Connect with us

Politics, Law & Military

ဟောင်ကောင်တွင် အမျိုးသားလုံခြုံရေး ထိန်းသိမ်းစောင့်ရှောက်မှုဥပဒေ အတည်ပြုပြဌာန်းခြင်းအပေါ် HKSAR တရားရေးဝန်ကြီး ကြိိုဆို

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ တရားရေးဝန်ကြီး Teresa Cheng နှင့် ဆင်ဟွာသတင်းဌာနက ဇွန် ၁ ရက်က တွေ့ဆုံမေးမြန်းမှု ပြုလုပ်နေစဉ် (ဆင်ဟွာ)

ဟောင်ကောင်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)

ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) အစိုးရ တရားရေးဝန်ကြီး Teresa Cheng က ဟောင်ကောင်၌ အမျိုးသားလုံခြုံရေး ထိန်းသိမ်းစောင့်ရှောက်မှုဥပဒေ အတည်ပြုပြဌာန်းခြင်းအပေါ် ကြိုဆိုကြောင်း ဇွန် ၃၀ ရက်တွင် ပြောကြားခဲ့သည်။ 

Cheng က ၎င်းအနေဖြင့် တရားရေးဌာန (DoJ) အား ဆက်လက်ဦးဆောင်သွားမည်ဖြစ်ပြီး HKSAR တွင် အမျိုးသားလုံခြုံရေး ထိန်းသိမ်းစောင့်ရှောက်မှုဆိုင်ရာ တာဝန်ယူမှုကို အပြည့်အဝ ထောက်ပံ့ခြင်းနှင့် ဆောင်ရွက်ခြင်းများကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကြေညာချက်၌ ပြောထားသည်။

HKSAR တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အမျိုးသားလုံခြုံရေး ထိန်းသိမ်းစောင့်ရှောက်မှုဥပဒေအား ဇွန် ၃၀ ရက် အစောပိုင်းက ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီ၏ ၂၀ ကြိမ်မြောက်အစည်းအဝေး၌ အတည်ပြုခဲ့ပြီး အဆိုပါ ဥပဒေအား HKSAR အခြေခံဥပဒေ နောက်ဆက်တွဲ ၃ တွင် ပေါင်းစပ်ထည့်သွင်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။ 

ယင်းဥပဒေသည် ခွဲထွက်ခြင်း ၊ အဖျက်အမှောင့်ပြုမူခြင်း၊ အကြမ်းဖက်လုပ်ရပ်များ စသည့် ပြစ်မှုမြောက်သော လုပ်ဆောင်မှုများနှင့် အမျိုးသားလုံခြုံရေးကို အန္တရာယ်ဖြစ်စေမည့် ပြည်ပနိုင်ငံ သို့မဟုတ် ပြင်ပအဖွဲ့အစည်းများနှင့်  ပူးပေါင်းလုပ်ဆောင်မှုများအတွက် ရည်ရွယ်ပြဌာန်းထားခြင်းဖြစ်သည်။ 

အမျိုးသားလုံခြံရေးကို အန္တရာယ်ဖြစ်စေမည့် ဥပဒေချိုးဖောက်သူများအန္တရာယ်မှ ကာကွယ်ခြင်း၊ တားဆီးခြင်းနှင့် အပြစ်ပေးခြင်းများအတွက် ရှင်းလင်းသော ဥပဒေများနှင့် အခြေခံဥပဒေရေးရာများကို ထောက်ပံ့ပေးကာ အမျိုးသားလုံခြုံရေးကို ထိန်းသိမ်းစောင့်ရှောက်ရန် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း Cheng က ဆိုသည်။  (Xinhua)