Connect with us

Politics, Law & Military

တရုတ် နိုင်ငံတော် သမ္မတ နှင့် အမေရိကန် သမ္မတ တို့မှ အီရန် နျူကလီးယား သဘောတူညီမှု နှင့် နှစ်နိုင်ငံ ဆက်ဆံရေးတို့ နှင့် ပတ်သက်၍ ဖုန်းပြောကြား

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် အမေရိကန် သမ္မတ အိုဘားမား တို့မှ ၂၀၁၃ ခုနှစ်က အမေရိကန် နိုင်ငံ ကယ်လီဖိုးနီးယား ရှိ ဆန်နီလမ်း ဥယျာဉ်တွင်တွေ့ဆုံခဲ့စဉ် (ဆင်ဟွာ)

ပေကျင်း ၊ ဇူလိုင် ၂၁ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် ဇူလိုင် ၂၁ ရက်နေ့က အမေရိကန် သမ္မတ အိုဘားမား နှင့် ဖုန်း ပြောကြားခဲ့သည်။

ရှီကျင့်ဖိန် မှ တရုတ်-အမေရိကန် ဆက်ဆံရေးသည်တိုးတက်မှု ကောင်းမွန်လျက်ရှိပြီး နှစ်နိုင်ငံ ကူးလူးဆက်ဆံရေး ကို ထိန်းသိမ်းထား ရန်လိုအပ်ကြောင်း ၊ ကဏ္ဍစုံ လက်တွေ့ပူးပေါင်းဆောင်ရွက်မှု များကို တွန်းအားပေးသွားကာ အရေးကြီး ကိစ္စရပ်များ ၊ နိုင်ငံတကာနှင့် ဒေသတွင်း ကိစ္စရပ်များတွင် အနီးကပ် ညှိနှိုင်းဆွေးနွေး ဆောင်ရွက်မှု ကိုထိန်းသိမ်း သွားရန် လိုအပ်ကြောင်း ၊ နှစ်နိုင်ငံ အတူတကွ ကြိုးပမ်းမှု ကြောင့် ၇ ကြိမ်မြောက် တရုတ်-အမေရိကန် မဟာဗျူဟာနှင့်စီးပွားရေး ဆွေးနွေးပွဲ နှင့် ၆ ကြိမ်မြောက် တရုတ်-အမေရိကန် ယဉ်ကျေးမှု ဖလှယ်ရေး ဆွေးနွေးပွဲ တို့မှ အရေးကြီးသော အောင်မြင်မှု များရရှိခဲ့ကြောင်း ၊ အမေရိကန် သမ္မတ ၏ ဖိတ်ကြားချက်အရ ယခုနှစ် စက်တင်ဘာလတွင် အမေရိကန် နိုင်ငံသို့ တရားဝင် သွားရောက် လည်ပတ်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။အိုဘားမား မှ အမေရိကန် ပြည်သူများနှင့်တကွ ကျွန်တော် အနေဖြင့်လည်း သမ္မတ ရှီကျင့်ဖိန် လာရောက် လည်ပတ် မည်ကို ကြိုဆိုနေကြကြောင်း ၊ နှစ်နိုင်ငံလုံးမှ ဤ လည်ပတ်ရေး ခရီးစဉ် အတွက် ကြိုတင်ပြင်ဆင်မှု များပြုလုပ်နေကြကြောင်း ၊ ယခုချိန်မှ စတင်၍ အမေရိကန် နိုင်ငံမှ တရုတ် နိုင်ငံ သက်ဆိုင်ရာ တို့နှင့် တက်ကြွစွာ ဆွေးနွေးမှု များပြုလုပ်ပြီး လည်ပတ်ရေး ခရီးစဉ်မှ အောင်မြင်မှု များစွာ ရရှိနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် အမေရိကန် သမ္မတ အိုဘားမား မှ အီရန် နျူကလီးယား ဆွေးနွေးပွဲ တွင် ဘက်စုံ သဘောတူညီမှု ရရှိခဲ့ရာတွင် တရုတ် နိုင်ငံ မှ အရေးကြီး အခန်းကဏ္ဍတွင် ပါဝင်ပြီး ဤ သမိုင်းတွင်စေမည့် သဘောတူညီမှု ရရှိခဲ့သည့် အတွက် အမေရိကန် နိုင်ငံ မှ ကျေးဇူးတင်ရှိကြောင်း ၊ အမေရိကန် နှင့် တရုတ် နိုင်ငံ ၏ အီရန် နျူကလီးယား ကိစ္စရပ် နှင့် ပတ်သက်သည့် ပူးပေါင်းဆောင်ရွက်မှုမှ တစ်ဆင့် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ရာသီဥတု အပြောင်းအလဲ ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး နှင့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှု များကို ရင်ဆိုင် သွားနိုင်မည်ကို သိရှိနိုင် ကြောင်းပြောကြားခဲ့သည်။
တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန် မှလည်း အီရန် နျူကလီးယား ဆွေးနွေးပွဲ တွင် ဘက်စုံ သဘောတူညီမှု ရရှိခဲ့ခြင်းသည် အပြည်ပြည်ဆိုင်ရာ နျူကလီးယား မပြန့်ပွားရေး စနစ်ကို ထိန်းသိမ်း နိုင်ခဲ့ကြောင်း ၊ အီရန် နျူဆွေးနွေးပွဲ ကာလ တလျှောက်လုံးတွင် တရုတ် နိုင်ငံ နှင့် အမေရိကန် နိုင်ငံ တို့သည် အနီးကပ် ပူးပေါင်း ညှိနှိုင်းဆွေးနွေးမှု များပြုလုပ်ခဲ့ခြင်းသည် နှစ်နိုင်ငံ နိုင်ငံကြီး ဆက်ဆံရေး မူဘောင် တည်ဆောက်ရေး အတွက် ဆောင်ရွက်မှု တစ်ခုဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် အမေရိကန် အပါအဝင် အခြားသက်ဆိုင်ရာ နိုင်ငံများနှင့် အပြုသဘောဆောင်သည့် ပူူးပေါင်းဆောင်ရွက်မှု များပြုလုပ်ပြီး အီရန် နျူကလီးယား ဘက်စုံ သဘောတူညီမှု နှင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ၏ ဆုံးဖြတ်ချက် နှင့် ကိုက်ညီမှု ရရှိရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.