Connect with us

Politics, Law & Military

အမေရိကန်သမ္မတ ဘားရတ် အိုဘားမား၏ သီးသန့် ညစာစားပွဲသို့ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် တက်ရောက်


ဝါရှင်တန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန် နှင့် ဇနီး ဖျိန်လိယွမ်တို့သည် အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ရှိ အင်န်ဒရူး လေတပ်စခန်းသို့ ဒေသစံတော်ချိန် ညနေ ၅း၄၀ နာရီ၌ ရောက်ရှိပြီး အမေရိကန်နိုင်ငံ ဒုတိယ သမ္မတ ဂျိုးဘစ်ဒန်နှင့် ဇနီးတို့က ကြိုဆို နှုတ်ဆက်ပါသည်။

ထို့နောက် သမ္မတရှီနှင့် ဇနီးသည် အမေရိကန်သမ္မတ ဘားရတ် အိုဘားမား တည်ခင်း ဧည့်ခံသည့် အိမ်ဖြူတော်ရှိ သီးသန့် ညစာ စားပွဲသို့ တက်ရောက်ခဲ့သည်။ သမ္မတရှီသည် ဝါရှင်တန်တွင် ရှိနေစဉ်အတွင်း သမ္မတ အိုဘားမား အပါအဝင် အမေရိကန် နိုင်ငံရေး ခေါင်းဆောင်များနှင့် လည်း တွေ့ဆုံရန် ရှိပါသည်။

စက်တင်ဘာ ၂၅ ရက်နေ့တွင် သမ္မတရှီသည် အိမ်ဖြူတော်၌ တရားဝင် ကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်မည် ဖြစ်ပြီး အမေရိကန် သမ္မတ အိုဘားမားနှင့် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်သည်။ ထို့နောက် ရှီသည် အိုဘားမားနှင့် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မည် ဖြစ်သည်။ ယင်းနေ့တွင်ပင် ရှီသည် အမေရိကန် ပါလီမန် ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံမည် ဖြစ်ပြီး အမေရိကန် ဒုတိယ သမ္မတ ဂျိုးဘစ်ဒန် နှင့် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီတို့ တည်ခင်း ဧည့်ခံသော နေ့လည်စာ စားပွဲသို့ တက်ရောက်မည် ဖြစ်သည်။

အမေရိကန်သမ္မတ ဘားရတ် အိုဘားမားနှင့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် တို့အား ညစာစားပွဲ၌ တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဇနီး ဖျိန်လိယွမ် အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်သို့ ရောက်ရှိလာစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဇနီး အား အမေရိကန်နိုင်ငံ ဒုတိယ သမ္မတ ဂျိုးဘစ်ဒန်နှင့် ဇနီးတို့က လာရောက်ကြိုဆိုစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဇနီး အား အမေရိကန်နိုင်ငံ ဒုတိယ သမ္မတ ဂျိုးဘစ်ဒန်နှင့် ဇနီးတို့က လာရောက်ကြိုဆိုစဉ် (ဆင်ဟွာ)

ထို့နောက် ရှီသည် နိုင်ငံတော် ညစာစားပွဲသို့ တက်ရောက်မည် ဖြစ်သည်။ အဆိုပါ နိုင်ငံတော် ညစာစားပွဲ အခမ်းအနားသည် သမ္မတရှီ၏ အမေရိကန် ခရီးစဉ်အတွင်း အရေးပါသော အစိတ် အပိုင်း တစ်ခုဖြစ်ပြီး တရုတ်- အမေရိကန် အရာရှိများအတွက် ယင်းနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သော အရေးပါသော ဆွေးနွေးမှုများအား ဆက်လက် ပြုလုပ်နိုင်ရန် အခွင့်အရေး တစ်ရပ်လည်း ဖြစ်ပါသည်။

နှစ်နိုင်ငံ ခေါင်းဆောင်များ တွေ့ဆုံစဉ်တွင် တရုတ်-အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေး၊ ပြည်တွင်းနှင့် နိုင်ငံခြားရေး မူဝါဒများ၊ ဒေသတွင်းနှင့် နိုင်ငံတကာ အခြေအနေများ အပေါ်အမြင်ချင်း ဖလှယ်ကြမည်ဖြစ်ပြီး တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံ အကြား အဓိကနိုင်ငံကြီး အချင်းချင်း တို့ကြား ဆက်ဆံရေး ပုံစံသစ်အား ဆက်လက် တိုးမြှင့် နိုင်ရန် ဆွေးနွေး ကြမည် ဖြစ်သည်။

ရှီ၏ အမေရိကန်နိုင်ငံ ခရီးစဉ်အတွင်း နှစ်နိုင်ငံလုံး အနေဖြင့် စီးပွားရေးနှင့် ကုန်သွယ်မှု၊ စွမ်းအင်၊ ပြည်သူ အချင်းချင်း ဆက်ဆံရေး၊ ရာသီဥတု ပြောင်းလဲမှု ၊ သဘာဝ ပတ်ဝန်းကျင် ကာကွယ်ရေး၊ ဘဏ္ဍာရေး၊ သိပ္ပံနှင့် နည်းပညာ၊ စိုက်ပျိုးရေး၊ တရားဥပဒေ စိုးမိုးရေး၊ ကာကွယ်ရေး၊ လေကြောင်းနှင့် အခြေခံ အဆာက်အအုံ ဖွံ့ဖြိုး တိုးတက်မှုများ အတွက် အရေးကြီးသော သဘော တူညီမှုများ ရရှိနိုင်မည်ဟု လေ့လာ သူများက ခန့်မှန်း ကြသည်။

ယခုအကြိမ် ရှီနှင့် အိုဘားမား ထိပ်သီး ခေါင်းဆောင်များ တွေ့ဆုံမှုသည် ငါးကြိမ်မြောက် တွေ့ဆုံမှု ဖြစ်သည်။

ထို့ပြင် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ၏ ဖိတ်ကြားမှု အရ စက်တင်ဘာလ ၂၆ ရက်နေ့မှ ၂၈ ရက်အတွင်း အမေရိကန် နိုင်ငံ နယူးယောက် မြို့ရှိ ကုလသမဂ္ဂ ရုံးချုပ်တွင် ပြုလုပ်မည့် ကုလသမဂ္ဂ ထူထောင်ခြင်း နှစ် (၇၀) ပြည့် အခမ်းအနားကိုလည်း တက်ရောက်မည် ဖြစ်ကြောင်း သိရှိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.