Connect with us

Science & Technology

ချန်အယ်-၅ အာကာသ ယာဉ် လကမ္ဘာတွင် ဆင်းသက်၍ တရုတ် နိုင်ငံ အာကာသ စူးစမ်းလေ့လာမှု ၏ ပထမဆုံးအကြိမ် ဆောင်ရွက်မှု ၄ မျိုး ဆောင်ရွက်မည်

လကမ္ဘာ မျက်နှာပြင် သို့ ဆင်းသက် ခဲ့သည့် တရုတ် နိုင်ငံ ချန်အယ်-၃ အာကာသ ယာဉ် အားမြင်တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း ၊ စက်တင်ဘာ ၈ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံ ချန်အယ်-၅ အာကာသယာဉ် အား ၂၀၁၇ ခုနှစ် ဝန်းကျင် တွင် လွှတ်တင် မည်ဖြစ်ပြီး တရုတ် နိုင်ငံ အာကာသ စူးစမ်းလေ့လာမှု ၏ ပထမ ဆုံးအကြိမ် ဆောင်ရွက်မှု ၄ မျိုးအား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စက်တင်ဘာ ၈ ရက်နေ့က ပေကျင်းမြို့တွင် ကျင်းပ သည့် ဒုတိယ အကြိမ်မြောက် ပေကျင်း လကမ္ဘာ နှင့် အာကာသ စူးစမ်းလေ့လာရေး အပြည်ပြည် ဆိုင်ရာ ဖိုရမ် တွင် ပြောကြား ခဲ့သည်။

ဆွေးနွေးပွဲ တွင် တရုတ် နိုင်ငံ သိပ္ပံ နှင့် နည်းပညာ ဌာန အမျိုးသား နက္ခတ်ဗေဒလေ့လာရေး ဌာန ဒုတိယ ဌာနမှူး ၊ တရုတ် နိုင်ငံ လကမ္ဘာ စူးစမ်းလေ့လာရေး စီမံကိန်း မြေပြင်စက်ယန္တရား စနစ် အင်ဂျင်နီယာချုပ် လီချွန်လိုင် က ချန်အယ်-၄ အာကာသ ယာဉ် သည် ချန်အယ်-၃ အာကာသ ယာဉ် ၏ အရံ အာကာသ ယာဉ် အဖြစ် လကမ္ဘာ ကျောဘက် (ကမ္ဘာဂြိုဟ်ပေါ်မှ မမြင်ရသောဘက်) တွင် ဆင်းသက်၍ စူးစမ်းလေ့လာမှု များ ဆောင်ရွက်မည် ဖြစ်ပြီး ချန်အယ်-၅ အာကာသ ယာဉ် သည် စူးစမ်းတိုင်းတာရေး စက်ကိရိယာ ၄ မျိုးနှင့် အတူ လကမ္ဘာ ဂြိုဟ် ပတ်လမ်း သို့ လွှတ်တင် မည် ဖြစ်ကြောင်း ၊ ၎င်း စက်ကိရိယာ ၄ မျိုးမှာ ဂြိုဟ်ပတ်လမ်း ကိရိယာ ၊ မြှင့်တင်မှု ဆိုင်ရာ ကိရိယာ ၊ ဆင်းသက်မှု ဆိုင်ရာ ကိရိယာ ၊ ပြန်လည် ထွက်ခွာမှု ဆိုင်ရာ ကိရိယာ တို့ ဖြစ်ကြောင်းပြောသည်။ ၎င်းတို့အနက် မှ ဆင်းသက်မှု ဆိုင်ရာ ကိရိယာ နှင့် မြှင့်တင်မှု ဆိုင်ရာ ကိရိယာ သည် လကမ္ဘာ မျက်နှာပြင် မှ မြေ၊ကျောက် စသည့် နမူနာ ပုံစံများ ယူဆောင်ရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၊ ချန်အယ်-၅ အာကာသ ယာဉ် ၏ စနစ် ၃ ခု မှာလည်း အသစ်များ ဖြစ်ကြပြီး နည်းပညာ ပိုင်းဆိုင်ရာ ချဲ့ထွင် နိုင်မှု မျာစွာ ရှိကြောင်း ပြောကြားခဲ့သည်။

လီချွန်လိုင် က ချန်အယ်-၅ အာကာသ ယာဉ် အနေဖြင့် တရုတ် နိုင်ငံ အာကာသ စူးစမ်းလေ့လာရေး လုပ်ငန်း ၏ ပထမ ဆုံးအကြိမ် ဆောင်ရွက်မှု ၄ မျိုး အဖြစ် (၁) လကမ္ဘာ မျက်နှာပြင်မှ နမူနာ များ အော်တို စနစ် ဖြင့် ယူဆောင်ခြင်း ၊ (၂) ဒုံးပျံ လွှတ်တင်စင် မရှိသော အခြေအနေအောက်တွင် လကမ္ဘာ မျက်နှာပြင် မှ မြင့်တက် ပျံသန်းမှု ဆောင်ရွက် ခြင်း ၊ (၃) ကီလိုမီတာ ၄သိန်း အကွာအဝေး ရှိ လကမ္ဘာ ဂြိုဟ်ပတ်လမ်း တွင်း လူမဲ့ချိတ်ဆက်မှု ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၊ (၄) ဒုတိယ စြင်္ကာဝဠာ အမြန်နှုန်း (second cosmic velocity) ဖြင့် ကမ္ဘာမြေပြင် သို့ ပြန်လည် ထွက်ခွာ ခြင်းစသည်တို့ လုပ်ဆောင်မည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ ထို့ပြင် ချန်အယ်-၅ ၏ လွှတ်တင်စင် နှင့် ဒုံးပျံ များသည် လည်း အသစ် များ ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ သိပ္ပံ နှင့် နည်းပညာ ဌာန လကမ္ဘာ စူးစမ်းလေ့လာရေး ဌာနချုပ် ဒုတိယ ဌာနမှူး ဆုံးယုန်လောင် မှ ပြီးခဲ့သည့် ၁ နှစ်တာ ကာလအတွင်း သက်ဆိုင်ရာ ဌာန များမှ ချန်အယ်-၄ အာကာသ ယာဉ် ၏ လုပ်ငန်း တာဝန် နှင့် ပတ်သက်၍ ဆွေးနွေး အတည်ပြုမှုများ ဆောင်ရွက် ခဲ့ပြီး ချန်အယ်-၄ အာကာသ ယာဉ် ၏ လကမ္ဘာ ကျောဘက် မျက်နှာပြင် တွင် ဆင်းသက်မှု အောင်မြင်ခဲ့ပါက နိုင်ငံတကာ တွင် ပထမ ဆုံးအကြိမ် အောင်မြင်မှု ဖြစ်လာမည် ဖြစ်ကြောင်း ၊ လကမ္ဘာရှေ့မျက်နှာပြင် နှင့် ကျောဘက် မျက်နှာပြင် ရှိ လျှပ်စစ်သံလိုက် ပတ်ဝန်းကျင် သည် လွန်စွာ ကွဲပြား ခြားနားကြောင်း ၊ လကမ္ဘာ ကျောဘက် မျက်နှာ ပြင်၏ လျှပ်စစ်သံလိုက် ပတ်ဝန်းကျင် သည် လွန်စွာ သန့်စင်မှု ရှိကြောင်း ၊ ကြိမ်နှုန်းနိမ့် ရေဒီယို ပတ်ဝန်းကျင် နှင့် ပတ်သက်သော သုတေသန ဆောင်ရွက် နိုင်ရေးသည် အာကာသ သိပ္ပံပညာရှင် များ၏ အိပ်မက် တစ်ခု ဖြစ်ကြောင်း ၊ လကမ္ဘာ ကျောဘက် မျက်နှာပြင် တွင် ကြိမ်နှုန်းနိမ့် ရေဒီယို တိုင်းတာရေး ကိရိယာ ထားရှိ နိုင်ပါက နိုင်ငံ တကာ လိုအပ်ချက် အတွက် ဖြည့်ဆည်း နိုင်မှု တစ်ခု ဖြစ်လာမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဆွေးနွေးပွဲ တက်ရောက် ခဲ့သည့် ပညာရှင် များမှလည်း တရုတ် နိုင်ငံ သည် ၂၀၀၄ ခုနှစ် တွင် လကမ္ဘာ စူးစမ်းလေ့လာ ရေး စီမံကိန်း အား စတင်ဆောင်ရွက်ခဲ့ရာ ၁၁ နှစ်တာ ကာလ အတွင်း လကမ္ဘာ ဂြိုဟ်ပတ်လမ်း လည်ပတ်ခြင်း ၊ လကမ္ဘာ မျက်နှာပြင်သို့ ဆင်းသက်ခြင်း တို့အား အောင်မြင်စွာ ဆောင်ရွက် နိုင်ခဲ့ပြီး နည်းပညာ နှင့် သုတေသန လုပ်ငန်း များတွင် တိုးတက်အောင်မြင်မှု များစွာ ရရှိခဲ့ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.