Connect with us

Politics, Law & Military

ဟောင်ကောင် အမှုဆောင် အရာရှိချုပ်ဟောင်း Tung Chee-hwa နှင့် တရုတ် သမ္မတ ရှီကျင့်ဖိန် တွေ့ဆုံ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ယာ) နှင့် တရုတ် ပြည်သူ့ နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှု ညီလာခံ (CPPCC) အမျိုးသား ကော်မတီ၏ ဒုတိယ ဥက္ကဋ္ဌဖြစ်သူ Tung Chee-hwa (ဝဲ) တို့အား တရုတ်နိုင်ငံ တောင်ပိုင်း ဟောင်ကောင်တွင် ဇွန်လ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟောင်ကောင်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဟောင်ကောင် အထူး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ပထမဆုံး အမှုဆောင် အရာရှိချုပ်ဖြစ်ခဲ့သူ Tung Chee-hwa နှင့် ဇွန်လ ၃၀ ရက်က တွေ့ဆုံခဲ့ကြောင်း၊ ၎င်းသည် “တစ်နိုင်ငံ၊ စနစ် နှစ်ခု” မူဝါဒတွင် ဟောင်ကောင် ပါဝင်လာရေးအတွက် ရှေ့ဆောင်လမ်းပြခဲ့သူ တစ်ဦး ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် တရုတ် ပြည်သူ့ နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှု ညီလာခံ (CPPCC) အမျိုးသား ကော်မတီ၏ ဒုတိယ ဥက္ကဋ္ဌဖြစ်သူ Tung သည် ၁၉၉၇ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် ဟောင်ကောင်ကို ဗြိတိသျှ အုပ်ချုပ်မှု လက်အောက်မှ တရုတ်နိုင်ငံထံသို့ ပြန်လည်ရောက်ရှိလာချိန်၌ ပထမဆုံး အမှုဆောင်အရာရှိချုပ် ဖြစ်လာခဲ့သည်။

CPPCC အမျိုးသား ကော်မတီ၏ ဒုတိယ ဥက္ကဋ္ဌဖြစ်သည့်အားလျော်စွာ Tung သည် တိုင်းပြည်နှင့် ဟောင်ကောင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုပ်ငန်းများအတွက် ၎င်းကိုယ်တိုင် နှစ်မြှုပ်ထားခဲ့သူ ဖြစ်ကြောင်း၊ Tung ၏ အရိုက်အရာ ဆက်ခံမည့်သူများအတွက်လည်း စံနမူနာကောင်း တစ်ဦး ဖြစ်ကြောင်း သမ္မတ ရှီက ပြောသည်။

ထို့ပြင် Tung က အနာဂတ်တွင် တိုင်းပြည်နှင့် ဟောင်ကောင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက် ပါဝင်သွားရန် မျှော်လင့်ကြောင်း သမ္မတ ရှီက ဆိုသည်။

Tung ကလည်း “တစ်နိုင်ငံ၊ စနစ် နှစ်ခု” မူဝါဒအောက်တွင် ဟောင်ကောင် အထူး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၏ ရေရှည်တည်တံ့သော ကြွယ်ဝချမ်းသာရေးနှင့် တည်ငြိမ်ရေးအတွက် ယုံကြည်စိတ်ချမှု ရှိကြောင်းနှင့် တိုင်းပြည်နှင့် ဟောင်ကောင်ဒေသအတွက် ဖြည့်ဆည်းပေးနိုင်မည့်အရာများကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အမိမြေ အုပ်ချုပ်မှု လက်အောက်သို့ ဟောင်ကောင် ပြန်လည် ရောက်ရှိလာခြင်း နှစ် ၂၀ ပြည့်နှင့် ဟောင်ကောင် အထူး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစိုးရ၏ ပဉ္စမအကြိမ်မြောက် သက်တမ်း အပ်နှင်းပွဲ အခမ်းအနားများသို့ တက်ရောက်ရန်အတွက် ဟောင်ကောင်သို့ ရောက်ရှိနေခြင်း ဖြစ်သည်။ သုံးရက်ကြာမြင့်မည့် ဟောင်ကောင် ခရီးစဉ်အတွင်း ရှီသည် ဟောင်ကောင် အထူး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း လှည့်လည်စစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.