Connect with us

Politics, Law & Military

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး တရုတ် နိုင်ငံသို့လာရောက် လည်ပတ်စဉ် ၃၅ နာရီ အတွင်း ဆွေးနွေး ခဲ့သည် အချက်ကြီး (၁၀) ချက်

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် မှ အမေရိကန် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ အား တရုတ်နိုင်ငံ ပေကျင်းမြို့၌ လက်ခံ တွေ့ဆုံခဲ့စဉ် (ဆင်ဟွာ)

ပေကျင်း ၊ မေ ၁၈ ရက် (ဆင်ဟွာ)
အမေရိကန် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ သည် မေလ ၁၆ ရက်နေ့ မှ ၁၇ ရက်ထိ တရုတ် နိုင်ငံသို့ လာရောက် လည်ပတ် ခဲ့ပြီး ခရီးစဉ်မှာ အချိန် ၃၅ နာရီခန့် ကြာမြင့် ခဲ့သည်။ တရုတ် နိုင်ငံ ဘက်နှင့် ဆွေးနွေးမှု (၅) ကြိမ် ပြုလုပ်ခဲ့ပြီး တရုတ်-အမေရိကန် အထက် အရာရှိများ ဆက်ဆံရေး ၊ စီးပွားရေး ၊ စစ်ရေး ၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးနှင့် နိုင်ငံတကာ ရေးရာတို့ ပါဝင်သည့် အချက်ကြီး (၁၀) ချက် အား ဆွေးနွေး ခဲ့ကြသည်။

အချက်(၁) တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်၏ အမေရိကန် လည်ပတ်ရေး ခရီးစဉ်
လာမည့် စက်တင်ဘာလတွင် တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် အမေရိကန် သမ္မတ အိုဘားမား၏ ဖိတ်ကြားမှုဖြင့် အမေရိကန်သို့ သွားရောက် လည်ပတ် မည်ဖြစ်သည်။ တရုတ် နိုင်ငံတော် ကောင်စီဝင် ယန်ကျဲ့ချီနှင့် တွေဆုံရာတွင် ဂျွန်ကယ်ရီမှ တရုတ် သမ္မတ ရှီကျင့်ဖိန် အမေရိကန်သို့ သွားရောက် လည်ပတ်ရေး ခရီးစဉ်သည် ယခုနှစ် တရုတ်-အမေရိကန် ဆက်ဆံရေး၏ အရေးကြီးဆုံး ကိစ္စရပ် တစ်ခု ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်နှင့် တွေဆုံရာတွင် ဂျွန်ကယ်ရီမှ တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်မှ အမေရိကန် သမ္မတ အိုဘားမားနှင့် တွေ့ဆုံခြင်းသည် တရုတ်-အမေရိကန် ဆက်ဆံရေး နောက် တစ်ဆင့် တိုးမြှင့် နိုင်ရန် လွန်စွာ အရေး ပါကြောင်း ပြောကြား ခဲ့သည်။
အချက် (၂) အင်အားကြီး နိုင်ငံ ဆက်ဆံရေး ပုံစံသစ် တည်ဆောက်ရေး အတွက် အာရှ-ပစိဖိတ် ဒေသသည် အဓိက ကျကြောင်း
တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိမှ အာရှ-ပစိဖိတ် ဒေသသည် တရုတ်-အမေရိကန် အင်အားကြီး နိုင်ငံ ဆက်ဆံရေး ပုံစံသစ် တည်ဆောက်ရန် အတွက် အဓိက ကျသော နေရာ ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် နိုင်ငံ အချင်းချင်းနှင့် နိုင်ငံ တကာ ကဏ္ဍ နှစ်ခုတွင် မဟာဗျူဟာ ညှိနှိုင်း ဆောင်ရွက်မှုများ တိုးမြှင့် သွားရမည် ဖြစ်ကြောင်း ၊ အာရှ-ပစိဖိတ် အပါအဝင် ဒေသ အသီးသီး တွင် ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့် သွားရမည် ဖြစ်ပြီး သဘောထား ကွဲလွဲမှုများကို ကောင်းမွန်စွာ ထိန်းချုပ် သွားရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တရုတ်-အမေရိကန် အင်အားကြီး နိုင်ငံ ဆက်ဆံရေး ပုံစံသစ်ကို ပြောကြား ခဲ့သည်မှာ နှစ် အနည်းငယ် ရှိပြီး ဖြစ်သည်။ ၂၀၁၃ ခုနှစ်က နှစ်နိုင်ငံ သမ္မတ မှ Sunnylands ၌ တွေ့ဆုံ ခဲ့စဉ်တွင် ဤကိစ္စ နှင့် ပတ်သက်၍ သဘော တူညီမှု ရရှိခဲ့သည်။ အဓိက သဘောတူ ခဲ့သည်မှာ အတိုက်အခံ မပြုခြင်း ၊ အပြန်အလှန် လေးစားမှု ရှိခြင်းနှင့် ပူးပေါင်း အောင်မြင်ခြင်း တို့ဖြစ်သည်။ ဤအချက် သည်လည်း နောက်ပိုင်း တရုတ်-အမေရိကန် တွေ့ဆုံမှု တိုင်းတွင် ဆွေးနွေး ဖြစ်ကြသည့် အဓိက အချက် ဖြစ်လာခဲ့သည်။
အချက်(၃) စီးပွားရေး ဆက်ဆံရေး— တရုတ်-အမေရိကန် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ သဘောတူညီမှု ဆွေးနွေး ခြင်း အရှိန် မြှင့်တင်ရန်
ဂျွန်ကယ်ရီမှ တရုတ်နိုင်ငံ ခရီးစဉ် အတွင်း နှစ်နိုင်ငံ အနေဖြင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့် သွားမည် ဖြစ်ကြောင်း ၊ တရုတ်-အမေရိကန် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ သဘောတူညီမှု ဆွေးနွေးခြင်း အရှိန် မြှင့်တင် သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တရုတ် နိုင်ငံ အနေဖြင့် အမေရိကန်မှ တရုတ်သို့ ပြည်သူသုံး အဆင့်မြင့် နည်းပညာ ထုတ်ကုန် တင်ပို့မှု ထိန်းချုပ်ရေးကို လျှော့ပေါ့ ပေးနိုင်သည့် လက်တွေ့ကျသော ဆောင်ရွက် ချက်များ ပြုလုပ်ရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။
တရုတ်-အမေရိကန် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ သဘောတူညီမှု ဆွေးနွေး ခြင်း ကို ၂၀၀၈ ခုနှစ်က စတင်ခဲ့ပြီး လက်ရှိချိန်တွင် စာချုပ်ပါ အကြောင်းအရာ များကို မူအားဖြင့် ဆွေးနွေးပြီးစီး သွားပြီ ဖြစ်သည်။
အချက်(၄) နှစ်နိုင်ငံ စစ်ရေး ဆက်ဆံမှု—ကျယ်ပြန့်စွာ လုပ်ဆောင်ရန်နှင့် အပြန်အလှန် ယုံကြည်မှု တိုးမြှင့်ရန်
ဂျွန်ကယ်ရီ၏ ယခု အကြိမ် တရုတ်နိုင်ငံသို့ သွားရောက် လည်ပတ်မှုတွင် ထူးခြား ချက်မှာ တရုတ် စစ်ဘက် အရာရှိများနှင့် ပထမဆုံး အကြိမ် တွေ့ဆုံ ခဲ့ကြခြင်း ဖြစ်သည်။
တရုတ် ဗဟို စစ်ကော်မရှင် ဒုတိယ ဥက္ကဌ ဖန်ချန်လုံမှ ဂျွန်ကယ်ရီနှင့် တွေ့ဆုံ ရာတွင် နှစ်နိုင်ငံ စစ်ရေး ဆက်ဆံမှုသည် အဓိကအားဖြင့် အဆင်ပြေကြောင်း ၊ နှစ်နိုင်ငံ စစ်ရေး ဆက်ဆံမှု သည်လည်း ထိုးဖောက်မှု များစွာ ရရှိခဲ့ကြောင်း ၊ သို့သော် နှစ်နိုင်ငံ စစ်ရေး ဆက်ဆံမှုသည် ကျယ်ပြန့်စွာ လုပ်ဆောင်ရန် ကျန်ရှိပြီး အဓိကမှာ အပြန်အလှန် ယုံကြည်မှု တိုးမြှင့်ရန် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
အချက်(၅) အဂတိ လိုက်စားမှု တိုက်ဖျက်ရေး— တရုတ် နိုင်ငံမှ တရုတ်-အမေရိကန် လွှဲပြောင်းမှု ဆိုင်ရာ စာချုပ် ဆောင်ရွက်ရန် အကြံပြု
တရုတ် နိုင်ငံမှ ပြည်ပသို့ ထွက်ပြေး သွားသည့် အဂတိ လိုက်စားသူများ ဖမ်းဆီးသည့် “TianWang” နှင့် “LieHu” စီမံကိန်း များ ဆောင်ရွက် နေသည့် အလျှောက် တရုတ်-အမေရိကန် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ပူးပေါင်း ဆောင်ရွက်မှု သည်လည်း ပိုမို နက်ရှိုင်း လာခဲ့သည်။ သို့သော် လွှဲပြောင်းမှု ဆိုင်ရာ စာချုပ် မရှိသောကြောင့် တရုတ်-အမေရိကန် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ပူးပေါင်း ဆောင်ရွက်မှု အတွက် အတားအဆီး ဖြစ်စေ ခဲ့သည်။
တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိမှ အမေရိကန် အနေဖြင့် တရုတ် နိုင်ငံနှင့် အတူ ပြည်ပြေး အပြစ်သား ဖမ်းဆီးရေးနှင့် ခိုးယူ ပစ္စည်း များ ဖမ်းဆီးရေးတွင် ပိုမို ပါဝင် လာရန် မျှော်လင့်ကြောင်း ၊ သက်ဆိုင်ရာ အမှုတွဲ အား အချိန်မီ စုံစမ်း စစ်ဆေးမှုများ ပြုလုပ် သွားရန်နှင့် တရားခံ ပြန်ပို့ခြင်း ဆောင်ရွက်မှု လုပ်ဆောင်ရန် ပြောကြား ခဲ့သည်။ နှစ်နိုင်ငံ ရေရှည် ဆက်ဆံရေး အတွက် လွှဲပြောင်းမှု ဆိုင်ရာ စာချုပ် ဆောင်ရွက်ခြင်းသည် အလွန် အရေးကြီးကြောင်းနှင့် နှစ်နိုင်ငံ အနေဖြင့် ဆွေးနွေးမှုများ အမြန်ဆုံး ပြုလုပ် သွားရန် မျှော်လင့် ကြောင်း ပြောကြား ခဲ့သည်။
ဂျွန်ကယ်ရီမှ အမေရိကန်နှင့် တရုတ် ယခု ကိစ္စရပ်နှင့် ပတ်သက်၍ ပူးပေါင်းမှုသည် အလွန် အရေးကြီးကြောင်း ၊ အမေရိကန် နိုင်ငံသည် ရာဇဝတ်သားများ ပုန်းရှောင်ရာ နိုင်ငံ မဖြစ်စေလိုကြောင်း ၊ တရုတ် နိုင်ငံနှင့် အတူ ပြည်ပြေး အပြစ်သား ဖမ်းဆီးရေးနှင့် ခိုးယူ ပစ္စည်းများ ဖမ်းဆီးရေးတွင် ပိုမို ပူူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အချက်(၆) တောင်တရုတ် ပင်လယ် အရေးကိစ္စ—နှစ်နိုင်ငံ အနေဖြင့် သဘောထား မတူညီမှု ရှိနိုင်သော်လည်း နားလည်မှု မလွဲရန် နှင့် ဆုံးဖြတ်ချက် မမှားရန် အရေးကြီးကြောင်း
တရုတ်-အမေရိကန် နှစ်နိုင်ငံသည် တောင်တရုတ် ပင်လယ် အရေးကိစ္စတွင် သဘောထား မတူညီမှု ရှိသလို တူညီသည့် အချက်များလည်း ရှိကြောင်း ၊ ဥပမာ အားဖြင့် ကျွန်တော်တို့သည် တောင်တရုတ် ပင်လယ် တည်ငြိမ် အေးချမ်း ရေးကို ထိန်းသိမ်း နေကြကြောင်း ၊ နိုင်ငံတကာ ဥပဒေအရ လွတ်လပ်စွာ ရေကြောင်း သွားလာမှုကို ထိန်းသိမ်း နေကြကြောင်း ၊ ညှိနှိုင်းဆွေးနွေးခြင်းဖြင့် သက်ဆိုင်ရာ အရေးကိစ္စများကို ငြိမ်းချမ်းစွာ ဖြေရှင်း သွားရန် ဦးဆောင် ဆောင်ရွက် နေကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် သဘောထား မတူညီမှု ရှိနိုင်သော်လည်း နားလည်မှု မလွဲရန်နှင့် ဆုံးဖြတ်ချက် မမှားရန် အရေးကြီးကြောင်း တရုတ် နိုင်ငံ ခြားရေး ဝန်ကြီး ဝမ်ရိက ပြောကြားခဲ့သည်။
Nansha ကျွန်းစွယ်တွင် တည်ဆောက်မှု များနှင့် ပတ်သက်၍ တရုတ် နိုင်ငံ အနေဖြင့် မိမိ၏ အချုပ်အခြာ အာဏာ အောက်တွင် ဆောင်ရွက်သည့် ကိစ္စရပ် ဖြစ်ကြောင်း ၊ သက်ဆိုင်ရာ နိုင်ငံ များ၏ စိတ်ဝင်စားမှု ကိုလည်း တရုတ် နိုင်ငံ အနေဖြင့် ဆွေးနွေးမှုများ ပြုလုပ်ပြီး နားလည်မှု တိုးမြှင့် နိုင်ရန် သဘောတူ ကြောင်း ပြောကြားခဲ့သည်။
ဂျွန်ကယ်ရီမှ အမေရိကန် အစိုးရ အနေဖြင့် တောင်တရုတ် ပင်လယ် အရေးကိစ္စနှင့် ပတ်သက်၍ ဘက်လိုက် ရပ်တည်မှု အနေအထား မရှိကြောင်း ၊ သက်ဆိုင်ရာ နိုင်ငံများ အပေါ် တူညီသော သဘောထား ဖြင့် ရှုမြင်ကြောင်း ၊ လက်တလော မီဒီယာများ ဖေါ်ပြသော သတင်းများသည် အမေရိကန် အစိုးရ၏ ဆုံးဖြတ်ချက်များ မဟုတ်ကြောင်း ပြောကြားခဲ့သည်။
အချက်(၇) ရာသီဥတုအပြောင်းအလဲ—ပဲရစ် အစည်းအဝေး အောင်မြင်ရန် ဆောင်ရွက်ခြင်း
တရုတ်-အမေရိကန် နှစ်နိုင်ငံသည် ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ ကဏ္ဍတွင် ဆွေးနွေး ညှိနှိုင်း ဆောင်ရွက်မှု တိုးမြှင့်ရန် သဘောတူခဲ့သည်။ ယခုနှစ် ပဲရစ် အစည်းအဝေးမှ ရရှိသော အောင်မြင်မှုကို အတူတကွ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သဘောတူ ခဲ့ကြသည်။
အချက်(၈) ဒုတိယ ကမ္ဘာစစ် အောင်မြင်ခြင်း နှစ် (၇၀) ပြည့် အထိမ်းအမှတ်—အမေရိကန်မှ ဒုတိယ ကမ္ဘာစစ်အတွင်း တရုတ် နိုင်ငံ၏ ပေးဆပ်မှုကို ချီးကျူး
မတ်လမှ စပြီး ကမ္ဘာ့ ဖက်ဆစ် တော်လှန်ရေး နှစ်(၇၀)ပြည့် အထိမ်းအမှတ် ပွဲတော် များကို ကမ္ဘာ အနှံ့အပြားတွင် ပြုလုပ် လာခဲ့ကြသည်။
တရုတ် နိုင်ငံ ခြားရေး ဝန်ကြီး ဝမ်ရိမှ တရုတ် နိုင်ငံမှ အထိမ်းအမှတ်ပွဲ ပြုလုပ် ခြင်းသည် သမိုင်းကြောင်းအား မှတ်သားစေရန်နှင့် ကျဆုံး ခဲ့သော အာဇာနည်များအား သတိရစေရန် ဖြစ်ပြီး ငြိမ်းချမ်း ရေးကို တန်ဖိုးထား စေရန် ဖြစ်ကြောင်း ၊ အမေရိကန် အနေဖြင့် တရုတ် နိုင်ငံမှ အထိမ်းအမှတ်ပွဲ ပြုလုပ်ခြင်း အပေါ် နားလည် ထောက်ခံ နိုင်မည် ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။
ဂျွန်ကယ်ရီမှ အမေရိကန်နှင့် တရုတ်သည် ဒုတိယ ကမ္ဘာစစ်တွင် အတူတကွ တိုက်ပွဲ ဝင်ခဲ့ကြောင်း ၊ အမေရိကန် နိုင်ငံ အနေဖြင့် ဒုတိယ ကမ္ဘာစစ် အတွင်း တရုတ် နိုင်ငံ သည် အရေးပါသော အခန်းကဏ္ဍ တွင် ပါဝင်ပြီး ကြီးမားသော ပေးဆပ်မှုများ ပြုလုပ် ခဲ့ကြောင်း ပြောကြား ခဲ့သည်။
အချက်(၉) နှစ်စဉ် ဆွေးနွေးပွဲ—သဘောတူညီမှု ပိုမိုရရှိ နိုင်ရန် ကြိုးစား သွားမည်
တရုတ်-အမေရိကန် နှစ်နိုင်ငံ အကြား အရေးအကြီးဆုံး နှင့် အဆင့်မြင့် အရာရှိ အများဆုံး ပါဝင်သည့် နှစ်စဉ် ဆွေးနွေး ပွဲ ဖြစ်သည့် (၇)ကြိမ် မြောက် တရုတ်-အမေရိကန် မဟာဗျူဟာ နှင့် စီးပွားရေး ဆွေးနွေးပွဲ ကို ဇွန်လ တွင် အမေရိကန် နိုင်ငံ ဝါရှင်တန်တွင် ပြုလုပ်သွားမည် ဖြစ်သည်။ (၆) ကြိမ် မြောက် တရုတ်-အမေရိကန် ယဉ်ကျေးမှု ဖလှယ်ရေး အရာရှိ ဆွေးနွေး ပွဲလည်း တပြိုင်တည်း ကျင်းပ သွားမည် ဖြစ်သည်။
အမေရိကန် မဟာဗျူဟာနှင့် ယဉ်ကျေးမှု ဖလှယ်ရေး ဆွေးနွေး အဖွဲ့ ဥက္ကဌ ဂျွန်ကယ်ရီ အနေဖြင့် အမေရိကန်မှ တရုတ် နိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ပြီး ဆွေးနွေးပွဲမှ သဘောတူညီမှု ပိုမိုရရှိ နိုင်ရန် ကြိုးစား သွားမည် ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ အမေရိကန် ခရီးစဉ် အတွက် ရလဒ် ကောင်းများ ဖန်တီး သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အချက်(၁၀) နိုင်ငံ တကာ ရေးရာ ကိစ္စ—အီရန်နျူ ကိစ္စ ၊ မြောက်ကိုးရီးယား နျူ ကိစ္စ ၊ အာဖဂန် အရေး နှင့် အီဘိုလာ စသည့် ကိစ္စ များတွင် ဆက်လက်၍ အာရုံစိုက်သွားမည် ဖြစ်ကြောင်း
ဂျွန်ကယ်ရီမှ အမေရိကန်နှင့် တရုတ် နိုင်ငံ တို့သည် ဒေသတွင်း နှင့် နိုင်ငံတကာ ရေးရာကိစ္စ များတွင် အရေးပါသည့် အနီးကပ် ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်မှုများကို လုပ်ဆောင် နိုင်ခဲ့ကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် အီရန်နျူ ကိစ္စ ၊ မြောက်ကိုးရီးယား နျူ ကိစ္စ ၊ အာဖဂန် အရေးနှင့် အီဘိုလာ ရောဂါ ထိန်းချုပ်ရေး စသည့် နိုင်ငံတကာနှင့် ဒေသတွင်း ကိစ္စ များတွင် ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်မှုများ ပြုလုပ် သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသို့ လာရောက် လည်ပတ်စဉ် အတွင်း ဂျွန်ကယ်ရီသည် Phoniex ရုပ်သံမှ ပြုလုပ် သော အင်တာဗျူးတွင် အမေရိကန် အနေဖြင့် အာရှ အခြေခံ အဆောက်အဦး ရင်းနှီးမြှုပ်နှံမှု ဘဏ်(AIIB) ကို ကန့်ကွက်မှု လုံးဝမရှိခဲ့ကြောင်း ၊ ကမ္ဘာ့ အနေဖြင့်လည်း အခြေခံ အဆောက်အဦး လိုအပ်ကြောင်း ၊ တရုတ် နိုင်ငံ မှ ဦးဆောင်၍ ဆောင်ရွက် ခြင်းသည် အလွန်ကောင်းမွန်ကြောင်း ၊ တရုတ် နိုင်ငံသည် ကမ္ဘာ့ အကြီးဆုံး စီးပွားရေး အသိုက်အဝန်း ဖြစ်လာတော့မည်ကို ကြိုဆိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.