Connect with us

Politics, Law & Military

BRICS အဖွဲ့အစည်းကြီး ၏ အရှိန်အဝါ ပိုမို ထွန်းလင်းတောက်ပလာသည့် အချိန်အခါသို့ ရောက်ရှိ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (လယ်)၊ ဘရာဇီးနိုင်ငံ သမ္မတ မစ်ချယ်တီမာ၊ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန္ဒြာမိုဒီ၊ ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်၊ တောင်အာဖရိကနိုင်ငံ သမ္မတ ဂျက်ကော့ဇူးမား (ဝဲမှယာသို့) တို့အား BRICS ခေါင်းဆောင်များအစည်းအဝေးတစ်ခု ၌ ၂၀၁၆ခုနှစ် စက်တင်ဘာ ၄ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)

ထွန်းသစ်စ ကမ္ဘာ့စီးပွားရေးနိုင်ငံကြီးများဖြစ်သော ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ် နှင့် တောင်အာဖရိကနိုင်ငံ တို့ပါဝင်သည့် BRICS အဖွဲ့အစည်းကြီး ကို ဖွဲ့စည်းတည်ထောင်ခဲ့သည်မှာ ဆယ်စုနှစ် ၂ခု နီးပါး သက်တမ်းသို့ ချဉ်းကပ်ဝင်ရောက်လာပြီဖြစ်ပါသည်။

ကမ္ဘာ့စီးပွားရေး ကျဆင်းလာမှုကို အစပြု၍ စိန်ခေါ်မှု အသစ်များ နှင့် အခက်အခဲများ ဖြစ်ပေါ်လာ၍ အချို့သော အနောက်နိုင်ငံများတွင် ကိုယ်ကျိုးစီးပွားကာကွယ်မှုကို တိုးမြှင့်ဆောင်ရွက်လာခြင်း (သို့) ဒေသတွင်း လုံခြုံမှုတို့ အတွက် ကမ္ဘာ့အုပ်ချုပ်ရေး ယန္တရားတွင် ကျယ်ပြန့်စွာ ပါဝင်လှုပ်ရှားနိုင်သော ပိုမိုခိုင်မာတောင့်တင်းသည့် BRICS အဖွဲ့အစည်းကို လိုအပ်လာပါသည်။

တရုတ်နိုင်ငံ ရှမိန်မြို့တွင် စက်တင်ဘာလ၌ ကျင်းပမည့် ၉ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးပွဲတွင် BRICS အဖွဲ့ဝင် ၅နိုင်ငံ က အဖွဲ့အစည်းကြီး၏ အနာဂတ်လုပ်ဆောင်ချက်များ၌ မည်ကဲ့သို့သော အရေးကြီးအချက်အလက်များကို ထည့်သွင်းပြီး အစီအစဉ်ရေးဆွဲသွားမည်ကို မြင်တွေ့ရတော့မည်ဖြစ်ပါသည်။

လွန်ခဲ့သည့် ဆယ်စုနှစ် တစ်ခုအတွင်း ကမ္ဘာလုံးဆိုင်ရာတိုးတက်မှု ထက်ဝက်ကျော်၏ အရင်းအမြစ်ဖြစ်သော BRICS အဖွဲ့အစည်းသည် ၂၀၁၆ခုနှစ်ကမ္ဘာ့စီးပွားရေး ၏ ၂၃ရာခိုင်နှုန်းကို တာဝန်ယူဆောင်ရွက်ခဲ့ပြီး ၂၀၀၆ခုနှစ် ထက် နှစ်ဆနီးပါး တိုးတက်လာခဲ့သည်။

BRICS အဖွဲ့အစည်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများ နှင့် ထွန်းသစ်စ ဈေးကွက်စီးပွားရေးစနစ်များကို ကိုယ်စားပြုသည့် အပြင် အဖွဲ့အစည်း၏ ယှဉ်ပြိုင်နှိုင်မှုစွမ်းရည် ပိုမိုအားကောင်းလာစေရန် ဖွဲ့စည်းပုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ၊ တီထွင်ဆန်းသစ်မှုဆိုင်ရာ တိုးတက်မှု နှင့် မိုက်ခရိုစီးပွားရေးမူဝါဒ ဆိုင်ရာညှိနှိုင်းဆောင်ရွက်မှုတို့ကိုလည်း အဆင့်မြှင့်တင်ပြီး ကမ္ဘာ့လုံးဆိုင်ရာ တိုးတက်ကြီးပွားမှု နှင့် ပူးပေါင်းဆောင်ရွက်မှုများအတွက် အကျိုးစီးပွားများ ဆောင်ကြဉ်းပေးခဲ့သည်။

လွန်ခဲ့သည့် ဆယ်စုနှစ် အတွင်း BRICS ပူးပေါင်းဆောင်ရွက်မှုပလက်ဖောင်းသည် နိုင်ငံတကာတွင် အဓိကလွှမ်းမိုးမှုရှိသည့် ပုံစံတစ်ခုသို့ ရောက်ရှိလာပြီး ၎င်း၏ တောင်းဆိုချက်များကြောင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အုပ်ချုပ်မှုစနစ်တွင် တဖြည်းဖြည်းအခွင့်အလမ်းများ ရရှိလာခဲ့သည်။

ဥပမာအနေဖြင့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ နှင့် ကမ္ဘာ့ဘဏ်တွင် တရုတ်နိုင်ငံ နှင့် အိန္ဒိယနိုင်ငံတို့၏ မဲပေးနိုင်သည့် အခွင့်အရေးများ ပိုမို တိုးတက်လာခဲ့သည်။

အဖွဲ့အစည်းအတွင်းပူးပေါင်းဆောင်ရွက်မှု ကို နက်ရှိုင်းအောင် ဆောင်ရွက်ခြင်းဖြင့် အဖွဲ့အစည်းကိုယ်တိုင် ပိုမို တည်ငြိမ်ခိုင်မာမှုရှိလာရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ စီးပွားရေး နှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများ အပြင် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နှင့် ပြည်သူအချင်းချင်း ဖလှယ်မှုတို့ကိုလည်း မြှင့်တင်ရန် လုပ်ဆောင်လျက်ရှိသည်။

၂၀၁၇ခုနှစ်တွင် BRICS အဖွဲ့အစည်း၏ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာသော တရုတ်နိုင်ငံသည် BRICS ယန္တရားတွင် ကြီးမားသော ထောက်ပံ့သူတစ်ဦးဖြစ်သည့် အပြင် တက်ကြွစွာ ပါဝင်လှုပ်ရှားသူတစ်ဦးလည်း ဖြစ်ပြီး အခြားသော BRICS အဖွဲ့ဝင်နိုင်ငံများ နှင့် ပူးပေါင်းဆောင်ရွက်မှုကို ၎င်း၏ သံသမန်ရေးရာ အစီအစဉ်တွင် ပထမဦးစားပေး အဆင့်အဖြစ် အမြဲတမ်းထားရှိကာ ဆောင်ရွက်လျက်ရှိသည်။

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်၏ မှတ်ချက်စကားကို ကိုးကား၍ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ က BRICS အဖွဲ့ဝင်နိုင်ငံများသည် လက်ချောင်း ငါးချောင်း ပုံသဏ္ဍာန်ရပ်တည်နေကြောင်း၊ လက်ချောင်း များအား ဆန့်ထုတ်လိုက်ပါက အတိုအရှည် တူညီမှုမရှိသော်လည်း အတူတကွစုစည်းလိုက်ပါက အားကောင်းသည့် လက်သီးတစ်ချက်ဖြစ်လာကြောင်း ပြောကြားခဲ့သည်။

အဆင့်တစ်ခုသို့ တက်လှမ်းတော့မည့် အရေးကြီးသည့် အချိန်ကာလအပိုင်းအခြားတစ်ခု၌ BRICS အဖွဲ့အစည်းသည် ပိုမိုလက်တွေ့ကျပြီး ခိုင်မာသည့် ပူးပေါင်းဆောင်ရွက်မှုများကို ဖော်ဆောင်ပေးနိုင်ပြီး အဖွဲ့ဝင်နိုင်ငံများအကြား ယုံကြည်ကိုးစားမှုများ တိုးတက်လာအောင် ဆောင်ရွက်ပေးနိုင်မည်ဟု ယုံကြည်ရသည်။

“BRICS Plus” နည်းလမ်းအရ အဖွဲ့အစည်း၏ မိတ်ဖက်ဆောင်ရွက်မှု အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ နှင့် အကျိုးတူဆောင်ရွက်မှုများကို ချဲ့ထွင်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး အခြားစီးပွားရေးနိုင်ငံများ အတွက် အခွင့်အလမ်းကောင်းများကို ဖြည့်ဆည်းပေးနိုင်ကာ ကမ္ဘာလုံးလွှမ်းခြုံ စီးပွားရေးစနစ်အား တွန်းအားပေးနိုင်မည်ဖြစ်သည်။ ထို့အပြင် ကမ္ဘာ့တောင်ခြမ်း ဖွံ့ဖြိုးဆဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု အတွက် ဦးဆောင်ပလက်ဖောင်းတစ်ခုအဖြစ် “BRICS Plus” နည်းလမ်း က အကူအညီပေးနိုင်မည်ဖြစ်သည်။

“BRICS Plus” တွင် အဓိကပါဝင်လှုပ်ရှားသူအဖြစ် BRICS New Development ဘဏ် က ၎င်းက ပထမဆုံးဒေသတွင်း ရုံးခန်းအား တောင်အာဖရိကတွင် စတင်ဖွင့်လှစ်ခဲ့ပြီး နောက်ထပ် ရုံးခွဲများ ကိုလည်း တိုးချဲ့ဖွင့်လှစ်သွားရန်လည်း ရည်ရွယ်လျက်ရှိသည်။

အဆိုပါ အကြောင်းအရာ အချက်အလက်များကြောင့် BRICS အဖွဲ့အစည်းကြီး၏ ထွန်းလင်းတောက်ပမှုသည် ပျောက်ဆုံးသွားမည်မဟုတ်ဘဲ အဖွဲ့ဝင်များ စုစည်းနေသရွေ့ ပိုမိုတောက်ပလာမည်သာ ဖြစ်ပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.