဖွင့်ပွဲအခမ်းအနား ၌ တရုတ်သမ္မတ ရှီကျင့်ဖိန် က ပြောကြားခဲ့သည်။

ရှီက အနာဂါတ်တွင် ဆွေးနွေးမှုစကားဝိုင်းများကို တိုးမြှင့်ခြင်း၊ တာဝန်ခံမှုများကို မျှဝေခြင်း၊ win-win ရလဒ်များအတွက် ပူးပေါင်းဆောင်ရွက်မှုများကို စေ့စပ်လုပ်ဆောင်ခြင်း၊ အားလုံးပါဝင်နိုင်မှုကို ထောက်ခံခြင်း၊ မတူကွဲပြားမှုများ မရှိသည့် ဟန်ချက်ညီမှုကို ရှာဖွေခြင်း၊ လေးစားမှုဖြင့် သဘာဝပတ်ဝန်ကျင်းကို စောင့်ရှောက်ခြင်း နှင့် ကမ္ဘာမြေကြီးအား တန်ဖိုးထားခြင်းတို့ကို လုပ်ဆောင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.