Connect with us

Politics, Law & Military

တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းကို ရပ်တန့်ရန် အမေရိကန်နိုင်ငံ တာဝန်ရှိသူများကို တိုက်တွန်း

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကျောက်လိကျန်းအား ဇူလိုင် ၁ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ- တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန)

ပေကျင်း၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

ဟောင်ကောင်အကြောင်းပြချက်ဖြင့် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးအား ဝင်ရောက်စွက်ဖက်ခြင်းကို ရပ်တန့်ရန်နှင့် မှားယွင်းသောနည်းလမ်းဖြင့် လုပ်ဆောင်ခြင်းမှရှောင်ရှားရန် အမေရိကန်နိုင်ငံ တာဝန်ရှိသူအချို့အား တိုက်တွန်းပြောကြားလိုက်ကြောင်း သိရသည်။ 

ဟောင်ကောင်ဆိုင်ရာ တရုတ်နိုင်ငံ၏ အမျိုးသားလုံခြုံရေးဥပဒေအပေါ် အမေရိကန်နိုင်ငံ တာဝန်ရှိသူများ၏ ထုတ်ပြန်ချက်များကို တုံ့ပြန်သောအားဖြင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကျောက်လိကျန်းက ဇူလိုင် ၁ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ အထက်ပါအတိုင်း တုံ့ပြန်ပြောကြားခဲ့သည်။ 

ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အမျိုးသားလုံခြုံရေးဥပဒေသည် “တစ်နိုင်ငံ၊ စနစ်နှစ်မျိုး” စည်းမျဉ်းကို ကျယ်ကျယ်ပြန့်ပြန့် သစ္စာရှိစွာ အကောင်အထည်ဖော်ရေး၊ HKSAR တွင် ဖွဲ့စည်းပုံနှင့် အခြေခံဥပဒေအရ ပြဌာန်းထားသော ဖွဲ့စည်းပုံအမိန့်ကို ထိထိရောက်ရောက် ထိန်းသိမ်းရေးအတွက် တောင့်တင်းခိုင်မာသော အာမခံချက်တစ်ခုကို ထောက်ပံ့သွားမည်ဖြစ်ကြောင်း ကျောက်က ပြောခဲ့သည်။ 

တရုတ်နိုင်ငံ အစိုးရအနေဖြင့် နိုင်ငံ၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကျိုးစီးပွားကို ထိန်းသိမ်းစောင့်ရှောက်ရန်၊ “တစ်နိုင်ငံ၊ စနစ်နှစ်မျိုး” မူဝါဒကို အကောင်အထည်ဖော်ရန်နှင့် ဟောင်ကောင်ရေးရာ၌ မည်သည့်ပြင်ပဝင်ရောက်စွက်ဖက်မှုမျိုးကိုမဆို ဆန့်ကျင်ရန် ဆုံးဖြတ်ချက်ကို အခိုင်အမာထားရှိကြောင်း ပြောခွင့်ရပုဂ္ဂိုလ် ကျောက်က ဆိုသည်။ 

“အမေရိကန်အနေနဲ့ ဥပဒေကို မျှမျှတတ၊ ဓမ္မဓိဋ္ဌာန်ကျကျ သဘောထားဖြင့် ရှုမြင်ဖို့၊ ဟောင်ကောင်အကြောင်းပြချက်အောက်မှာ ကျွန်တော်တို့ရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းကို ချက်ချင်းရပ်တန့်ဖို့ မှားယွင်းတဲ့ နည်းလမ်းနဲ့ လုပ်ဆောင်ခြင်းမှရှောင်ရှားဖို့ တိုက်တွန်းပါတယ်” ဟု ကျောက်က ဖြည့်စွက်ပြာကြားခဲ့သည်။  (Xinhua)