Connect with us

Politics, Law & Military

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် အမေရိကန် နိုင်ငံ Tacoma မြို့ရှိ Lincoln အထက်တန်းကျောင်း အား သွားရောက် လည်ပတ်

Lincoln အထက်တန်းကျောင်း ကျောင်းသား များမှ တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် အား အမှတ်တရ အားကစား ဝတ်စုံ ကို ပေးအပ်နေစဉ် (ဓာတ်ပုံ- အင်တာနက်)

ဝါရှင်တန် ၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဇနီး ဖျိန်လိယွမ် သည် စက်တင်ဘာ ၂၃ ရက်နေ့ ညနေပိုင်း တွင် အမေရိကန် နိုင်ငံ Tacoma မြို့ရှိ Lincoln အထက်တန်းကျောင်း အား သွားရောက် လည်ပတ် ခဲ့သည်။ ကျောင်းတွင် Tacoma မြို့တော်ဝန် နှင့် Lincoln ကျောင်း ကျောင်းအုပ်ကြီး တို့မှ တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဇနီး အား လာရောက်ကြိုဆို ခဲ့ကြပြီး ကျောင်းသား ကိုယ်စားလှယ် များမှ လမ်းတစ်လျှောက်တွင် တရုတ် နိုင်ငံ နှင့် အမေရိကန် နိုင်ငံ အလံငယ် များအား ကိုင်ဆောင်၍ ကြိုဆို ခဲ့ကြသည်။

တရုတ် နိုင်ငံ သမ္မတနှင့် ဇနီးသည် Tacoma မြို့တော်ဝန်နှင့် ကျောင်းအုပ်ကြီး တို့နှင့် အတူ ကျောင်းအတွင်း အားကစား ကွင်သို့ သွားရောက်ကြည့်ရှု ခဲ့ကြသည်။ ကျောင်းသား များ အားကစား လေ့ကျင့် နေသည်ကို ကြည့်ရှု ခဲ့ကြပြီး တရုတ် နိုင်ငံ သမ္မတ နှင့် ဇနီး တို့မှ စာသင်ခန်း များအား သွားရောက် ကြည့်ရှုခဲ့ကြစဉ် တွင် ကျောင်းသား များမှ တရုတ် ဘာသာ စကား ဖြင့် အတူတကွ ကြိုဆိုကြောင်း ပြောကြား ခဲ့ကြသည်။ တရုတ် နိုင်ငံ သမ္မတ နှင့် ဇနီး သည် ကျောင်းသား ၊ ဆရာ/ဆရာမ များနှင့် စကားများပြောဆို ခဲ့ကြသည်။ ထို့နောက် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် မှ တရုတ် နိုင်ငံ သို့ လာရောက် လေ့လာရန် ပြောကြားခဲ့ပြီး တရုတ် နိုင်ငံ ၏ ယဉ်ကျေးမှု သည် လွန်စွာ ကျယ်ပြန့်နက်ရှိုင်းကြောင်း ၊ ပညာရေး ကဏ္ဍသည် တရုတ်-အမေရိကန် နှစ်နိုင်ငံ ပြည်သူလူထု ကို ချိတ်ဆက်ပေး နိုင်သည့် တံတား တစ်စင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့နောက်တွင် တရုတ် နိုင်ငံ သမ္မတ သည် Lincoln အထက်တန်းကျောင်း နှင့် တရုတ် နိုင်ငံ ဖူကျန့် ပညာရေး ကျောင်း တို့မှ ကျောင်းသား များမှ အတူတကွ သီဆို ထားသည့် တရုတ် ဘာသာ သီချင်း နှင့် အင်္ဂလိပ် ဘာသာ သီချင်း တို့ကို နားထောင် ခဲ့သည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် မှ Lincoln အထက်တန်းကျောင်းသို့ တရုတ် နိုင်ငံ မှ ပန်းချီကား များ ၊ စားပွဲတင် တန်းနစ် နှင့် အခြား ဆက်စပ် ပစ္စည်း များ ကို ပေးအပ် လှူဒါန်းခဲ့သည်။ ထို့နောက် ရှီကျင့်ဖိန် မှ နှစ်နိုင်ငံ လူငယ်များ အနေဖြင့် ပိုမို ဖလှယ်မှု များပြုလုပ်၍ ချစ်ကြည်ရေး တိုးမြင့် အောင်ဆောင်ရွက်သွားရန် ၊ တရုတ် နိုင်ငံ အား ပိုမို သိရှိ နားလည် နိုင်ရန် တရုတ် နိုင်ငံ သို့ များများ လာရောက် လေ့လာကြရန် ပြောကြား ခဲ့သည်။

Lincoln အထက်တန်းကျောင်း သည် ၁၉၁၃ ခုနှစ် တွင် တည်ထောင်ခဲ့ပြီး လက်ရှိချိန် တွင်ကျောင်းသား ၁၅၀၀ ဦးခန့်ရှိသည်။ ၂၀၀၈ ခုနှစ် မေလ ပိုင်းတွင် Lincoln အထက်တန်းကျောင်း နှင့် ဖူကျန့် ပညာရေး ကျောင်း တို့သည် ချစ်ကြည်ရေး ကျောင်း အဖြစ် ပြုလုပ် ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.