Connect with us

Science & Technology

တရုတ်နိုင်ငံက သိပ္ပံ စူးစမ်းလေ့လာရေး ဂြိုလ်တု ၅ စင်း လွှတ်တင်ရန် စီစဉ်နေ

တရုတ်နိုင်ငံ Jiuquan ဂြိုလ်တု လွှတ်တင်ရေး စင်တာ၌ ၂ဝ၁၆ ခုနှစ် ဧပြီလ ၆ ရက်တွင် SJ-10 ဂြိုလ်တု တစ်စင်း အား လွှတ်တင်နေစဉ် (ဆင်ဟွာ)

ပေကျင်း ၊ ဇွန် ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် နိုင်ငံ၏ အာကာသ စူးစမ်းလေ့လာမှု သိပ္ပံအစီအစဉ် တိုးချဲ့ရေး တစ်ရပ်အဖြစ် လာမည့် ၅ နှစ်အတွင်း ဂြိုလ်တု ၅ စင်းကို လွှတ်တင်ရန် စီစဉ်နေကြောင်း အကြီးတန်း အာကာသ သိပ္ပံပညာရှင် တစ်ဦးက ဇွန်လ ၁ ရက်တွင် ပြောကြားလိုက်သည်။

တရုတ်-ဥရောပ ပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်လည်း ပါဝင်သော အဆိုပါ ဂြိုလ်တု ၅ စင်းသည် နေနှင့် ပတ်သက်သော စွမ်းဆောင် ဖြစ်ပျက်မှု အမျိုးမျိုးကို လေ့လာမည် ဖြစ်ပြီး ၎င်းတို့၏ ကမ္ဘာမြေ သဘာဝ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုရှိခြင်းနှင့် အာကာသ ရာသီဥတု အပေါ် သက်ရောက်မှု ရှိခြင်း ၊ ရေသံသရာနှင့် အာကာသ တွင်းနက်ကြီး တည်ရှိမှုကို သက်သေပြခြင်း များကို အဓိက ထား၍ စူးစမ်း လေ့လာမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ သိပ္ပံအကယ်ဒမီ ၏ လက်အောက်ခံ အဖွဲ့အစည်း တစ်ခုဖြစ်သည့် တရုတ်အမျိုးသား အာကာသသိပ္ပံ စင်တာ မှ ညွှန်ကြားရေးမှူး ဝူကျိ (Wu Ji) က ပြောသည်။
ဖော်ပြပါ ကဏ္ဍအသီးသီးတွင် သိပ္ပံဆိုင်ရာ စူးစမ်း လေ့လာမှုများကို အဓိကထား ပြုလုပ်သွားမည်ဟု မျှော်လင့်ရကြောင်း ဝူက ဖြည့်စွက်ပြောကြားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.