Connect with us

Politics, Law & Military

ဟောင်ကောင် အမျိုးသားလုံခြုံရေး ထိန်းသိမ်းစောင့်ရှောက်မှုဥပဒေကို အခိုင်အမာထောက်ခံကြောင်း မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသ အစိုးရပြောကြား

ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ဒေသခံများက ဇွန် ၃၀ ရက်တွင် အမျိုးသားလုံခြုံရေး ထိန်းသိမ်းစောင့်ရှောက်မှုဥပဒေ ပြဌာန်းခြင်းအား ထောက်ခံကြိုဆိုသောအားဖြင့် တရုတ်နိုင်ငံတော်အလံနှင့် ဟောင်ကောင်အလံများကို ဝှေ့ယမ်းနေကြစဉ် (ဆင်ဟွာ)

မကာအို၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)

ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) တွင် အမျိုးသားလုံခြုံရေး ထိန်းသိမ်းစောင့်ရှောက်မှုဥပဒေ အတည်ပြုပြဌာန်းခြင်းနှင့်ပတ်သက်၍ မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသ အစိုးရအနေဖြင့် အခိုင်အမာထောက်ခံကြောင်း ဇွန် ၃၀ ရက်၌ ပြောကြားခဲ့သည်။ 

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားလုံခြုံရေးဥပဒေအား ဇွန် ၃၀ ရက် အစောပိုင်းက ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီ၏ ၂၀ ကြိမ်မြောက်အစည်းအဝေး၌ အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ၏ အထူးအခြေအနေအရ ပြဌာန်းလိုက်သော ယင်းဥပဒေက HKSAR ၏ အဆင့်မြင့်အုပ်ချုပ်ခွင့်ဒီဂရီနှင့် ဒေသခံများ၏ အခြေခံအခွင့်အရေးများနှင့် လွတ်လပ်မှုများကို အပြည့်အဝ လေးစားလိုက်နာမှု ပေးထားကြောင်း မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသ အစိုးရက ကြေညာချက်၌ ပြောကြားထားသည်။ 

ထိုဥပဒေသည် HKSAR အတွက် အမျိုးသားလုံခြုံရေးကို ထိန်းသိမ်းစောင့်ရှောက်ရန် ဥပဒေစနစ်၊ စီမံခန့်ခွဲမှုနှင့် ဥပဒေသက်ရောက်မှုကို တိုးတက်စေမည်ဖြစ်ကာ မူဝါဒ တည်ငြိမ်ပြီး ရေရှည်တည်တံ့သော “တစ်နိုင်ငံ၊ စနစ်နှစ်မျိုး” ဖွံ့ဖြိုးတိုးတက်မှုကို သေချာမှုရှိစေမည် ဖြစ်ကြောင်း ကြေညာချက်၌ ဖော်ပြထားသည်။ 

အမျိုးသားလုံခြုံရေးကို ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် တရုတ်နိုင်ငံအပြင် ဟောင်ကောင်နှင့် မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသများ၏ ကာလရှည် တည်ငြိမ်မှုနှင့် သာယာဝပြောမှာအတွက် မရှိမဖြစ် လိုအပ်ချက်ဖြစ်ကြောင်း၊ ဟောင်ကောင်နှင့် မကာအို ဒေသခံများအပါအဝင် တရုတ်နိုင်ငံသားများအားလုံး၏ ဘုံတာဝန်တစ်ရပ်လည်း ဖြစ်သည်။ 

မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရအနေဖြင့် HKSAR အစိုးရနှင့်အတူ အခိုင်အမာ ဆက်သွယ်သွားမည် ဖြစ်ကာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အမျိုးသားလုံခြုံရေး ထိန်းသိမ်းစောင့်ရှောက်မှုတာဝန်ကို ပိုမိုကောင်းမွန်စွာ ဆောင်ရွက်သွားမည်ဟု ကြေညာချက်၌ ဖြည့်စွက်ဖော်ပြထားသည်။ 

တရုတ်ပြည်သူ့နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုညီလာခံ  အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ Ho Hau Wah က ၎င်းဥပဒေ ပြဌာန်းခြင်းအပေါ် အခိုင်အမာ ထောက်ခံကြောင်းနှင့် ယင်းက ဟောင်ကောင်ရှိ ပရမ်းပတာအခြေအနေများ အဆုံးသတ်စေရန်နှင့် ကာလရှည် တည်ငြိမ်မှုနှင့် သာယာဝပြောမှုများ ရရှိရန်  အခြေခံအဆင့်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ ဥပဒေ ပြဌာန်းခြင်းသည် “တစ်နိုင်ငံ၊ စနစ်နှစ်မျိုး” ဖွံ့ဖြိုးတိုးတက်မှု၏ အထိမ်းအမှတ်ဖြစ်ကြောင်း၊ “တစ်နိုင်ငံ၊ စနစ်နှစ်မျိုး” ကို စောင့်ထိန်းရန်နှင့် တိုးတက်စေရန် အဓိကဆောင်ရွက်ချက်လည်း ဖြစ်ကြောင်း Ho က ဆိုသည်။ 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.