Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဟောင်ကောင် လူငယ်များထံ နွေဦးပွဲတော် နှုတ်ခွန်းဆက်

တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ ပြည်သူ့ခန်းမကြီးတွင် နွေဦးပွဲတော် နှုတ်ခွန်းဆက်စကားပြောကြားနေသည့် သမ္မတ ရှီကျင့်ဖိန်အား ဖေဖော်ဝါရီလ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဟောင်ကောင် လူငယ်များထံသို့ နွေဦးပွဲတော် နှုတ်ဆက်စကား ပြောကြားခဲ့ပြီး ၎င်းတို့၏ ဆောင်ရွက်မှုများဖြင့် ဟောင်ကောင်နှင့် နိုင်ငံအတွက် တာဝန်ထမ်းဆောင်ရန် ဖေဖော်ဝါရီလ ၁၄ ရက်က ပြောကြားလိုက်သည်။

ဟောင်ကောင် အငယ်တမ်း ရဲတပ်ဖွဲ့ (JPC) အဖွဲ့ဝင်များခံ ပြန်စာပို့ရင်း ရှီက အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။ ရှီသည် အမိမြေလက်အောက်သို့ ဟောင်ကောင် ပြန်လည်ရောက်ရှိခြင်း နှစ် ၂၀ ပြည့် အခမ်းအနား မတိုင်မီ တစ်ရက်အလို ၂၀၁၇ ခုနှစ် ဇွန်လ ၃၀ ရက်က JPC ရှိ Permanent Activity Center နှင့် လူငယ် လေ့ကျင့်ရေးစခန်းသို့ သွားရောက်ခဲ့သည်။

အဆိုပါ လည်ပတ်မှုအတွင်း ရှီသည် JPC အဖွဲ့ဝင် ၂၂ ဦးနှင့် တွေ့ဆုံခဲ့သည်။ ၎င်းတို့က နွေဦးပွဲတော်အတွက် ကိုယ်တိုင်ပြုလုပ်သော နှုတ်ခွန်းဆက် ကဒ်တစ်ခုအား ရှီထံသို့ ပေးပို့ခဲ့သည်။

“နှုတ်ခွန်းဆက်ကဒ်ထဲမှာ ခင်ဗျားတို့ရဲ့ စိတ်ထားတွေ ထည့်သွင်းတဲ့ အနုစိတ်လက်ရေးများနဲ့ ဆန္ဒမွန်တွေကို ကျွန်ုပ် နက်နက်ရှိုင်းရှိုင်းခံစားမိပါတယ်” ဟု နှုတ်ခွန်းဆက်ကဒ်အား လက်ခံရရှိခြင်းအပေါ် ပြန်လည်ရေးသားထားသည့် စာလွှာ၌ ရှီက ဖော်ပြထားသည်။

ထို့ပြင် ၎င်းတို့ အနေဖြင့် သမိုင်းကြောင်းနှင့် နိုင်ငံအခြေအနေများအား ပိုမို ဖတ်ရှု လေ့လာသင့်ကြောင်း၊ အမြင်ကျယ်ကျယ်ဖြင့် ၎င်းတို့၏ အသိပညာနှင့် စွမ်းဆောင်ရည်အား တိုးတက်အောင် လုပ်ဆောင်သင့်ကြောင်း၊ အမိမြေနှင့် ဟောင်ကောင်အတွက် ငယ်ရွယ်သော မျိုးဆက်သစ်အဖြစ် ၎င်းတို့၏ အပြုအမူများဖြင့် ဟောင်ကောင်နှင့် နိုင်ငံအတွက် တာဝန်ထမ်းဆောင်သင့်ကြောင်း ရှီက ပြောကြားခဲ့သည်။

JPC အား ဟောင်ကောင် ရဲတပ်ဖွဲ့၏ အဖွဲ့ဝင်အဖြစ် ၁၉၇၄ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ဟောင်ကောင်ရှိ အဓိက လူငယ် အဖွဲ့အစည်းတစ်ခုဖြစ်၍ အဖွဲ့ဝင် ၂၁၀၀၀၀ ကျော်ရှိကာ ကမ္ဘာပေါ်ရှိ လူငယ် ရဲတပ်ဖွဲ့ အဖွဲ့အစည်းများအနက် အကြီးဆုံး တစ်ခုဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.