Connect with us

Politics, Law & Military

ကမ္ဘာ့ရှေ့နေများဆွေးနွေးပွဲ ကို တရုတ်နိုင်ငံတောင်ပိုင်းတွင် ကျင်းပမည်

တရုတ်ရှေ့နေများအသင်း (ACLA) အစည်းအဝေးတစ်ခုကျင်းပစဉ် (ဓာတ်ပုံ--အင်တာနက်)

ပေကျင်း၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတောင်ပိုင်း၊ ကွမ်တုန်းပြည်နယ်၊ကွမ်ကျိုးမြို့ တွင် ကမ္ဘာ့ရှေ့နေများဆွေးနွေးပွဲ ကို ဒီဇင်ဘာ ၉ ရက် နှင့် ၁၀ ရက် တို့တွင် ကျင်းပသွားရန်ရှိကြောင်း တရုတ်ရှေ့နေများအသင်း (ACLA) က သြဂုတ် ၂၇ ရက် တွင်ပြောခဲ့သည်။

သိပ္ပံ နှင့် နည်းပညာရပ်များ နှင့် ဥပဒေလုပ်ငန်းများ တိုးတက်စေရန် တရုတ်နှင့် ကမ္ဘာ့ရှေ့နေများအသိုင်းအဝန်းကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် ရည်ရွယ်ချက်ဖြင့် ယခုဆွေးနွေးပွဲကို ACLA က အိမ်ရှင်အဖြစ် ကမကထလုပ်၍ ကျင်းပခြင်းဖြစ်သည်။

ရပ်ဝန်းနှင့်ပိုးလမ်းမအဆိုပြုချက်စီမံကိန်းများ နှင့် ဥပဒေလုပ်ငန်းများ၊ အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေး နှင့် ဖြေလျှော့မှုများ၊နယ်စပ်ဖြတ်ကျော်ရင်းနှီးမြှုပ်နှံမှုများ နှင့် ကုမ္ပဏီများပေါင်းစပ်ခြင်းတို့ကိုအလေးထား၍ ဆွေးနွေးပွဲအခွဲ ၆ ခု ကျင်းပရန်ရှိကြောင်း သိရသည်။

နေရာအန့ှံမှ အယောက်၆၀၀ခန့်ရှိသော ရှေ့နေများ၊ တရားဝင်တရားရေးဌာန နှင့် ပြည်တွင်းပြည်ပမှ ကျွမ်းကျင်ပညာရှင်များ ထိုဆွေးနွေးပွဲသို့ တက်ရောက်မည်ဟု မျှော်မှန်းထားကြောင်း ACLA ကဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.