Connect with us

Politics, Law & Military

အမေရိကန် နိုင်ငံ ၏ “THAAD” ဒုံးကျည် ကာကွယ်ရေး စနစ်အား တောင်ကိုးရီးယား တွင် ထားရှိရန် ပြင်ဆင်ခြင်းကို လက်မခံ နိုင်ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးပြောကြား

“THAAD” ဒုံးကျည် ကာကွယ်ရေး စနစ် အား စမ်းသပ် နေသည်ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိမှ အမေရိကန် နိုင်ငံ၏ (Terminal High- Altitude Area Defense = THAAD) “THAAD” ဒုံးကျည် ကာကွယ်ရေး စနစ်အား တောင်ကိုးရီးယားတွင် ထားရှိရန် ပြင်ဆင်ခြင်း နှင့် ပတ်သက်၍ ပြင်းထန်သည့် သဘောထား ရပ်တည်မှုကို တရုတ် နိုင်ငံ မှ ထုတ်ပြန် ခဲ့ပြီး ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ အပါအဝင် အခြား သက်ဆိုင်ရာ နိုင်ငံများ၏ ကန့်ကွက်ခြင်းကို မျက်ကွယ်ပြုပြီး အမေရိကန် နိုင်ငံ နှင့် တောင်ကိုးရီးယား နိုင်ငံတို့သည် ဇူလိုင်လ ၈ ရက်တွင် “THAAD” ဒုံးကျည် ကာကွယ်ရေး စနစ်အား တောင်ကိုးရီးယားတွင် ထားရှိမည် ဖြစ်ကြောင်းကို ထုတ်ပြန်ကြေညာ ခဲ့သည်။

ထိုအကြောင်းအရာ နှင့် ပတ်သက်၍ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိမှ တရုတ် နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံ၏ တောင်ကိုးရီးယား နိုင်ငံတွင် “THAAD” ဒုံးကျည် ကာကွယ်ရေး စနစ်အား ထားရှိရန် ပြင်ဆင်ခြင်း နှင့်ပတ်သက်၍ ပြင်းထန်သည့် ရပ်တည်မှုကို ထုတ်ပြန် ခဲ့ပြီး ဖြစ်ကြောင်း ၊ “THAAD” စနစ်သည် ကိုးရီးယား ကျွန်းဆွယ် ကာကွယ်ရေး လိုအပ်ချက်ထက် များစွာ ကျော်လွန်နေသောကြောင့် မည်သည့် အကြောင်းပြချက် ပြောကြားသည် ဖြစ်စေ အဓိပ္ပါယ်မရှိကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ထိုအစီအစဉ်၏ နောက်ကွယ်တွင် ထားရှိသည့် အဓိက ရည်ရွယ်ချက်ကို သံသယ ဖြစ်နိုင်သည့် အခွင့်အရေး ရှိကြောင်း ၊ တရုတ်နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံအား မိမိ၏ လုံခြုံမှု ရရှိရန် အတွက် သူတပါး၏ မလုံခြုံမှု ပေါ်တွင် မတည်ဆောက်ရန် ပြောကြား လိုကြောင်း ၊ ထို့ပြင် လုံခြုံရေး ခြိမ်းခြောက်မှု ဟူသည့် အကြောင်းပြချက်ဖြင့် အခြားနိုင်ငံများ၏ တရားဝင် လုံခြုံရေးကို မထိခိုက် သင့်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် မိတ်ဆွေ တောင်ကိုရီယား နိုင်ငံ အား “THAAD” စနစ်သည် အမှန်တကယ် တောင်ကိုးရီးယား နိုင်ငံ လုံခြုံရေး အတွက် အကျိုးရှိမရှိ ၊ ကိုးရီးယား ကျွန်းဆွယ် တည်ငြိမ်အေးချမ်းရေး အတွက် အမှန်တကယ် အကျိုးရှိမရှိ နှင့် ကိုးရီးယား ကျွန်းဆွယ် နျူကလီးယား ပြဿနာကို ဖြေရှင်းနိုင်ခြင်း ရှိမရှိ ကိုသေချာ စဉ်းစား ဆုံးဖြတ် စေလိုကြောင်း ၊ သက်ဆိုင်ရာ နိုင်ငံများ အနေဖြင့် ဂရုတစိုက် ဆောင်ရွက်စေလိုပြီး ကြီးမားသော မှားယွင်းမှု မဖြစ်ပွား စေလိုကြောင်း ပြောကြား ခဲ့သည်။

ဇူလိုင်လ ၈ ရက်နေ့တွင် “THAAD” ဒုံးကျည် ကာကွယ်ရေး စနစ် ထားရှိခြင်း အပေါ် ဆန့်ကျင် ကန့်ကွက်ကြောင်း ဆန္ဒပြနေသော တောင်ကိုးရီးယား ပြည်သူများအား မြင်တွေ့ရစဥ ်(ဆင်ဟွ)

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဤ ကိစ္စရပ်နှင့် ပတ်သက်သော သတင်းထုတ်ပြန် ချက်တွင် အမေရိကန် နိုင်ငံနှင့် တောင်ကိုးရီးယား နိုင်ငံတို့သည် တရုတ် နိုင်ငံနှင့် အခြား သက်ဆိုင်ရာ နိုင်ငံများ၏ ဆန့်ကျင် ကန့်ကွက်သည့် သဘောထား ရပ်တည်မှု ကို အလေးမထား ဘဲ “THAAD” ဒုံးကျည် ကာကွယ်ရေး စနစ် တပ်ဆင်ရန် ထုတ်ပြန်ခြင်းအား ပြင်းထန်စွာ ကန့်ကွက်ကြောင်း ၊ ထိုဆောင်ရွက်မှု ကြောင့် တရုတ် နိုင်ငံ အပါအဝင် အခြား သက်ဆိုင်ရာ နိုင်ငံများ၏ မဟာဗျူဟာ လုံခြုံရေးနှင့် ဒေသတွင်း မဟာဗျူဟာ ချိန်ခွင် မျှတရေး အတွက် ဆိုးရွား စွာ ထိခိုက် နစ်နာ စေ ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံ နှင့် တောင်ကိုးရီးယား နိုင်ငံ အား “THAAD” ဒုံးကျည် ကာကွယ်ရေး စနစ် ဆောင်ရွက်မှုအား ရှေ့ဆက် မဆောင်ရွက် သွားရန် ပြင်းထန်စွာ တိုက်တွန်း လိုကြောင်း ထုတ်ပြန် ခဲ့သည်။

ထို့ပြင် တရုတ် နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန မှလည်း အမေရိကန် နိုင်ငံနှင့် တောင်ကိုးရီးယား နိုင်ငံ တို့မှ “THAAD” ဒုံးကျည် ကာကွယ်ရေး စနစ် တပ်ဆင်ရန် ပြင်ဆင်မှု အပေါ် တရုတ် နိုင်ငံ မှ ထားရှိသည့် သဘောထား ရပ်တည်မှု ကို တရုတ် နိုင်ငံ ခြားရေး ဝန်ကြီးဌာန မှ ထုတ်ပြန် ခဲ့ပြီး ဖြစ်ကြောင်း ၊ တရုတ် ကာကွယ်ရေး ဝန်ကြီးဌာန အနေဖြင့် အမေရိကန် နိုင်ငံ နှင့် တောင်ကိုးရီးယား နိုင်ငံတို့မှ ဤ ကိစ္စရပ် နှင့် ပတ်သက်သော ဆောင်ရွက်မှု များကို အနီးကပ် စောင့်ကြည့် လေ့လာမှုများ ပြုလုပ်သွားမည် ဖြစ်ပြီး တရုတ် နိုင်ငံ အနေဖြင့် မိမိ နိုင်ငံ မဟာဗျူဟာ လုံခြုံရေး နှင့် ဒေသတွင်း မဟာဗျူဟာ ချိန်ခွင် မျှတရေး အတွက် လိုအပ် သော ဆောင်ရွက်မှု များကို ပြုလုပ် သွားမည် ဖြစ်ကြောင်း ထုတ်ပြန် ခဲ့သည်။

ရုရှား နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန မှလည်း ဇူလိုင်လ ၈ ရက်က တောင်ကိုရီးယားတွင် အမေရိကန်၏ “THAAD” ဒုံးကျဉ် ကာကွယ်ရေး စနစ် ထားရှိရန် ပြင်ဆင်မှုအပေါ် ရုရှားနိုင်ငံက အလွန် စိုးရိမ်ပူပန်မိကြောင်း ၊ အဆိုပါ ဆုံးဖြတ်ချက် မချမီကတည်းက ဖြစ်ပေါ်လာနိုင်သည့် အန ္တရာယ်နှင့် မလွဲမသွေကြုံတွေ့ရမည့် အကျိုး ဆက်များအား ရုရှားနိုင်ငံအနေဖြင့် ထောက်ပြခဲ့ကြောင်း၊ ယခုလို ဆုံးဖြတ်ချက်ချလိုက်ခြင်း၏ နောက်ကွယ်၌ မည်ကဲ့သို့သော အကြောင်းပြချက်များ ရှိစေကာမူ ယင်းသည် ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာကျ တည်ငြိမ်မှု နှင့် ဒေသတွင်း ဆက်ဆံရေး အားဆိုးရွားလာစေမည်ဖြစ်ကြောင်း၊ ကိုရီးယား ကျွန်းဆွယ် အရေးအား အဖြေရှာရာတွင် ပိုမို ရှုပ် ထွေးခြင်းများနှင့် နျူကလီးယား တိုက်ဖျက်ရေးကိစ္စ စသည်တို့အပေါ် မကောင်းသော သက်ရောက်မှုများ ဖြစ်စေ နိုင်မည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန၏ ကြေညာချက်၌ ဖော်ပြခဲ့သည်။
ဇူလိုင်လ ၈ ရက်တွင် တောင်ကိုးရီးယား နိုင်ငံ ဆိုးလ်မြို့ ရှိ ကာကွယ်ရေး ဝန်ကြီးရုံးရှေ့တွင် တောင်ကိုးရီးယား နိုင်ငံ ပြည်သူလူထု တို့မှ တောင်ကိုးရီးယား-အမေရိကန် နှစ်နိုင်ငံ ၏ တောင်ကိုးရီးယား တွင် “THAAD” ဒုံးကျည် ကာကွယ်ရေး စနစ် ထားရှိခြင်း အပေါ် ဆန့်ကျင် ကန့်ကွက်ကြောင်း ဆန္ဒပြခြင်းကို ပြုလုပ် ခဲ့ကြသည်။ (Xinhua)