Connect with us

Politics, Law & Military

အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (အင်တာပို) က အလိုရှိသည့် ဝရမ်းပြေးအား တောင်ကိုရီးယား နိုင်ငံ (ROK) သို့ တရုတ် လွှဲပြောင်း ပေးအပ်

ပြင်သစ်နိုင်ငံ လီယွန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (အင်တာပို) ၏ ဌာနချုပ်ကို တွေ့ရစဉ် (ဓာတ်ပုံ- Wikipedia )

နန်ကျင်း၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ)

အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (အင်တာပို) က အလိုရှိဆုံး စာရင်းဝင် ဝရမ်းပြေး တစ်ဦးအား တရုတ်နိုင်ငံ ရဲတပ်ဖွဲ့က တောင်ကိုရီးယားနိုင်ငံ (ROK) ရဲတပ်ဖွဲ့ သို့ ဒီဇင်ဘာ လ ၁၆ ရက်က တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းစုပြည်နယ် နန်ကျင်းလေဆိပ်၌ လွှဲပြောင်း ပေးအပ်ခဲ့သည်။

အသက် ၅၄ နှစ်အရွယ်ရှိ Kang Taeyong သည် ၂၀၀၇ မှ ၂၀၀၈ ခုနှစ်အတွင်း တောင်ကိုရီးယား နိုင်ငံ (ROK) တွင် လူ ပေါင်း ၃၀,၀၀၀ ကျော်ထံမှ ဝမ် ၁.၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံခန့်) ခြိမ်းခြောက်ငွေညှစ်ခဲ့ ကြောင်း စွပ်စွဲခံထားရသူ ဖြစ်သည်။ ၎င်းအား ၂၀၀၈ ခုနှစ်တွင် အင်တာပို၏ အလိုရှိဆုံး ဝရမ်းပြေး စာရင်းဝင် ဖြစ်ခဲ့နောက် ၎င်းသည် တရုတ်နိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်ခဲ့သည်။

ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ကျန်းစုပြည်နယ် ရဲများက Kang အား အောက်တိုဘာလ ၁၀ ရက်က ဖမ်းဆီးမိခဲ့သည်။

ဝန်ကြီးဋ္ဌာန၏ အဆိုအရ တရုတ်နှင့် တောင်ကိုရီးယား နိုင်ငံ (ROK) မှ ရဲများက ၂၀၁၃ ခုနှစ် ဇွန်လအတွင်း အကျဉ်းသား များ နေရပ်ပြန်ပို့ရေး သဘောတူညီမှု ရရှိခဲ့စဉ်ကတည်းက တရားခံဖမ်းဆီးရေးနှင့် ပြန်လည်လွှဲပြောင်းရေး များအား နှစ်နိုင်ငံ ပူးပေါင်း လုပ်ဆောင်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.