Connect with us

Politics, Law & Military

အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာမိုဒီမှ နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့် နိုင်ရန် တရုတ် နိုင်ငံသို့ ချစ်ကြည်ရေး ခရီး သွားရောက် လည်ပတ်


ရှီးအမ်း ၊ မေ ၁၄ ရက် (ဆင်ဟွာ)

အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာမိုဒီ (Narendra Modi) သည် နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့် နိုင်ရန် မေလ ၁၄ ရက် က တရုတ် နိုင်ငံ၏ ရှေ့ဟောင်း မြို့တော် ရှီးအမ်းကို ရောက်ရှိခဲ့ပြီး တရုတ် နိုင်ငံသို့ (၃) ရက်ကြာ လည်ပတ်ရေး ခရီးစဉ်ကို စတင်ခဲ့သည်။

အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi သည် တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန် ၊ တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်တို့နှင့် တွေ့ဆုံပြီး နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့် နိုင်ရန် အတွက် ဆွေးနွေး တိုင်ပင် သွားမည် ဖြစ်သည်။

မေလ ၁၂ နေ့က အိန္ဒိယနိုင်ငံ အခြေစိုက် တရုတ်နိုင်ငံ သတင်းထောက်များ၏ ပူးပေါင်း အင်တာဗျူးတွင် အိန္ဒိယ ဝန်ကြီး ချုပ် Narendra Modi မှ တရုတ်နိုင်ငံသို့ ချစ်ကြည်ရေး ခရီး သွားရောက် လည်ပတ်ချိန်တွင် တရုတ် နိုင်ငံ ခေါင်းဆောင်များနှင့် တွေ့ဆုံ သွားမည် ဖြစ်ပြီး နှစ်နိုင်ငံ ကဏ္ဍစုံ ပူးပေါင်း ဆောင်ရွက် မှုများ အတွက် အမြင်များကို ဖလှယ် သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အိန္ဒိယ ဝန်ကြီးချုပ် မိုဒီမှ အိန္ဒိယ-တရုတ် နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု အတွက် ပိုမို ပြည့်စုံသော လမ်းပြ မြေပုံကို သိရှိ နိုင်ရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံမှ အိန္ဒိယ နိုင်ငံ စီးပွားရေး အကောင်အထည် ဖော်ရာတွင် ပိုမို ပါဝင် နိုင်ရန် လုပ်ဆောင် သွားမည် ဖြစ်ပြီး အထူးသဖြင့် ကုန်ထုတ် လုပ်မှု လုပ်ငန်းနှင့် အခြေခံ အဆောက်အဦး တည်ဆောက်မှု ကဏ္ဍ များတွင် ပိုမို ပါဝင် နိုင်ရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာမိုဒီ ရှီးအမ်း လေဆိပ်သို့ ရောက်ရှိစဉ် (ဆင်ဟွာ)

ခေတ်သစ် ပိုးလမ်းမကြီးနှင့် ပတ်သတ်၍ ဝန်ကြီးချုပ် မိုဒီမှ ပြန်လည် ဖွံ့ဖြိုး လာသော အာရှဒေသ အနေဖြင့် ခေတ်သစ် ပိုးလမ်းမကြီးကဲ့သို့ အပြန်အလှန် ချိတ်ဆက် ဆက်သွယ်မှုမျိုး ပေးစွမ်း နိုင်သော လမ်းကြောင်းအား ဆောင်ရွက် သင့်ကြောင်း ပြောကြားခဲ့သည်။ အိန္ဒိယ နိုင်ငံသည် ယခုချိန်တွင် တရုတ် နိုင်ငံ နှင့် ဘင်္ဂလားဒေ့ရှ် – တရုတ်- အိန္ဒိယ- မြန်မာ စီးပွားရေး စြင်္က ံ တည်ဆောက်ရန် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့် နေကြောင်း ပြောကြား ခဲ့သည်။

အာရှ အခြေခံ အဆောက်အဦး ရင်းနှီးမြှုပ်နှံမှု ဘဏ် (AIIB) နှင့် ပတ်သက်၍ ပြောကြား ရာတွင် ဝန်ကြီးချုပ် မိုဒီမှ ယမန်နှစ် ကစ၍ အိန္ဒိယ ၊ တရုတ်နှင့် အခြား နိုင်ငံ တို့သည် AIIB တည်ထောင် နိုင်ရန် ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း ၊ အိန္ဒိယ နိုင်ငံ အနေဖြင့် ထိုစိတ်ကူးကို ကြိုဆိုကြောင်း ပြောကြားခဲ့သည်။
အိန္ဒိယ ဝန်ကြီး ချုပ် Narendra Modi သည် တရုတ် နိုင်ငံသို့ လာရောက် လည်ပတ်စဉ် အတွင်း နှစ်နိုင်ငံသည် အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံ တန်ဖိုးရှိ စီးပွားရေး ဆိုင်ရာ စာချုပ်များ ချုပ်ဆို သွားမည် ဖြစ်ကြောင်း ဟောင်ကောင် သတင်းဌာနမှ သတင်းထုတ် ပြန်ခဲ့သည်။

အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာမိုဒီ ရှီးအမ်း လေဆိပ်သို့ ရောက်ရှိစဉ် (ဆင်ဟွာ)

တရုတ် သမ္မတ ရှီကျင့်ဖိန်သည် အိန္ဒိယ နိုင်ငံ သို့ သွားရောက် လည်ပတ် ခဲ့စဉ်တွင် အမေရိကန် ဒေါ်လာ ၂၀ ဘီလီယံ တန်ဖိုး ရှိ စာချုပ် ပေါင်း အခု (၂၀) ကျော် ချုပ်ဆို ခဲ့သည်။
၂၀၁၃ ခုနှစ် မေလ ပိုင်းတွင် တရုတ် နိုင်ငံ ဝန်ကြီးချုပ် အိန္ဒိယ နိုင်ငံသို့ သွားရောက် လည်ပတ်စဉ် တွင် တရုတ်-အိန္ဒိယ နှစ်နိုင်ငံသည် တရုတ် နိုင်ငံ စီးပွားရေး လုပ်ငန်းများ အတွက် သီးသန့် စက်မှုဇုံများ တည်ဆောက်ရန် နားလည်မှု စာချုပ်များ ရေးထိုး ခဲ့သည်။ တရုတ် နိုင်ငံမှ စက်မှုဇုံ ပြုလုပ်ရန် အိန္ဒိယ နိုင်ငံရှိ Pune နှင့် Ahmedabad ဒေသ နှစ်ခုတွင် ရွေးချယ် ခဲ့ပြီး စုစုပေါင်း ဧရိယာ ၁၂၅၀ ဧက ရှိသည်။
အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi ၏ ယခု အကြိမ် တရုတ် နိုင်ငံသို့ လာရောက် လည်ပတ်ချိန် တွင် ၂၀၁၃ ခုနှစ်က တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် အိန္ဒိယ နိုင်ငံသို့ သွားရောက် လည်ပတ် စဉ်တွင် နှစ်နိုင်ငံ ပူးတွဲ ထုတ်ပြန် ခဲ့သည့် သဘောတူ စာချုပ်များကို အကောင်အထည် ဖော်နိုင်ရန် နောက်ထပ် အလားတူ စက်မှုဇုံ (၃) ခု တည်ဆောက်ရန် ကြေညာ သွားမည်ဟု ခန့်မှန်း ရသည် ။ ဤသို့ ဆိုလျှင် တရုတ်-အိန္ဒိယ ပူးပေါင်း တည်ဆောက်သည့် စက်မှုဇုံ ပေါင်း (၅) ခုရှိ လာမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.