Connect with us

Politics, Law & Military

တရုတ်သမ္မတ ရှီကျင့်ဖိန် ကမ္ဘောဒီးယားနှင့် ဘင်္ဂလားဒေ့ရှ်သို့သွားရောက်ပြီးနောက် BRICS အစည်းအဝေးပွဲတက်ရောက်မည်

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် အောက်တိုဘာ ၁၃ မှ ၁၇ ရက်အတွင်း ကမ္ဘောဒီးယားနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သို့ သွားရောက်ပြီးနောက် အိန္ဒိယနိုင်ငံ တွင် ပြုလုပ်မည့် ၈ကြိမ်မြောက် BRICS ထိပ်သီး အစည်းအဝေးပွဲသို့ တက်ရောက်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ လုခန်က အောက်တိုဘာ ၁၀ရက်တွင် ပြောကြားခဲ့သည်။

လု က ရှီသည် ကမ္ဘောဒီးယားနိုင်ငံ ဘုရင် Norodom Sihamoni နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သမ္မတ Abdul Hamid တို့၏ အသီးသီး ဖိတ်ကြားမှုကြောင့် အဆိုပါ နှစ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် အဖြစ် သွားရောက် မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ရှီသည် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒါ မိုဒီ ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံ ဂိုရာမြို့တွင် ကျင်းပမည့် BRICS ထိပ်သီး အစည်းအဝေးပွဲသို့ တက်ရောက်သွားမည်ဖြစ်ကြောင်း လုက ပြောကြားခဲ့သည်။

BRICS အဖွဲ့ဝင်နိုင်ငံများ မှာ ဘရာဇီးနိုင်ငံ၊ ရုရှားနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံ နှင့် တောင်အာဖရိကနိုင်ငံတို့ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.