Connect with us

Politics, Law & Military

အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်(IPR)ကာကွယ်ရေး ကို ပိုမိုအားကောင်းအောင် ဆောင်ရွက်သွားမည်ဟု တရုတ်နိုင်ငံ သမ္မတ ရှီ ပြောကြား

အာရှနှစ်ပတ်လည်ညီလာခံဆိုင်ရာ ဘိုးအောက်ဖိုရမ် ဖွင့်ပွဲအခမ်းအနား ၌ တရုတ်သမ္မတ ရှီကျင့်ဖိန် မိန့်ခွန်းပြောကြားစဉ် (ဆင်ဟွာ)

ဘိုးအောက်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က တရုတ်နိုင်ငံသည် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်(IPR)ကာကွယ်ရေး ကို ပိုမိုအားကောင်းအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဧပြီ ၁၀ ရက် ကပြောကြားခဲ့သည်။

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် တွင်ပြုလုပ်သော အာရှနှစ်ပတ်လည်ညီလာခံဆိုင်ရာ ဘိုးအောက်ဖိုရမ် ဖွင့်ပွဲအခမ်းအနား ၌ တရုတ်သမ္မတ ရှီကျင့်ဖိန် က အထက်ပါအတိုင်း မိန့်ခွန်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်(IPR)ကာကွယ်ရေး သည် ပိုင်ဆိုင်မှုကာကွယ်ရေး တိုးတက်မှုစနစ် အတွက် အဓိကကျသည့် အစိတ်အပိုင်းတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံစီးပွားရေး၏ ယှဉ်ပြိုင်နိုင်မှု ကို တိုးမြှင့်ရာတွင် ယင်း ကာကွယ်မှု အကောင်းဆုံး တွန်းအားပေးနိုင်မည်ဖြစ်ကြောင်း သမ္မတကပြောကြားခဲ့သည်။

၎င်းက အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်(IPR)ကာကွယ်ရေး အားကောင်းလာရေးသည် ပြည်ပလုပ်ငန်းရှင်များအတွက် လိုအပ်ချက်တစ်ခုဖြစ်ပြီး တရုတ်နိုင်ငံသား လုပ်ငန်းရှင်များအတွက် ပို၍ပင် လိုအပ်ကြောင်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ဥပဒေစိုးမိုးမှုကို မြှင့်တင်ရန်၊ ဥပဒေချိုးဖောက်သူများအပေါ် သိသာထင်ရှားစွာ ဒဏ်ကြေးမြှင့်တင်ရန် နှင့် ဆက်စပ်ဥပဒေများကို ဟန့်တားစေသော အကျိုးသက်ရောက်မှုများကို လုံးဝပယ်ဖျက်သွားရန် ၂၀၁၈ခုနှစ်တွင် နိုင်ငံတော်ဉာဏမူပိုင်ခွင့်ရုံးအား ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း တရုတ်နိုင်ငံ သမ္မတ ကပြောကြားခဲ့သည်။

၎င်းက တရုတ်နိုင်ငံသည် တရုတ်လုပ်ငန်းရှင်များ နှင့် ပြည်ပလုပ်ငန်းရှင်များအကြား သာမန်နည်းပညာ ဖလှယ်မှုများ နှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် အားပေးတိုက်တွန်းပြီး တရုတ်နိုင်ငံရှိ ပြည်ပလုပ်ငန်းရှင်များ ပိုင်ဆိုင်သော IPR ကိုလည်း ကာကွယ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် သမ္မတရှီက ပြည်ပနိုင်ငံမှ အစိုးရများအနေဖြင့်လည်း တရုတ်၏ IPR ကာကွယ်မှုကို တိုးမြှင့်လုပ်ဆောင်ပေးသွားမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.