Connect with us

Politics, Law & Military

တွန်ဂါနိုင်ငံ ဘုရင် Tupou VI က တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားမည်

တွန်ဂါနိုင်ငံ ဘုရင် Tupou VI အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)

တွန်ဂါနိုင်ငံ ဘုရင် Tupou VI သည် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်ဖြင့် ဖေဖော်ဝါရီလ ၂၈ ရက်မှ မတ်လ ၈ ရက်အထိ တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် လာရောက်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောခွင့်ရပုဂ္ဂိုလ် လုခန်းက ပြောကြားခဲ့သည်။

ယခုနှစ်သည် တရုတ်နိုင်ငံနှင့် တွန်ဂါနိုင်ငံအကြား သံတမန် ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၂၀ ပြည့်မြောက်သည့်နှစ်လည်း ဖြစ်ကြောင်း ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ လုက ပြောကြားခဲ့သည်။

တွန်ဂါနိုင်ငံ ဘုရင်သည် ချစ်ကြည်ရေး ခရီးစဉ်အတွင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၊ ဝန်ကြီးချုပ် လီခဲ့ချန် တို့နှင့် တွေ့ဆုံသွားမည် ဖြစ်ကြောင်း၊ ဘုရင် Tupou သည် တရုတ်နိုင်ငံ ကျဲ့ကျန်း၊ ဟိုင်နန်နှင့် ကွမ်တုံပြည်နယ်များသို့ သွားရောက်လည်ပတ်မည် ဖြစ်ကြောင်း သိရသည်။

၂၀၁၄ ခုနှစ် နိုဝင်ဘာလက တရုတ်နိုင်ငံနှင့် တွန်ဂါနိုင်ငံ ခေါင်းဆောင်နှစ်ဦးတို့သည် မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံ ဆက်ဆံရေး ထူထောင်ရန် သဘောတူညီမှု ရရှိခဲ့ကြောင်း၊ ထိုစဉ်ကတည်းက နှစ်နိုင်ငံ ဆက်ဆံရေးသည် လျင်မြန်စွာ တိုးတက်လာခဲ့ကြောင်း လုက ဆိုသည်။

ထို့ပြင် တရုတ်နိုင်ငံသည် တွန်ဂါနိုင်ငံနှင့်အတူ နိုင်ငံရေး ယုံကြည်မှုတိုးမြှင့်ရေး၊ နှစ်နို်င်ငံ ပြည်သူများအတွက် အကျိုးရှိသော လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောခွင့်ရပုဂ္ဂိုလ် လုခန်းက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.