Connect with us

Politics, Law & Military

တရုတ်သမ္မတရှီကျင့်ဖိန် နှင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ် တို့တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဂူတာရက်စ် တို့ လက်ဆွဲနှုတ်ဆက်စဉ်(ဆင်ဟွာ)

ပေကျင်း ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် စက်တင်ဘာ ၃ ရက် မှ ၄ ရက်ထိ ပေကျင်းမြို့၌ ကျင်းပမည့် ၂ဝ၁၈ ခုနှစ် တရုတ်-အာဖရိကပူးပေါင်းဆောင်ရွက်မှု(FOCAC) ဖိုရမ်သို့တက်ရောက်ရန် ရောက်ရှိနေသော ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဂူတာရက်စ်အား စက်တင်ဘာ ၂ ရက်တွင် လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံစဉ် ရှီက ကုလသမဂ္ဂသည် “ နိုင်ငံပေါင်းစုံပါဝင်သော အလံတော်ကြီး” ဖြစ်ကြောင်း ၊ ကိုယ်ကျိုးစီးပွားရေးကာကွယ်ရေးဝါဒ နှင့် တစ်ဦးတည်းပိုင်ဝါဒ ထွန်းကားလာခြင်းသည် နိုင်ငံတကာဟန်ချက်ညီမှု နှင့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအပေါ် သက်ရောက်မှုရှိနေသဖြင့် အားလုံးပါဝင်ရေးဝါဒကို ပို၍ထွန်းကားအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ ဘက်စုံကဏ္ဍစုံနက်ရှိုုင်းစွာ ပြုပြင်ပြောင်းလဲရေး အဖြေရှာမှုများသည် မပြောင်းမလဲ ဆက်လက်တည်ရှိနေကြောင်း၊ ကမ္ဘာ့စီးပွားရေး လွတ်လပ်ပွင့်လင်းမှုတစ်ခု ဖြစ်ပေါ်လာအောင်တည်ဆောက်ရန် ၊ ကုန်သွယ်ရေးဖြေလျှော့မှု နှင့် လွယ်ကူလျင်မြန်လာစေရန် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးနှင့်အတူ စုစည်းကာ ခိုင်မာသော လုပ်ဆောင်မှုများ လုပ်ဆောင်သွားရန် တရုတ်နိုင်ငံ အသင့်ရှိကြောင်း ရှီက ဆိုသည်။

အခက်အခဲများစွာရှိနေလင့်ကစား ရာသီဥတုပြောင်းလဲခြင်းအပါအဝင် ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် တရုတ်နိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများအပေါ် ကျေးဇူးတင်ရှိပါကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ပြောကြားခဲ့သည်။ကုလသမဂ္ဂအနေဖြင့် ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှု နှင့် ဒေသတွင်း အရေးကြီးသော ပြဿနာရပ်များအပေါ် တရုတ်နိုင်ငံ၏ ကိုင်တွယ်ဖြေရှင်းပုံကို အားပေးထောက်ခံကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ (Xinhua)

သတင်းအပြည့်အစုံဖတ်ရန် -Link – http://www.xinhuanet.com/english/2018-09/03/c_137439521.htm


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117