Connect with us

Science & Technology

တရုတ်-ရုရှား ပူးတွဲ တည်ဆောက်ထားသော အကြီးစား ရဟတ်ယာဉ် တရုတ်နိုင်ငံတွင် ပွဲဦးထွက် ပြသ

တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်း အပြည်ပြည်ဆိုင်ရာ ရဟတ်ယာဉ်ပြပွဲ (ဆင်ဟွာ)

ထျန်းကျင်း၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)

တရုတ်နှင့် ရုရှားနိုင်ငံတို့ ပူးတွဲ တည်ဆောက် ထားသော စွမ်းဆောင်ရည်မြင့် အကြီးစား ရဟတ်ယာဉ် တစ်စင်းအား တရုတ် နိုင်ငံတွင် ဗုဒ္ဓဟူးနေ့က ပွဲဦးထွက် ပြသခဲ့ပါသည်။

အဆိုပါ ရဟတ်ယာဉ်အား ထျန်းကျင်း အပြည်ပြည်ဆိုင်ရာ ဟယ်လီကော်ပတာ ပြပွဲတွင် ပြသခဲ့ပြီး ထို ရဟတ်ယာဉ်ကို တရုတ်နိုင်ငံ ပထဝီဝင် အနေအထားများနှင့် သင့်တော်သော အထူးဒီဇိုင်းဖြင့် ထုတ်လုပ်ထား ကြောင်း၊ မြင့်မားသော အပူချိန်တွေမှာ ညင်သာစွာ မောင်းနှင်နိုင်မှာ ဖြစ်သလို ပုံမှန်ထက် ပိုမိုမြင့်မားစွာ မောင်းနှင် ပျံသန်းနိုင်သည်ဟု တရုတ်နိုင်ငံ လေကြောင်း လုပ်ငန်း ကော်ပိုရေးရှင်း၏ ရဟတ်ယာဉ် ဋ္ဌာန ဒုတိယ အင်ဂျင်နီယာချုပ် ဟွမ်းချွမ်းယွဲ့ ကပြောသည်။

လေယာဉ် မောင်းနှင်အားအရှိန် အနေဖြင့် အများဆုံး တစ်နာရီလျှင် ၃၀၀ ကီလိုမီတာ မောင်းနှင်နိုင်ပြီး အလေးချိန် ၃၈.၂ တန် သယ်ဆောင်နိုင်၍ မြေတူး စက်များ၊ ကုန်ပစ္စည်းတင် ကွန်တိန်နာနှင့် တာတိုပစ် ဒုံးကျည် တင်ယာဉ်များ တင်ဆောင်နိုင်ကြောင်း ဟွမ်းက ဆင်ဟွာကို ပြောသည်။

တရုတ်နှင့် ရုရှားနိုင်ငံတို့သည် အသစ်ထုတ်လုပ်မည့် ဟယ်လီကော်ပတာ မော်ဒယ်များအား တရုတ်နိုင်ငံတွင် ထုတ်လုပ်နိုင်ရန်နှင့် အဆိုပါ ပရောဂျက်အား နောက်တစ်ဆင့် တက်နိုင်ရန် မေလ ၈ ရက်နေ့က မူဘောင် သဘောတူညီမှု လက်မှတ် ရေးထိုးထားကြောင်း သိရသည်။

အဆိုပါ စွမ်းဆောင်ရည်မြင့် ရဟတ်ယာဉ်များအား ကယ်ဆယ်ရေး နှင့် သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ လုပ်ငန်းများနှင့် ပင်လယ် ရေကြောင်း ကိစ္စများတွင် အသုံးပြု မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)