Connect with us

Politics, Law & Military

အမျိုးသားလုံခြုံရေးဥပဒေက ဟောင်ကောင်အတွက် “ တစ်နိုင်ငံ ၊ စနစ်နှစ်မျိုး”တွင် စာမျက်နှာသစ်ဖွင့်လှစ်ခြင်းဖြစ်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ကော်မရှင်နာရုံးပြောကြား

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသခံများက ဇွန် ၃၀ ရက်တွင် အမျိုးသားလုံခြုံရေးထိန်းသိမ်းစောင့်ရှောက်မှု ဥပဒေပြဌာန်းခြင်းအား ထောက်ခံကြိုဆိုသောအားဖြင့် တရုတ်နိုင်ငံတော်အလံ နှင့်ဟောင်ကောင်အလံများကို ဝှေ့ယမ်းနေကြစဉ်(ဆင်ဟွာ)

ဟောင်ကောင် ၊ ဇူလိုင် ၁ ရက်(ဆင်ဟွာ)

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR)ရှိ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ကော်မရှင်နာရုံးက ဇွန် ၃၀ ရက်၌ ဟောင်ကောင်တွင် အမျိုးသားလုံခြုံရေးထိန်းသိမ်းစောင့်ရှောက်မှုဥပဒေ ပြဌာန်းခဲ့ခြင်း နှင့် ယင်းထုတ်ဖော်ကြညာမှုသည် “တစ်နိုင်ငံ ၊ စနစ်နှစ်မျိုး” အောင်မြင်မှုအတွက် စာမျက်နှာသစ်တစ်ခုစတင်ဖွင့်လှစ်လိုက်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အမျိုးသားလုံခြုံရေးထိန်းသိမ်းစောင့်ရှောက်မှု ဥပဒေ ပြဌာန်းမှုကို တရုတ်နိုင်ငံ ထိပ်တန်းဥပဒေပြုလွှတ်တော်ဖြစ်သော ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီ၏ ၂၀ ကြိမ်မြောက် အစည်းအဝေး၌ ထောက်ခံ အတည်ပြုခဲ့ခြင်းဖြစ်ပြီး ယင်းဥပဒေကို HKSAR အခြေခံဥပဒေ နောက်ဆက်တွဲ ၃ တွင် ပေါင်းစပ်ထည့်သွင်းခဲ့ပြီးနောက် ဥပဒေအား အကောင်အထည်ဖော်မှုကို ဆောလျင်စွာလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၊ အလွန်အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ၊ “တစ်နိုင်ငံ ၊ စနစ်နှစ်မျိုး” အားလက်တွေ့ကျင့်သုံးရာတွင် ကျေနပ်ပျော်ရွှင်မှုတစ်ခု နှင့် အပေါင်းလက္ခဏာတိုးတက်မှုတစ်ခုဖြစ်ကြောင်း ကော်ရှင်နာရုံး၏ ကြေညာချက်က ဆိုသည်။ကော်ရှင်နာရုံးအနေဖြင့် ယင်းဥပဒေအား ကြိုဆိုကြောင်း နှင့် အပြည့်အဝပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇွန် ၃၀ ရက် ညနေပိုင်းတွင် ထုတ်ပြန်သော ကြေညာချက်တွင် ဖြည့်စွက်ဖော်ပြထားသည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.