Connect with us

Politics, Law & Military

ဟောင်ကောင်အတွက် အမျိုးသားလုံခြုံရေးဥပဒေက အလှည့်အပြောင်းဆုံမှတ်ဖြစ် ၊  “တစ်နိုင်ငံ စနစ်နှစ်မျိုး”  အတွက် သမိုင်းမှတ်တိုင်တစ်ခုဟု ဆို 

အမိမြေသို့ ဟောင်ကောင်ပြန်လည်ရောက်ရှိခြင်း ၂၃ နှစ်မြောက် အထိမ်းအမှတ် ဖွင့်ပွဲ အခမ်းအနားတွင် HKSAR ရှိ ဗဟိုပြည်သူ့အစိုးရ၏ ဆက်ဆံရေးရုံး ညွှန်ကြားရေးမှူး Luo Huining က မိန့်ခွန်း ပြောကြားစဉ်(ဆင်ဟွာ)

ဟောင်ကောင် ၊ ဇူလိုင် ၁ ရက်(ဆင်ဟွာ) 

တရုတ်ပြည်သူ့သမ္မတနိုင်ငံက ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR)တွင် အမျိုးသားလုံခြုံရေး ထိန်းသိမ်းစောင့်ရှောက်ရေးအပေါ်  ဥပဒေပြဌာန်းခြင်းသည် ဟောင်ကောင်အတွက် သိသာထင်ရှားသော အလှည့်အပြောင်းတစ်ခု ဖြစ်ပြီး တစ်နိုင်ငံ ၊ စနစ်နှစ်မျိုးအား လက်တွေ့ကျင့်သုံးခြင်း အတွက် သမိုင်းမှတ်တိုင် တစ်ခု ဖြစ်ကြောင်း HKSAR ရှိ ဗဟိုပြည်သူ့အစိုးရ၏ ဆက်ဆံရေးရုံး ညွှန်ကြားရေးမှူး Luo Huining က ယနေ့ ဇူလိုင် ၁ ရက်တွင် ပြောကြားခဲ့သည်။ 

“အချိန်တွေ ကုန်လွန်လာတာနဲ့အမျှ ဥပဒေပြဌာန်းခြင်းက ဟောင်ကောင်အတွက် မငြိမ်သက်မှုကနေ တည်ငြိမ်မှုကို ရွေ့လျားဖို့ သိသာထင်ရှားတဲ့ အလှည့်အပြောင်း ဖြစ်မယ်ဆိုတာ ကျွန်တော်တို့ ကောင်းစွာမြင်တွေ့နိုင်မှာပါ။ ဟောင်ကောင်မှာ တစ်နိုင်ငံ ၊ စနစ်နှစ်မျိုး လက်တွေ့ကျင့်သုံးမှုအတွက် အဓိက သမိုင်းမှတ်တိုင် တစ်ခု ဖြစ်ပါတယ်။”ဟု Luo Huining က အမိမြေသို့ ဟောင်ကောင်ပြန်လည်ရောက်ရှိခြင်း ၂၃ နှစ်မြောက် အထိမ်းအမှတ် ဖွင့်ပွဲ အခမ်းအနား မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။ 

အမိမြေသို့ ဟောင်ကောင်ပြန်လည်ရောက်ရှိခြင်း ၂၃ နှစ်မြောက် နှစ်ပတ်လည်နေ့ ကျင်းပရန် Golden Bauhinia ရင်ပြင်၌ အလံလွှင့်ထူခြင်း အခမ်းအနား ကျင်းပစဉ်(ဆင်ဟွာ) 

ပြီးခဲ့သောနှစ်မှစတင်ကာ ယခုရုပ်သိမ်းလိုက်ပြီးဖြစ်သော တရားခံလွှဲပြောင်း ရေးဥပဒေနှင့်စပ်လျဉ်း၍ လူမှုရေးမတည်ငြိမ်မှုပေါ်ပေါက်ခဲ့ပြီး ဟောင်ကောင်သည် အမျိုးသားလုံခြုံရေးထိန်းသိမ်းမှုတွင် အန္တရာယ်ဖြင့်ကြုံတွေ့ခဲ့ရကြောင်း နှင့် ယင်းသည် တစ်နိုင်ငံ စနစ်နှစ်မျိုးအတွက် ကြီးမားသော စိန်ခေါ်မှုတစ်ခု ဖြစ်ခဲ့ရကြောင်း ၎င်းကဆိုသည်။ 

အဆိုပါနောက်ခံအကြောင်းတရားကြောင့် အမျိုးသားပြည်သူ့ကွန်ဂရက်၏ အမြဲတမ်းကော်မတီသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အမျိုးသားလုံခြုံရေးထိန်းသိမ်းစောင့်ရှောက်ရေးဥပဒေကို ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသတွင်ပြဌာန်းရန် အတည်ပြုခဲ့ခြင်းဖြစ်ပြီး ယင်းမှာ တစ်နိုင်ငံ ၊ စနစ်နှစ်မျိုး မူဘောင်ကို တိုးတက်ကောင်းမွန်အောင် ပြုလုပ်ခြင်းနှင့် ပိုမိုခိုင်မာတောင့်တင်းစေရန် အရွေ့တစ်ခု ဖြစ်ကြောင်း Luo Huining က မှတ်ချက်ပြုခဲ့သည်။ (Xinhua)