Connect with us

Politics, Law & Military

ဘုံ ဖွံ့ဖြိုးမှု အတွက် လက်တွေ့ကျသော ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရန် တရုတ် နိုင်ငံနှင့် ဇင်ဘာဘွေ နိုင်ငံ သဘောတူ

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဇင်ဘာဘွေ နိုင်ငံ သမ္မတ ရောဘတ် မူဂါဘီတို့ တွေ့ဆုံ နှုတ်ဆက်နေစဉ် (ဆင်ဟွာ)

ဟာရေး၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံနှင့် ဇင်ဘာဘွေ နိုင်ငံတို့ အကြား နှစ်နိုင်ငံ လက်တွေကျသည့် ပူးပေါင်း ဆောင်ရွက်မှုနှင့် ဘုံ ဖွံ့ဖြိုးမှုနှင့် ကြွယ်ဝချမ်းသာမှု တိုးမြှင့်ရန် ခိုင်မာသော တွန်းအား အဖြစ် လုပ်ဆောင်သွားမည်ဟု ဒီဇင်ဘာလ ၁ ရက်နေ့က သဘောတူခဲ့ကြသည်။

ယင်းသဘော တူညီချက်ကို တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် အာဖရိက နိုင်ငံသို့ ချစ်ကြည်ရေး ခရီး ရောက်ရှိနေစဉ် အတွင်း ဇင်ဘာဘွေ နိုင်ငံ သမ္မတ ရောဘတ် မူဂါဘီနှင့် နိုင်ငံတော် အိမ်ဂေဟာ၌ တွေ့ဆုံအပြီး နှစ်နိုင်ငံ ဆက်ဆံ ရေး၏ အနာဂတ် ဖွံ့ဖြိုးမှုအတွက် ပူးတွဲ သဘောတူညီမှု လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံ နှင့် ဇင်ဘာဘွေ နိုင်ငံတို့သည် ရှည်လျားသော ဆက်ဆံရေး သမိုင်းကြောင်း ရှိခဲ့သလို ခိုင်မာသည့် ဆက်ဆံရေးများ ကြောင့် စစ်မှန်သော မိတ်ဆွေကောင်းများ ဖြစ်ကြောင်း ရှီက ပြောကြားခဲ့သည်။

“ကျွန်တော့်ရဲ့ ဒီခရီးစဉ်ဟာ တရုတ်-ဇင်ဘာဘွေ အစဉ်အလာရှိသော ချစ်ကြည်ရင်းနှီးမှု၊ လက်တွေ့ ပူးပေါင်း ဆောင်ရွက်မှုနှင့် နှစ်နိုင်ငံ ဆက်ဆံရေး အဆင့်မြှင့်တင်ရေး နှင့် နှစ်နိုင်ငံ ပြည်သူများအတွက် အကျိုးကျေးဇူးများ ယူဆောင်ပေးနိုင်ဖို့ ရည်ရွယ်ထားတယ်” ဟု တရုတ် နိုင်ငံ သမ္မတက ပြောသည်။

တရုတ် နိုင်ငံနှင့် ဇင်ဘာဘွေ နိုင်ငံတို့သည် ကောင်းမွန်သော စီးပွားဖက် ဆွေမျိုး ပေါက်ဖော်များ အဖြစ် ပေါင်းဖော် သွားမည် ဖြစ်ပြီး ညီမျှခြင်း၊ တစ်ဦးနှင့် တစ်ဦး အပြန်အလှန် အထောက်အပံ့ ဖြစ်စေခြင်း၊ နှစ်ဦး နှစ်ဘက် ပူးပေါင်း ဆောက်ရွက်ခြင်း ဘုံ ဖွံ့ဖြိုးမှုများဖြင့် ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရှီက ပြောကြားခဲ့သည်။
နှစ်နိုင်ငံ ဆက်ဆံရေး အဆင့်မြှင့်တင် ထိန်းသိမ်းရန်၊ ပါတီအချင်းချင်း ခိုင်မာစွာ လက်တွဲရန်နှင့် လွှတ်တော်ဆိုင်ရာ နှင့် အမျိုးသားရေးဆိုင်ရာ ဖလှယ်ရေးနှင့် ကဏ္ဍရပ်ပေါင်းများစွာ၌ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရန် တရုတ် နိုင်ငံ သမ္မတက အကြံပြုထားသည်။
တရုတ်နိုင်ငံ အနေဖြင့် နှစ်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးများမှ တဆင့် ကုန်ထုတ်လုပ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စီမံခန့်ခွဲမှုနှင့် ဇင်ဘာဘွေနိုင်ငံတွင် တရုတ် လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံရာတွင် ပိုမို တွန်းအားပေးသွားမည် ဖြစ်ကြောင်းလည်း ရှီက ထပ်လောင်း ပြောကြားခဲ့သည်။
ထို့ပြင် ပညာရေး၊ ယဉ်ကျေးမှု၊ ကျန်းမာရေး၊ ခရီးသွားလာရေး၊ လူငယ်နှင့် မီဒီယာ စသည့် ကဏ္ဍများတွင် ပြည်သူ အချင်းချင်း ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ခြင်းဖြင့် တရုတ်-ဇင်ဘာဘွေ ချစ်ကြည် ရင်းနှီးမှုအား ပိုမို ထောက်ပံ့ ပေးနိုင်မည်ဟု ဆိုပါသည်။
သမ္မတ ရှီကျင့်ဖိန်နှင့် အာဖရိက ခေါင်းဆောင်များသည် တရုတ်-အာဖရိက ဆက်ဆံရေး ဖွံ့ဖြိုး တိုးတက်မှု မဟာဗျူဟာမြောက် ရှေ့ဆက် ဆောင်ရွက်ကြရန်၊ တရုတ်-အာဖရိက ရင်းနှီး ချစ်ကြည်မှုနှင့် ပူးပေါင်းဆောင် ရွက်မှု မျှော်လင့်ချက် အသစ် လမ်းပွင့်စေရန် စသည့် ကိစ္စရပ်များအား တရုတ်-အာဖရိက ပူးပေါင်းဆောင် ရွက်မှု ဖိုရမ်၌ ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲ အပြီးတွင် နှစ်နိုင်ငံ သမ္မတ နှစ်ဦးသည် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု သဘော တူညီချက် နှင့် အခြေခံ အဆောက်အအုံ တည်ဆောက်ရေး၊ ထုတ်ကုန်စွမ်းရည်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ငွေကြေး အစရှိသည့် နယ်ပယ်များတွင် ပူးပေါင်း ဆောင်ရွက်မှု သဘော တူညီချက်များအား လက်မှတ် ရေးထိုးခဲ့ကြသည်။ (Xinhua)