Connect with us

Politics, Law & Military

လွတ်လပ်စွာကုန်သွယ်ရေးအပေါ် အာရှ နှင့် ဥရောပတို့၏ တူညီသော စိတ်သဘောထားအမြင်

တရုတ်နိုင်ငံ ဝန်ကြီးချုပ်လီခဲ့ချန် နယ်သာလန်နိုင်ငံတွင် အောက်တိုဘာ ၁၀ ရက်ကပြုလုပ်သော တရုတ်-နယ်သာလန် စီးပွားရေးဖိုရမ်၌ လွတ်လပ်စွာကုန်သွယ်ရေးနှင့် ပတ်သက်၍ မိန့်ခွန်းပြောကြားစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)

ကိုယ်ကျိုးစီးပွားကာကွယ်မှု နှင့် တစ်ဖက်သတ်အယူဝါဒများ ကြီးထွားလာသော ကမ္ဘာကြီးတွင် အာရှ နှင့် ဥရောပတို့သည် လွတ်လပ်စွာကုန်သွယ်ရေး အပေါ် တူညီသောစိတ်သဘောထားအမြင်များကို မျှဝေခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှု နှင့် ဒေသဆိုင်ရာ ချိတ်ဆက်ဆောင်ရွက်မှုများ မြှင့်တင်ရန် ပူးတွဲလုပ်ဆောင်နေပြီ ဖြစ်သည်။

လွန်ခဲ့သော လများတွင် နိုင်ငံတကာအသိုင်းအဝိုင်းက ပြင်းထန်စွာ ကန့်ကွက်ခဲ့သော်လည်း အမေရိကန်နိုင်ငံ သည် အခွန်အတားအဆီးများကို နည်းဗျူဟာအဖြစ်အသုံးပြုကာ ၎င်း၏ ကုန်သွယ်ရေးမိတ်ဖက်များ ကို စတင်တိုက်ခိုက်ခဲ့သည်။

အမေရိကန်နိုင်ငံ၏ တာဝန်ခံမှုကင်းမဲ့သော ချဉ်းကပ်မှုသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကို ကမောက်ကမဖြစ်စေသလို စည်းမျဉ်းစည်းကမ်းများကို အခြေခံထားသော ကုန်သွယ်ရေးစနစ်ကို ထိခိုက်စေပြီး ကမ္ဘာ့စီးပွားရေးပြန်ထူထောင်လာမှုကို ခြိမ်းခြောက်နေခြင်းဖြစ်သည်။ ထို့အပြင် ယင်းဆောင်ရွက်မှုသည် ပြည်သူများ၏ ဆန္ဒ နှင့် ဆန့်ကျင်ပြီး အနာဂါတ်အကျိုးစီးပွားဖြစ်ထွန်းမှုကို ပိတ်ဆို့တားဆီးခြင်းဖြစ်သည်။

အဆိုပါ ဖြစ်ရပ်မျိုးနှင့် ရင်ဆိုင်နေရသည့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် စဉ်းစားဆင်ခြင်မှု နှင့် လက်တွေ့ကျသည့် လုပ်ဆောင်မှုများ ပြုလုပ်ရန် လိုအပ်လာသည်။

ကမ္ဘာ့ မြေဧရိယာအများဆုံးကို ပိုင်ဆိုင်ထားပြီး ကမ္ဘာ့လူဦးရေ၏ သုံးပုံနှစ်ပုံကျော်ရှိသော အာရှတိုက် နှင့် ဥရောပတိုက် တို့သည် အဓိကကျသော ကမ္ဘာ့စီးပွားရေးအုတ်ချပ်ကြီးများ နှင့် တည်ငြိမ်မှုအတွက် တွန်းအားများဖြစ်သည်။ ၎င်းတို့၏ အကျိုးစီးပွားရှာဖွေမှုတွင် လွတ်လပ်စွာကုန်သွယ်မှု၊ နိုင်ငံပေါင်းစုံပါဝင်နိုင်မှုကို စောင့်ရှောက်ခြင်း နှင့် ပိုမိုပွင့်လင်းမြင်သာပြီး စုစည်းမှုရှိသည့် ကမ္ဘာတစ်ခုကို တည်ဆောက်ခြင်းတို့ ပါဝင်သည်။

ဥရောပကောင်စီမှ ကိန်းဂဏန်းအချက်အလက်များအရ ဥရောပအာရှ မိတ်ဖက်များသည် လက်ရှိ ကမ္ဘာ့ကုန်သွယ်ရေး၏ ၅၅ရာခိုင်နှုန်းကို လုပ်ဆောင်နေကြသလို ကမ္ဘာ့စီးပွားရေး၏ ၆၅ရာခိုင်နှုန်းတွင် ပါဝင်နေကြကြောင်း သိရသည်။ ၎င်းတို့အတွက် များစွာသော ကြီးပွားရေးအခွင့်အလမ်းများ ရှာဖွေတွေ့ရှိရန် ကျန်ရစ်နေသေးသည်မှာ အသေအချာပင်ဖြစ်သည်။

အာရှ နှင့် ဥရောပ တို့သည် သဘာဝမိတ်ဖက်များဖြစ်ပြီး ပထဝီတည်ရှိမှုအရ ဥရောပ နှင့် အာရှတိုက်နှစ်ခု အစပ်ရှိနိုင်ငံများသည် ၎င်းတို့၏ အိမ်နီးချင်းများ၊ အခြားနိုင်ငံများ နှင့် အဆင်ပြေချောမွေ့စွာ ချစ်ကြည်ရေးတည်ဆောက်နိုင်ကြသည်။ ဥရောပအာရှသားများ အပြင်ဘက်ကမ္ဘာလောကသို့ ရောက်ရှိစေရန် ရှေးဟောင်းပိုးလမ်းမကြီးသည် အရေးကြီးသော လမ်းကြောင်းတစ်ခုအဖြစ် ဆောင်ရွက်ပေးခဲ့သည်။

ကမ္ဘာ့စီးပွားရေးတွင် ဖိအားများနှင့် ရင်ဆိုင်နေရသည့်အတွက် အာရှ နှင့် ဥရောပတိုက် နှစ်ခုစလုံးသည် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု နှင့် ကြီးပွားမှုကို ထိန်းသိမ်းထားရန် တွန်းအားများ ပိုမိုလိုအပ်နေသည်။ ဥပမာအားဖြင့် တစ်ဖက်နှင့် တစ်ဖက် လွတ်လပ်သောကုန်သွယ်မှု နှင့် ရင်းနှီးမြှုပ်နှံမှု တို့ကို ဆောင်ရွက်ခြင်းသည် ကိုယ်ပိုင်ပန်းတိုင်သို့ ရောက်ရှိအောင်ဆောင်ရွက်ရန် အကျိုးရှိသည့် နည်းလမ်းများ အနက်တစ်ခု ဖြစ်သည်။

ဥရောပအာရှတွင် အစိုးရအချင်းချင်း ဆက်သွယ်သည့် အကြီးဆုံး ပလက်ဖောင်းဖြစ်သော အာရှ-ဥရောပ အစည်းအဝေးပွဲ (ASEM) သည် လွတ်လပ်စွာကုန်သွယ်မှု နှင့် နိုင်ငံပေါင်းစုံပါဝင်မှုတို့တွင် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်ပြီး ကိုင်တွယ်ဖြေရှင်းရန် မိတ်ဖက်နိုင်ငံများအား အခွင့်အလမ်းတစ်ခုကို ဖြည့်ဆည်းပေးသွားမည်ဖြစ်သည်။

၉ရက်တာ ဥရောပအာရှခရီးစဉ် ရောက်ရှိနေသော တရုတ်နိုင်ငံ ဝန်ကြီးချုပ်လီခဲ့ချန် သည် ဥရောပသမဂ္ဂရုံးချုပ်တည်ရှိရာ ဘရပ်ဆဲလ်မြို့တွင် အောက်တိုဘာ ၁၈ မှ ၁၉ရက် အထိ ပြုလုပ်မည့် အစည်းအဝေးပွဲသို့ တက်ရောက်သွားမည်ဖြစ်သည်။ လီ၏ ခရီးစဉ်သည် နိုင်ငံများအကြား အကာအရံ အတားအဆီးများကို ချိုးဖျက်ပြီး ချိတ်ဆက်မှုကို မြှင့်တင်ကာ ကမ္ဘာ့တိုက်ကြီးများတစ်လျှောက် တည်ငြိမ်မှုရရှိရန် တရုတ်နိုင်ငံ၏ ကြိုးပမ်းလုပ်ဆောင်မှု နှင့် မျှော်လင့်ချက်တို့ အတိအကျဖော်ပြလိုခြင်းပင်ဖြစ်သည်။

လွတ်လပ်စွာကုန်သွယ်မှုကို အခိုင်အမာ ထောက်ခံသူများ နှင့် ၎င်းမှ အကျိုးအမြတ်ခံစားရရှိသူများ ရှိနေသလို အာရှ နှင့် ဥရောပ တို့သည်လည်း နိုင်ငံပေါင်းစုံပါဝင်သော ကမ္ဘာတစ်ခုဝါဒကို ကာကွယ်ရန် ခိုင်မာသောသဘောတူညီချက်များအတွက် တန်ဖိုးမဖြတ်နိုင်သော အခွင့်အလမ်းတစ်ခုကို ကြုံတွေ့နေပြီး ဒေသတွင်း စုစည်းမှု နှင့် ကမ္ဘာ့လုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကျသော အခန်းကဏ္ဍတွင်ပါဝင်ဆောင်ရွက်နေခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.