Connect with us

Politics, Law & Military

တောင်တရုတ်ပင်လယ်တွင် တရုတ်နှင့် ရုရှား ရေတပ် ပူးပေါင်းစစ်ရေး လေ့ကျင့်မည်

တောင်တရုတ်ပင်လယ်တွင် Joint Sea-2013 ပူးတွဲစစ်ရေးလေ့ကျင့်မှု၌ တရုတ်နှင့် ရုရှား ရေတပ် သင်္ဘောများ စစ်ရေးလေ့ကျင့်နေခဲ့ကြသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံ ရေတပ်တို့ ပူးပေါင်း၍ စစ်ရေး လေ့ကျင့်မှုအား တောင်တရုတ်ပင်လယ်တွင် စက်တင်ဘာလ၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဋ္ဌာန ပြောရေး ဆိုခွင့်ရှိသူ Yang Yujun က ဇူလိုင်လ ၂၈ တွင် ပြောကြားခဲ့သည်။

Joint Sea-2016 ဟု အမည်ပေးထားသည့် ပူးတွဲ စစ်ရေးလေ့ကျင့်မှုသည် နှစ်နိုင်ငံ သဘောတူညီချက်များမှ ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း Yang ကပြောသည်။

စစ်ရေးလေ့ကျင့်မှုအား ရေပြင် နှင့် မြေပြင် နှစ်ခု စလုံးတွင် ပြုလုပ်သွားမည်ဖြစ်ပြီး ယင်းလေ့ကျင့်မှုသည် တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့နှင့်သာ သက်ဆိုင်ပြီး မည်သည့် တတိယနိုင်ငံ တစ်ခုကိုမှ ရည်ရွယ်ခြင်း မရှိကြောင်း Yang က ပြောသည်။

Yang က အဆိုပါ စစ်ရေး လေ့ကျင့်မှုသည် တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့၏ ပြီးပြည့်စုံသော မဟာဗျူဟာမြောက် မိတ်ဖက် ပူးပေါင်းဆက်ဆံမှုကို ပိုမို ခိုင်မာ ဖွံ့ဖြိုးလာစေမည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံ စစ်တပ် အချင်းချင်း ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်မှုနှင့် လက်တွေ့ကျမှုများ နက်ရှိုင်းလာမည် ဖြစ်ကြောင်း နှင့် ပင်လယ်ရေကြောင်း လုံခြုံရေး ဆိုင်ရာ ခြိမ်းခြောက်မှုများတွင် နှစ်နိုင်ငံ ချိတ်ဆက် ဖြေရှင်းမှုများ ပိုမို လုပ်ဆောင်လာနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117