Connect with us

Science & Technology

တရုတ်နိုင်ငံ ဦးဆောင်သည့် ဖက်စပ် လုပ်ငန်းက ဘင်္ဂလားဒေ့ရှ်တွင် လေးလမ်းသွား မိုးပျံလမ်း တည်ဆောက်မည်

တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ရှိ မိုးပျံလမ်း တစ်ခု အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ဒါကာ၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကုမ္ပဏီ တစ်ခုမှ ဦးဆောင်သည့် ဖက်စပ် လုပ်ငန်း တစ်ခုက ဒါကာ နှင့် ဆေးလ်ဟက်မြို့ကို ဆက်သွယ်ထားသော အဝေးပြေး လမ်းမကြီးပေါ်တွင် ၁.၂ ကီလိုမီတာ ရှည်လျားသည့် လေးလမ်းသွား မိုးပျံလမ်းကို ဘင်္ဂလားဒေ့ရှ် အစိုးရနှင့် ဖက်စပ် တည်ဆောက်ရန် လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။

တရုတ် နိုင်ငံ မီးရထားလမ်း အမှတ် (၂၄) ဗျူရို အုပ်စု သည် ဒေသခံ စပက်ထရာ အင်ဂျင်နီယာ လီမိတက်၊ မိုဟီဒင် ဆောက်လုပ်ရေး နှင့် အင်ဂျင်နီယာ လီမိတက် တို့နှင့် ချိတ်ဆက် လုပ်ဆောင်ရန် စက်တင်ဘာလ က သဘောတူညီချက် ရရှိခဲ့သည်။

ဘင်္ဂလားဒေ့ရှ် လမ်းမကြီးများနှင့် အဝေးပြေးလမ်း ဆိုင်ရာ အင်ဂျင်နီယာချုပ် Feroz Iqbal သည် ချိတ်ဆက် ဆောင်ရွက်မည့် တရုတ် ဖက်စပ် ကုမ္ပဏီမှ ကိုယ်စားလှယ် ဝမ်းဝေ နှင့် သဘော တူညီချက် စာချုပ်ကို ဒါကာမြို့တွင် ချုပ်ဆို ခဲ့ကြောင်း သိရသည်။

အဆိုပါ လေးလမ်းသွား မိုးပျံလမ်းသည် အဝေးပြေး လမ်းမပေါ်ရှိ လူသွားလူလာများသော လမ်းဆုံနေရာ၌ ယာဉ်လမ်းကြောင်း ရှုပ်ထွေးမှုများကို ဖြေရှင်း ပေးနိုင်မည်ဟု မျှော်လင့်ကြောင်း သိရှိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117