Connect with us

Politics, Law & Military

မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူးအဖြစ် ဟက်ရိချန် (Ho Iat Seng) ရွေးကောက်တင်မြှောက်ခံရ

တရုတ်နိုင်ငံ မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသ(SAR) အုပ်ချုပ်ရေးမှူးအဖြစ်ရွေးချယ်ခံရသော Ho Iat Seng အားတွေ့ ရစဉ်(ဆင်ဟွာ)

မကာအို ၊ သြဂုတ် ၂၅ ရက်(ဆင်ဟွာ)

မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသ(SAR) ၏ ပဉ္စမမြောက် အုပ်ချုပ်ရေးမှူးအဖြစ် ဟက်ရိချန် (Ho Iat Seng) သည် ယနေ့( သြဂုတ် ၂၅ ရက်) တွင် ရွေးချယ်တင်မြှောက်ခံရပြီး ၎င်းသည် တရုတ်နိုင်ငံဗဟိုအစိုးရ၏ တရားဝင်ခန့်အပ်မိန့်ကို စောင့်ဆိုင်းနေကြောင်း သိရသည်။

ဟက်ရိချန်အား ၁၉၅၇ ခုနှစ်တွင် မကာအို၌ မွေးဖွားခဲ့ပြီး ၎င်းသည် မကာအိုဒေသချမ်းသာကြွယ်ဝသည့် မိသားစုမှ ဆင်းသက်လာသူတစ်ဦးဖြစ်သည်။ ဟက်သည် ၂ဝဝ၄ ခုနှစ် မှ ၂ဝဝ၉ ခုနှစ်အထိ မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသ၏ အမှုဆောင်ကောင်စီတွင် အဖွဲ့ဝင်တစ်ဦးအဖြစ် ဝင်ရောက်အမှုထမ်းခဲ့သည်။

၂ဝ၁၃ ခုနှစ် အောက်တိုဘာတွင် ၎င်းသည် မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသ ဥပဒေပြုလွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး ၂ဝ၁၇ ခုနှစ်တွင် နောက်တစ်ကြိမ် ထပ်မံရွေးချယ်ခံရသည်။ ၎င်းသည် တရုတ်အမျိုးသားပြည်သူ့ကွန်ကရက်(NPC) ၏ အဖွဲ့ဝင်တစ်ဦး နှင့် NPC အမြဲတမ်းကော်မတီ၏ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။

၂၀၁၉ ခုနှစ် ဧပြီတွင် ဟက်သည် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့ပြီး NPC အမြဲတမ်းကော်မတီဝင်အဖြစ်မှ နုတ်ထွက်စာတင်ခဲ့ရာ ကော်မတီကလည်း ၎င်း၏ နုတ်ထွက်မှုကို လက်ခံခဲ့သည်။

ဟက်သည် မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသ၏ ပဉ္စမမြောက်အုပ်ချုပ်ရေးမှူးအဖြစ် မကာအိုဒေသအုပ်ချုပ်ရေးမှူးရွေးချယ်ရေးစီမံခန့်ခွဲမှုကော်မတီ၏ ဇူလိုင်လက အုပ်ချုပ်ရေးမှူးရေးမှူးလောင်း အမည်စာရင်းတင်သွင်းမှုကို လက်ခံခဲ့သည်။

၎င်းသည် အုပ်ချုပ်ရေးမှူးလောင်းအမည်စာရင်းတင်သွင်းမှု နောက်ဆုံးပိတ်ရက်ဖြစ်သော ဇူလိုင် ၂၅ ရက်အထိ တစ်ဦးတည်းသော အမည်စာရင်းတင်သွင်းသူဖြစ်ခဲ့ရာ တစ်ဦးတည်းသော ကိုယ်စားလှယ်လောင်းဖြစ်ခဲ့သည်။ ဟက်သည် ကိုယ်စားလှယ်လောင်းတစ်ဦးအနေဖြင့် မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူးရွေးချယ်ရေးကော်မတီ၏ ကော်မတီဝင် ၃၉၉ အနက် ၃၇၉ ဦးထံမှ ထောက်ခံအတည်ပြုမှုရရှိခဲ့သည်။

၎င်းသည် ယနေ့သြဂုတ် ၂၅ ရက်တွင်ပြုလုပ်သော ရွေးကောက်ပွဲတွင် ထောက်ခံမဲ ၃၉၂ မဲ ရရှိခဲ့ကြောင်း သိရသည်။(Xinhua)