Connect with us

Politics, Law & Military

CPC က မြောက်ကိုရီးယား အာဏာရပါတီနှင့် ဆွေးနွေး ဖလှယ်မှုများ ဆက်လက် လုပ်ဆောင်သွားမည်

တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် ပြုလုပ်သော တရုတ် ကွန်မြူနစ်ပါတီ၏ (CPC) ၏ ၁၉ ကြိမ်မြောက် အမျိုးသား ညီလာခံ သတင်းစာရှင်းလင်းပွဲအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)

တရုတ် ကွန်မြူနစ်ပါတီ (CPC) သည် မြောက်ကိုရီးယား အာဏာရပါတီနှင့် ဆက်သွယ်မှု၊ ဆွေးနွေးမှုများ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း CPC တာဝန်ရှိသူ တစ်ဦးက အောက်တိုဘာလ ၂၁ ရက်တွင် ပြောကြားလိုက်သည်။

CPC နှင့် မြောက်ကိုရီးယား အလုပ်သမားပါတီ (Workers’ Party of Korea) အကြား နှစ်ဘက် အပြန်အလှန် ဖလှယ်မှုသည် နှစ်နိုင်ငံ ဆက်ဆံရေးအကြား အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ကြောင်း CPC ဗဟို ကော်မတီ နိုင်ငံတကာဋ္ဌာန ဒုတိယ ဝန်ကြီး Guo Yezhou က ၁၉ ကြိမ်မြောက် CPC အမျိုးသား ညီလာခံဆိုင်ရာ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။တရုတ်နှင့် မြောက်ကိုရီးယားအကြား ချစ်ကြည်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှု ကာကွယ်ရေး၊ တိုးတက်ရေးနှင့် ခိုင်မာရေးသည် နှစ်နိုင်ငံ အကျိုးစီးပွားများအတွက်သာမက ဒေသတွင် တည်ငြိမ် အေးချမ်းရေး အတွက်လည်း အရေးကြီးကြောင်း Guo က ပြောကြားခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117